Carroll’s CSR Pyramid အခြေခံမူများနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးပုံစံ
Corporate Social Responsibility (CSR) ဆိုတာ ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ကြတဲ့အခါ အဓိကထည့်သွင်းစဉ်းစားစရာတစ်ခုဖြစ်လာပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် အရည်အချင်းရှိတဲ့သူတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စားသုံးသူတွေဆီက ယုံကြည်မှုကိုတည်ဆောက်ဖို့ အရေးကြီးတဲ့အသက်သွေးကြောတစ်ခုဆိုရင်လည်းမမှားပါဘူး။
CSR မော်ဒယ်တွေ အများကြီးရှိပေမယ့် Carroll’s CSR Pyramid က ဒီဘက်ခေတ်မှာနားလည်ကျင့်သုံးနိုင်ဖို့ အခြေခံအုတ်မြစ်ကို ဖန်တီးပေးထားပါတယ်။ ဒါကြောင့် CSR ကို စိတ်ဝင်စားတဲ့သူတိုင်း ဒီသီအိုရီကို သေသေချာချာ နားလည်ထားဖို့လိုအပ်ပါတယ်။
Carroll’s Pyramid of CSR ဆိုတာ ဘာလဲ?
Carroll’s Pyramid of CSR ဆိုတာ Archie B. Carroll က ၁၉၉၁ မှာ တီထွင်ခဲ့တဲ့ မော်ဒယ်တစ်ခုပါ။ အဲ့ဒီ မော်ဒယ်မှာစီးပွားရေးလုပ်ငန်းတွေက လူ့အဖွဲ့အစည်းကို ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ဖို့ ဖြည့်ဆည်းရမယ့် တာဝန်ယူမှု အဆင့် ၄ ဆင့် ကို ဖော်ပြထားပါတယ်။ ဒီအဆင့်တွေကို ပိရမစ်ပုံသဏ္ဌာန်နဲ့ စီစဉ်ထားပြီး၊ ကုမ္ပဏီတွေက မျှတအောင် ထိန်းညှိရမယ့် တာဝန်ဝတ္တရားတွေရဲ့ အဆင့်ဆင့်ကို ကိုယ်စားပြုပါတယ်။
Pyramid မှာ ပါဝင်တာတွေကတော့-
- Economic responsibilities: အမြတ်ရဖို့နဲ့ ဝင်ငွေရှာဖို့ (Profitability and revenue generation)
- Legal responsibilities: ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ (Compliance with laws and regulations)
- Ethical responsibilities: ဥပဒေက လိုအပ်တာထက် ကျော်လွန်ပြီးတောင် မှန်ကန်တာနဲ့ မျှတတာကို လုပ်ဆောင်ဖို့ (Doing what is right and fair, even beyond legal requirements)
- Philanthropic responsibilities: ပရဟိတလှူဒါန်းမှုတွေနဲ့ လူမှုအသိုင်းအဝိုင်းမှာ ပါဝင်တာတွေကနေ လူ့အဖွဲ့အစည်းကို ပြန်လည်ပေးကမ်းဖို့ (Giving back to society through charitable donations and community involvement)
Carroll's Pyramid က ကုမ္ပဏီတစ်ခုရဲ့ လူမှုရေးတာဝန်တွေဟာ အလှူနဲ့ပရဟိတလုပ်တာ သက်သက်မဟုတ်ဘူး ဆိုတာကို အလေးပေးဖော်ပြလို့ထားပါတယ်။ ပိရမစ်က စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးအမြတ်ရဖို့ လိုအပ်သလို ဥပဒေ၊ ကျင့်ဝတ်ဆိုင်ရာ နဲ့ ပရဟိတတာဝန် စံနှုန်းတွေကိုလည်း ပြည့်မီအောင် ဖြည့်ဆည်းရမယ်ဆိုတာ ကိုအတိအလင်းရှင်းပြထားပါတယ်။
CSR နဲ့ပတ်သက်လို့ နှစ်တွေကြာလာတာနဲ့အမျှ အမြင်တွေပြောင်းလဲလာပေမယ့် Carroll's Pyramid of Corporate Social Responsibility က ဒီနေ့အထိ အသက်ဝင်နေဆဲ၊ စီးပွားရေးလုပ်ငန်းတွေအတွက် သက်ဆိုင်နေမြဲဖြစ်ပါတယ်။
Carroll’s CSR Model ကို လေ့လာကြည့်မယ်ဆိုရင် Carroll ရဲ့ CSR ပိရမစ်က အလွှာလေးခုလုံးကို ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေအဖြစ် ပြသထားပေမယ့်၊ ဒီအလွှာတွေဟာ အရေးပါပုံအဆင့်မတူဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒီစနစ်က အခြေခံအားဖြင့် hierarchy (အဆင့်ဆင့် အစဉ်လိုက်) တစ်ခုပဲဖြစ်ပါတယ်။ ဒါဆိုရင် အလွှာတစ်ခုချင်းစီကို လေ့လာကြည့်ကြရအောင်-
