Work-Life Balance ဖြစ်ဖို့ဆိုရင် ...
ကျွန်မတို့ရဲ့ Professional Life နဲ့ Personal Life နှစ်ဖက်ကို ဟန်ချက်ညီအောင်လုပ်ရတာဟာ အင်မတန်စိန်ခေါ်မှုများတဲ့အရာ ဖြစ်လို့နေပါတယ်။ အလုပ်ဟာ ဘဝရဲ့တခြားသောအရာတွေထက် ခဏခဏဆိုသလို ဦးစားပေးနေရာကို ရောက်ရှိနေတတ်ပါတယ်။ လုပ်ငန်းပိုင်းမှာ အောင်မြင်ချင်တဲ့စိတ်က ကိုယ့်ရဲ့ ကိုယ်ပိုင်ကျန်းမာရေး၊ ပျော်ရွှင်မှုတွေကို ဘေးချိတ်ထားဖို့ တွန်းအားပေးနိုင်တဲ့အထိ လုပ်နိုင်စွမ်းရှိတာ သတိထားမိကြပါလိမ့်မယ်။ ဒါကြောင့် အလုပ်နဲ့ဘဝဟန်ချက်ညီဖို့ဆိုတာက ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုကို အကျိုးပြုနိုင်တဲ့အပြင် ကျွန်မတို့ရဲ့အသက်မွေးဝမ်းကြောင်းမှာ အောင်မြင်ဖို့ကိုလည်း အထောက်အကူပေးပါတယ်။
အဲ့ဒါဆို လူအများပြောပြောနေကျစကားစုဖြစ်တဲ့ အလုပ်နဲ့ဘဝဟန်ချက်ညီခြင်း (Work-Life Balance) ဆိုတာ ဘာကိုဆိုလိုတာလဲ?
တိုတိုပြောရရင် အလုပ်နဲ့ဘဝဟန်ချက်ညီခြင်းဆိုတာ လူတစ်ယောက်က အလုပ်ကတောင်းဆိုတဲ့ အရာများနဲ့ ကိုယ့် Personal Life ရဲ့ တောင်းဆိုမှုတွေကို မျှမျှတတ ဦးစားပေးပြုလုပ်တာလို့ ပြောနိုင်တယ်။ လူတော်တော်များများက အလုပ်နဲ့ဘဝဟန်ချက်ညီဖို့ ကြိုးပမ်းကြတာမှန်ပေမယ့် ကြိုးစားသလောက် အမြဲလွယ်လွယ်ကူကူရနိုင်တဲ့ အရာမဟုတ်ပါဘူး။ အလုပ်နဲ့ဘဝ ဟန်ချက်ပျက်စေတဲ့ အများစုအကြောင်းရင်းတွေကတော့ အလုပ်မှာတာဝန်တွေအရင်ထက် ပိုမိုများပြားလာခြင်း၊ အချိန်အကြာကြီး အလုပ်လုပ်ရခြင်း၊ ကိုယ့်အိမ်မှာယူရတဲ့တာဝန်တွေ များလာခြင်း၊ ကလေးရှိလာခြင်း စတာတွေဖြစ်တယ်လို့ ဖော်ပြထားတယ်။
အလုပ်နဲ့ဘဝ ဟန်ချက်ညီတယ်ဆိုတာ အလုပ်နဲ့ Personal Life အတွက် ကိုယ့်ရဲ့တစ်နေ့တာအချိန်တွေကို တိတိကျကျ အညီအမျှပိုင်းဖြတ်ပြီးလုပ်ကိုင်ဖို့ ကြိုးပမ်းခြင်းကိုဆိုလိုတာ မဟုတ်ပါဘူး။ Professional Life မှာ အလုပ်တွေပြီးမြောက်အောင်လုပ်သလို တစ်ဖက်က Personal Life မှာ ပျော်ရွှင်ဖို့ အချိန်နဲ့ခွန်အားတွေရှိဖို့ Flexible ဖြစ်စွာလုပ်ဆောင်နိုင်ခြင်းကို ဆိုလိုပါတယ်။ တခြားသော Activities တွေကို Enjoy လုပ်နိုင်ဖို့ တချို့ရက်တွေမှာ အလုပ်ချိန်ကြာကြာလုပ်လိုက်တာမျိုးလည်း ပါဝင်လို့နေတယ်။
အလုပ်နဲ့ဘဝဟန်ချက်ညီဖို့ ကြိုးပမ်းတဲ့အခါ ပိုကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲ?
