ဗုဒ္ဓနေ့အကြို ဗုဒ္ဓပူဇာမင်္ဂလာနှင့် ကဆုန်ညောင်ရေသွန်းပွဲ

 

၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့က Strategy First University မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ မိသားစုဝန်ထမ်းများ မှ ကိုးထပ်ကြီးဘုရားရှိ မဟာ​ဗောဓိပင်ကို ဘုရားဂုဏ်တော်ကိုးပါး ရွတ်ပွားပူ​ဇော်ကာလက်ယာရစ် (၃) ပတ်ပူ​ဇော်ပြီး ညောင်ရေသွန်းခဲ့ကြပါတယ်။  ညောင်ရေသွန်းပြီးနောက် Strategy First University (Teaching Centre-1) မှာ ပါမောက္ခဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒမုခ (ပရိယတ္တိမဟာဌာန၊ သုတ္တန္တဌာန၊ အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) မှ ဗုဒ္ဓဘာသာ အခြေခံ ဗဟုသုတများနှင့် ဓမ္မရေးရာမေးခွန်းများကို ဆွေးနွေးဖြေကြားပေးခဲ့ပါတယ်။  ဆရာ​တော် သံဃာ​တော်များကို ဆွမ်းကပ်လှူဒါန်းကာ ​ကြွ​ရောက်လာ​တဲ့ ဧည့်သည်​တော်များ၊ ​ကျောင်းသား၊ ​ကျောင်းသူများကို ​နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသတယ်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းမှာ ဆရာတော် ဘဒ္ဒန္တရေဝတ (လက်ထောက်ကထိက၊ ပဋိပတ္တိမဟာဌာန၊ ဝိပဿနာဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) မှ လူငယ်များအတွက် အခြေခံတရားရှုမှတ်နည်း လမ်းညွှန်ကို မျှဝေကာ စုပေါင်းတရားရှုမှတ်ခဲ့ပြီး၊ ဆရာ​​တော်များကို သင်္ကန်း စ​တဲ့ လှူဖွယ်များဆပ်ကပ်လှူဒါန်းကြပါတယ်။  အဲ့ဒီနောက် ကုသိုလ်အစုစုကို ​ရေစက်သွန်းချအမျှ​ပေး​ဝေကာ ဗုဒ္ဓပူဇာမင်္ဂလာအခမ်းအနားအပြီးမှာ ဗုဒ္ဓဂါယာဘုရားဖူးကုသိုလ်အဖြစ် လာရောက်ကုသိုလ်ယူကြတဲ့ ကျောင်းသားကျောင်းသူများကိုမဲဖောက်ပေးခဲ့ရာ Business အတန်းမှ ကျောင်းသူ မစုစုမင်းမှ ဘုရားဖူးခရီးစဉ်မဲပေါက်သွားခဲ့ပါတယ်။

ကဆုန်ညောင်ရေသွန်းပွဲဖြစ်မြောက်စေဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆရာတော်များ ဆရာကြီးဆရာမကြီးများ ကျောင်းသားကျောင်းသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။