- Economic Responsibility (စီးပွားရေးအရတာဝန်): ပိရမစ်ရဲ့ အောက်ခြေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အဓိကတာဝန်ကတော့ စီးပွားရေးအရ ရေရှည်တည်တံ့ဖို့ ပါပဲ။ ဒါက အမြတ်တွေ ဖန်တီးတာ၊ အလုပ်အကိုင်တွေ ထိန်းသိမ်းတာနဲ့ စီးပွားရေးမှာ ပံ့ပိုးတာတွေ ပါဝင်တယ်။ အမြတ်ငွေမရှိရင်၊ ပိရမစ်ရဲ့ တခြားအဆင့်တွေ ဘယ်တစ်ခုမှ ဖြည့်ဆည်းလို့ မရနိုင်ပါဘူး။
- Legal Responsibility (ဥပဒေအရတာဝန်): စီးပွားရေးအရ ရေရှည်တည်တံ့ပြီးနောက်မှာတော့ စီးပွားရေးလုပ်ငန်းတစ်ခုဟာ သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းအားလုံးကို လိုက်နာရမယ်။ ဒါက ဒုတိယ ဦးစားပေးဖြစ်ပြီး၊ ဥပဒေမူဘောင်တွေကို လိုက်နာတာက မျှတတဲ့ယှဉ်ပြိုင်မှု (fair competition) ကို သေချာစေပါတယ်၊ စားသုံးသူအခွင့်အရေးတွေကို ကာကွယ်ပေးပြီး ကျင့်ဝတ်ဆိုင်ရာအလေ့အကျင့်တွေကို ထိန်းသိမ်းထားနိုင်တယ်။
- Ethical Responsibility (ကျင့်ဝတ်ဆိုင်ရာ တာဝန်): ပိရမစ်ရဲ့ အပေါ်ဘက်ကို တက်လာရင်၊ ethical responsibilities က အပေါ်ဆုံးကနေ ဒုတိယအဆင့်မှာရှိပြီး၊ သူတို့က ကိုယ်ကျင့်တရား ဆိုင်ရာ အပြုအမူ (moral conduct) တွေပဲ။ ဆိုလိုတာက စီးပွားရေးလုပ်ငန်းတွေဟာ ဥပဒေအရ မှန်ကန် ဖို့တင်မကဘဲ၊ ကျင့်ဝတ်အရလည်း ကောင်းမွန် ရမယ်၊ မျှတမှု (fairness)၊ တရားမျှတမှု (justice)၊ နဲ့ လူ့အခွင့်အရေးကို လေးစားမှု (respect for human rights) တို့ကို မြှင့်တင်ပေးရပါမယ်။
- Philanthropic Responsibility (ပရဟိတ တာဝန်): ပိရမစ်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ philanthropic responsibilities တွေကတော့ စီးပွားရေးလုပ်ငန်းတစ်ခုက လူ့အဖွဲ့အစည်းကို ပိုကောင်းလာအောင် လုပ်ဆောင်တဲ့ ဆန္ဒအလျောက် လုပ်ဆောင်ချက်တွေ (voluntary actions) ကို ဖော်ပြတယ်။ ဒါတွေက မဖြစ်မနေ လုပ်ရတာတွေ မဟုတ်ပေမယ့် စားသုံးသူ ယုံကြည်မှုကို ရဖို့၊ ထိပ်တန်း အရည်အချင်းရှိသူတွေကို ဆွဲဆောင်ဖို့၊ နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ကျေနပ်စေဖို့အတွက် အလွန် အရေးကြီးတယ်။
Carroll Model of CSR က မတူညီတဲ့ စီးပွားရေးလုပ်ငန်းတွေက အဆင်ပြေသလို ပြောင်းလဲသုံးနိုင်လောက်အောင် လိုက်လျောညီထွေရှိလှပါတယ်။ ဒါကြောင့် သူ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို နားလည်ခြင်းက ကုမ္ပဏီတွေကို အမြတ်ရရှိခြင်း နဲ့ လူမှုအကျိုးပြု လုပ်ငန်းများ (social good) ကို မျှတအောင် ထိန်းညှိနိုင်ဖို့ ကူညီပေးတယ်။ Carroll’s Model of CSR က stakeholder တွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားတဲ့ မဟာဗျူဟာတွေ ရေးဆွဲဖို့ လက်တွေ့ကျတဲ့ ကိရိယာတစ်ခုလို အသုံးဝင်ပါတယ်။
Daw Theint Thinzar
Lecturer, Strategy First International College
B.E (Civil) West Yangon Technological University
M.Sc. (Construction Project Management),
Heriot-Watt University, Malaysia
https://www.beonhand.co.uk/insights/carrolls-csr-pyramid မှ Understanding Carroll’s CSR Pyramid and Other CSR Frameworks ဆောင်းပါးအား သင့်တော်သလိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Latest Articles
Value Stream Mapping ကို အကောင်အထည်ဖော်ခြင်း အဆင့်များ
5 days ago
စဉ်ဆက်မပြတ် သင်ယူ လေ့လာလိုစိတ်ဖြင့် ဘဝတစ်သက်တာကျွမ်းကျင်မှုတွေကိုဖန်တီးပုံဖော်ခြင်း
4 weeks ago
တက္ကသိုလ်ပညာရေးကို ပြောင်းလဲနေသော AI
1 month ago
စီမံကိန်း အောင်မြင်ဖို့ စိတ်ခံစားမှုဖြစ်တဲ့ ဉာဏ်ရည် (EI) ရဲ့ အရေးပါမှု
1 month ago
Balance Scorecard- လုပ်ငန်းအောင်မြင်မှုအတွက် လေးနက်တဲ့ရှုထောင့် (၄) ရပ်
1 month ago
