Strategy First The Graduation Ceremony Mandalay 2025

Strategy First The Graduation Ceremony Mandalay 2025 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့🎓
……………………
Strategy First The Graduation Ceremony Mandalay 2025 အခမ်းအနားကို ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ (၈) ရက် (စနေနေ့)တွင် မန္တလေးမြို့၊ Ceremon Grand Ballroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။🏢🎓
ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်း၏ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Strategy First ၏ Founder & President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Admin) ဦးအောင်ကျော်ဌေး၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာဦးစိန်မင်း၊ Deputy Vice President ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်း၊ Faculty of Business and Management Department ၏ Dean ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ဥမ္မာမြင့်၊ ဘာသာရပ်အသီးသီးကို သင်ကြားပြသခဲ့သော ဆရာကြီး၊ ဆရာမကြီးများ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။👨‍🎓👩‍🎓
အခမ်းအနားကို Strategy First ၏ Founder & President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ Strategy First ၏ နာယက ဆရာကြီး ဆရာမကြီး များ မှ ဘွဲ့ ရကျောင်းသား၊ ကျောင်းသူများ ကို ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပါသည်✨
ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များနှင့် ဒီပလိုမာများ ပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား နှုတ်ဆက်ကျေးဇူးတင်စကားများကို BA(Hons)Business Management,The University of Wolverhampton, UK ဘွဲ့ကို First Class ဖြင့် ဖြေဆိုအောင်မြင်ခဲ့သော မငုံဖူးဇင်၊ NCC Level 4 Diploma in Computing Programme တွင် High Achiever Award (First in the World , First in the Asia Region) ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မောင်ဘုန်းပြည့်အေး တို့မှ ပြောကြားခဲ့ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ 👏
ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအတွက် Strategy First မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ✨
ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ် လုပ်ငန်းခွင်တွင်လည်း မိမိတို့သင်ကြားထားသည့် ပညာရပ်များကို လက်တွေ့နှင့်ပေါင်းစပ်ကာ ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။🎉