Strategy First University နှင့် AYA Bank တို့အကြား AYA Education Loan ဝန်ဆောင်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့

 

Strategy First University မှ ကျောင်းသား၊ ကျောင်းသူများ အနာဂတ်ပညာရေးမှာ တစ်ဆင့်ပြီး တစ်ဆင့် အဆင်ပြေစွာတက်လှမ်းနိုင်ဖို့အတွက် Strategy First University နဲ့ AYA Bank တို့ပူးပေါင်းပြီး AYA Education Loan ဝန်ဆောင်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို မေလ (၈) ရက်နေ့က SFU Panchan Tower Teaching Centre မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ Strategy First University မှ Founder & President ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ Director of Business Development ဒေါ်မေသက်နှင်း နဲ့ ဌာနအသီးသီးမှ အကြီးအကဲများ၊ AYA Bank မှ Chief Business Officer ဦးနေလင်းထွဋ် ၊ Director of Consumer Banking ဦးဇာနည်လင်း နဲ့ AYA bank မှ ဌာနအကြီးအကဲများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

ဆရာ ဦးအောင်ချစ်ခင်နဲ့ AYA Bank မှ Chief Business Officer ဦးနေလင်းထွဋ်တို့မှ ဝမ်းမြောက်စွာဖြင့် အဖွင့်အမှာစကားများပြောကြားခဲ့ပြီး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲ့ဒီနောက် Strategy First University ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုအဆင်ပြေစေမည့် AYA Education Loan ဝန်ဆောင်မှုများနဲ့ ပတ်သက်တဲ့ လိုအပ်သည်များကိုဆွေးနွေးကာ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြပါတယ်။ ယခုလို Strategy First University မှ ကျောင်းသား၊ ကျောင်းသူများအတွက် AYA Education Loan ဝန်ဆောင်မှုပေးအပ်ဖို့ ပူးပေါင်းဆောင်ရွက်ပေးတဲ့ AYA Bank မှ တာဝန်ရှိသူများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။