(၁) လုံးဝ Perfect ဖြစ်တဲ့ Work-Life Balance ဆိုတာမျိုး မရှိဘူးဆိုတာကိုလက်ခံပါ။
Work-Life Balance ဆိုတာနဲ့ တစ်နေ့တာရဲ့အလုပ်ချိန်မှာ အရမ်း Productive ဖြစ်ပြီး အလုပ်ပြီးလို့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူအချိန်ကုန်ဆုံးတာမျိုးမှ Work-Life Balance လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါက အမြဲမဖြစ်နိုင်လို့ တကယ်လက်တွေ့ကျမယ့်ပုံစံမျိုး ဖြစ်ဖို့လိုတယ်။ တချို့ရက်တွေမှာ အလုပ်ကိုပိုအာရုံစိုက်တာမျိုးရှိသလို တချို့သောရက်တွေမှာ ကိုယ်ဝါသနာပါတာ၊ ကိုယ်ချစ်ခင်ရသူတွေနဲ့ရှိဖို့ အချိန်ပိုပေးဖြစ်တာမျိုးရှိနိုင်တယ်။ Balance ဖြစ်ဖို့ဆိုတာက တစ်နေ့တာကိုပဲ Focus ထားတာမဟုတ်ဘဲ အချိန်အတိုင်းအတာအလျောက် ကြည့်သွားခြင်းဖြစ်တယ်။
(၂) ကိုယ်တကယ်နှစ်သက်မြတ်နိုးတဲ့ အလုပ်ကိုရှာဖွေလုပ်ကိုင်ပါ။
ကိုယ်လုပ်တဲ့အလုပ်ကို ကြိုက်နှစ်သက်မှုမရှိရင် အဲ့ဒီအလုပ်ကို လုပ်ရတာမပျော်ရွှင်နိုင်ပါဘူး။ ကိုယ့်ရဲ့အလုပ်က ရှိသမျှအစိတ်အပိုင်းတိုင်း သဘောကျရတာမျိုး ဖြစ်ဖို့မလိုပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်တဲ့အလုပ်က မနက်မိုးလင်းရင် အိပ်ရာကနေ နိုးထနိုင်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အစိတ်အပိုင်းလေးတော့ ရှိသင့်ပါတယ်။ ကိုယ် အလကားနီးပါးလောက် လုပ်ပေးချင်တဲ့ စိတ်အားထက်သန်မှုမျိုးဖြစ်စေတဲ့အလုပ်ကို ရွေးချယ်လုပ်ကိုင်ပါ။
(၃) ကိုယ့်ကျန်းမာရေးကို ဦးစားပေးပါ။
ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက ကိုယ့်ရဲ့အဓိကအရေးကြီး ဦးစားပေး ဖြစ်သင့်ပါတယ်။ ကိုယ့်ကျန်းမာရေးကို ပထမဦးစားပေးတာက ပိုမိုကောင်းမွန်တဲ့ ဝန်ထမ်း၊ လူသားတစ်ယောက် ဖြစ်စေလို့နေပါတယ်။
(၄) ခရီးထွက်ပါ။
တစ်ရက်ဖြစ်ဖြစ်၊ နှစ်ပတ်ကြာခရီးဖြစ်ဖြစ် အလုပ်တွေခဏထားခဲ့ပြီး ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို အားပြန်ဖြည့်ပါ။ ဒီလိုလုပ်ခြင်းက စိတ်ဖိစီးမှုတွေကနေ ပြန်လည်ကောင်းမွန်လာနိုင်ပြီး တခြားသောအတွေးများနဲ့ အိုင်ဒီယာများကို ထွက်လာစေနိုင်တယ်။
(၅) မိမိကိုယ်ကိုယ်နဲ့ ချစ်ခင်ရသူတွေအတွက်အချိန်ပေးပါ။
အလုပ်က အရေးကြီးတာမှန်ပေမယ့် ဒါက တစ်ဘဝလုံးဆိုတာကြီးတော့ မဖြစ်သင့်ဘူး။ ဒီအလုပ် Position ကို တာဝန်မယူရခင်မှာ ကိုယ်ကလူသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုပျော်စေတဲ့ဝါသနာတွေ Activity တွေလုပ်ဆောင်ဖို့ ဦးစားပေးသင့်တယ်။ ဒါ့အပြင် အလုပ်ရှုပ်နေလို့ဆိုတဲ့ ဆင်ခြေနဲ့ ကိုယ့်ရဲ့တခြားသော သူများနဲ့ဆက်ဆံရေးကိုလျစ်လျူရှုထားတာမျိုးမဟုတ်ဘဲ ကိုယ်ချစ်ခင်ရသူတွေကို အချိန်ပေးခြင်းကလည်း Work-Life Balance ရဖို့ အရေးကြီးတဲ့အချက်ဖြစ်တယ်။
