Strategy First 13 th Anniversary

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့က Strategy First  ကိုတည်ထောင်တာ (၁၃) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဆရာကြီး၊ ဆရာမကြီးများနဲ့ Strategy First မိသားစုမှ အမှတ် (9 A)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်ရှိ Strategy First  ရုံးချုပ်မှာ သံဃာတော်များပင့်ဖိတ်ပြီး ဆွမ်း၊ ခဲဖွယ်နဲ့ လှူဖွယ်၀တ္ထုအစုစုတို့ ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် မြေနီကုန်း U Wisara Campus အနီးမှာ Strategy First Student Experience Center ကိုထပ်မံဖွင့်လှစ်ခဲ့ပြီး  ဆရာတော်များမှလည်း ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ညနေဘက်မှာ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ Strategy First မိသားစုများမှ ကိတ်ခွဲခြင်း၊ အမှတ်တရဓာတ်ပုံများရိုက်ကာ ညစာအတူ စားခဲ့ကြပြီး Strategy First 13 th Anniversary ကို ကျင်းပခဲ့ကြပါတယ်။