(၆) စည်းဘောင်လေးတွေသတ်မှတ်ထားပါ။
အလုပ်တွေကို ဘယ်အချိန်မှာတော့လုပ်မယ်၊ ဘယ်အချိန်မှာရပ်မယ်ဆိုတာမျိုး သတ်မှတ်ထားသင့်တယ်။ ရုံးဆင်းတဲ့အခါ ရှေ့ဆက်လုပ်ရမယ့် Project တွေအကြောင်း၊ ကုမ္ပဏီရဲ့ Email တွေ Reply ပြန်တာမျိုးတွေ ရှောင်တာမျိုးကိုဆိုလိုတယ်။ မဟုတ်ရင် ညပိုင်းနောက်ကျတဲ့ထိ၊ ပိတ်ရက်တွေမှာ၊ ခရီးထွက်နေစဥ်မှာတောင်မှ အလုပ်နဲ့ပတ်သက်တဲ့ Email တွေ Reply ပြန်ရတာမျိုးတွေ လုပ်ကိုင်နေရပါလိမ့်မယ်။
(၇) Goal လေးတွေနဲ့ ဦးစားပေးတွေထားရှိပါ။
ကိုယ်လက်လှမ်းမီနိုင်မယ့်၊ ဝန်မပိုစေမယ့်အတိုင်းအတာရှိတဲ့ Goal ကို သင့်တော်တဲ့ Time Management ပုံစံနဲ့ လုပ်ဆောင်တဲ့အပြင် ကိုယ့်ရဲ့ To-Do List ထဲက မလိုတဲ့အလုပ်လေးတွေကို ဖယ်ရှား ပစ်မယ်။ ကိုယ့်ရဲ့ Productive အဖြစ်ဆုံးအချိန်မှာ အလုပ်ရဲ့အရေးကြီးတဲ့အပိုင်းတွေ လုပ်ဆောင်တာက အလုပ်ပြီးမြောက်စေလို့ Personal Life ကိုလည်း Enjoy လုပ်နိုင်လာပါလိမ့်မယ်။ Work-Life Balance ဆိုတာ လူတိုင်းအတွက် ပုံသေကားချပ်၊ ပုံသေ Formula တစ်ခုအနေနဲ့ ရှိနေမယ့်အရာမျိုး မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်မတို့ဟာ ကိုယ်လုပ်ရတဲ့အလုပ်ရဲ့ Nature သဘောသဘာဝတွေနဲ့ ခံယူချက်တွေကွဲပြားကြလို့ Work-Life Balance ရဖို့ ကြိုးပမ်းကြတဲ့ပုံစံတွေကလည်း တူမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းလူတိုင်း ကိုယ်နဲ့ကိုက်ညီတဲ့ Work-Life Balance မျိုးရရှိဖို့ ကြိုးပမ်းနိုင်ကြဖို့ မျှော်လင့်ပါတယ်။
Businessnewsdaily.Com မှ How To Improve Your Work-Life Balance ဆောင်းပါးကို သင့်တော်သလို ကောက်နှုတ်သာသာပြန်ထားပါတယ်။
Reference
Sanfilippo, M., 2023. Business News Daily. [Online]
Available At: Https://Www.Businessnewsdaily.Com/5244-Improve-Work-Life-Balance-Today.Html
[Accessed 25 June 2024].
Daw Myint Zu Phyo
BBM (NMDC), MBA (YUE)
Latest Articles
လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းများလျှော့ချခြင်း။
4 weeks ago
အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း
1 month ago
လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်
1 month ago
ထိရောက်အောင်မြင်တဲ့ အသင်းအဖွဲ့များဖြစ်ဖို့ ရှိရမယ့် လက္ခဏာရပ်များ
1 month ago
နည်းပညာထက် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအားကို ယုံကြည်ခဲ့သူ စတိဗ်ဂျော့ဘ်စ်
1 month ago
