ဝင်ငွေအပိုဖန်တီးနိုင်ပြီး ထူးခြားသည့် Business စိတ်ကူး အသစ်များ
ကိုယ့်မိသားစုဝင်ငွေတိုးဖို့ပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရင်း အချိန်ရလို့ လုပ်ငန်းအသစ်လေးတွေကို စမ်းသပ်လုပ်ကိုင်လိုသူတွေအတွက်ထူးခြားပြီး အမှန်တကယ်ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
Organic Farming
ကျန်းမာရေး အသိပိုမိုမြင်မားလာတဲ့ လူဦးရေတိုးပွားလာတာနဲ့အမျှ တစ်နေတာဖြတ်သန်းရတဲ့ Life Stye ကို ပိုမို Smart ဖြစ်အောင်ဂရုပြုလာကြပါပြီ။ အစားအစာစားသုံးရမှာလည်းဗိုက်ပြည်ရင်ပြီးရော မဟုတ်ပဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာ၊နေထိုင်မှုပုံစံအတိုင်း ပြုမူနေထိုင်သူတွေအတွက် ဈေးကွက် လိုအပ်ချက်အဖြစ်ရှိနေတာက စစ်မှန်ပြီး၊ဓာတုအန္တရယ်ကင်းတဲ့ Organic Food တွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ကိုက် တဲ့ အစားအစာတွေရရှိနိုင်သလို ပိုလျှတဲ့ကုန်စည်တွေကို အလွယ်တကူ ဈေးကွက်တင်ရောင်းနိုင်တဲ့ လုပ်ငန်းက တော့ Organic Farmingဖြစ်ပါတယ်။
Smartphone and Table repairs
လူတိုင်းအလွယ်တကူဖုန်းကိုင်နိုင်တဲ့အချိန်မှာ ယခင်လိုတစ်
သီးတစ်သန့်ကြီး မျက်နှာအပ်ပြီးသုံးစွဲနေရတဲ့ ကွန်ပျူ တာတွေနဲ့ကင်းကွာလာကြပါတယ်။ တစ်ဖက်မှာလည်း သုံးစွဲရလွယ်ကူတဲ့ smartphone တွေကို ပိုမိုအလေးထား လာချိန်မှာ ယင်းဖုန်းတွေကိုအမှီပြုတဲ့ လုပ်ငန်းအသစ်လေးတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒါကတော့ Mobile Phone နဲ့ Table တွေ ပြုပြင်တဲ့လုပ်ငန်းငယ်လေးတွေဖြစ်ပြီး အလွယ်တကူလည်း ထူထောင်နိုင်ပါတယ်။
Freelancing
သင်ကမီဒီယာတို့ Design နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ ကျင်လည်နေသူဆိုရင် ဒီစကားလုံးတွေနဲ့ မစိမ်းကြပါဘူး။မိမိရဲ့တစ်ကိုယ်ရည်တက်ကျွမ်းမှုကို အသားပေးရတဲ့ ဒီဇိုင်းဆွဲရတဲ့အလုပ်တွေ၊ ဘာသာပြန်တာတွေ၊ copy writingအလုပ်တွေကလည်း တစ်နည်းတစ်ဖုံနဲ့ စီးပွားရှာနိုင်တဲ့လုပ်ငန်းငယ်လေးတွေပါ။
Blogging
Digital Marketing ခေတ်မှာ လူတိုင်းအွန်းလိုင်းနဲ့မကင်းပါဘူး။ ဒီအတိုင်းအွန်လိုင်းမှာ သူငယ်ချင်းအပေါင်းအသင်းတွေက တင်တဲ့ post တွေကို ထိုင်ပြီး like and share လုပ်နေရုံနဲ့သင့်ရဲ့အိတ်ကပ်ထဲကို ငွေတွေရောက်လာ မှာတော့ မဟုတ်ပါဘူး။ အွန်လိုင်းသုံးတာချင်းတူတူ ဒီ platform ကနေပြီးဝင်ငွေရနိုင်တဲ့ လုပ်ငန်းတစ်ခုကတော့ ကိုယ်စိတ်ဝင်စားကျွမ်းကျင်တဲ့နယ်ပယ် အကြောင်းအရာတစ်ခုနဲ့သက်ဆိုင်
တဲ့ Blog တစ်ခုဖန်တီးပြီး user တိုးအောင်လုပ်မယ်ဆိုရင်ဝင်ငွေတိုးလာနိုင်ပါတယ်။
Selling Items on Ebay
Ebay လို Online Marketplace မှာ ကုန်ပစ္စည်လေးတွေတင်ရောင်းရင်းနဲ့လည်း ဝင်ငွေတိုးနိုင်တဲ့ အခွင့်အလမ်းတစ်ခုပါ။ ကိုယ့်နိုင်ငံမှာဆိုရင်လည်း online shop ထောင်တာပဲဖြစ်ဖြစ် Shop.com နဲ့ အခြားသော online platformလေးတွေမှာ လူစိတ်ဝင်စားတဲ့ပစည်းလေးတွေတင်ပြီးအပိုရှာတဲ့အလုပ်ကလည်း သင့်ကိုအပိုဝင်ငွေ တစ်ခုဖြစ်ပေါ်စေနိုင်ပါတယ်။
Pet care store
တစ်နေတာလှုပ်ရှားရုန်းကန်နေရတဲ့ ဘဝအမောတွေပြေပျောက်ဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ကပဲသံယောဇဉ်ကြီးတတ်တဲ့ လူသားတစ်ဦးအနေဖြင့်ပဲဖြစ်ဖြစ် အချစ်တော်အိမ်မွေးတိရိစ္ဆာန်လေးတွေကို မွေးမြူကြသူတွေ ဒီနောက်ပိုင်း တိုးပွာလာနေပြီး ယင်းတို့ကိုအမှီပြုတဲ့ ဆေးကုခန်းတွေ၊ အသုံးအဆောင်ပစ္စည်းရောင်းချတဲ့လုပ်ငန်းငယ်လေး တွေပေါ်လာပါပြီ။ ထို့အတူအဆိုပါ puppyလေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ Business လေးကလည်း ကိုယ့်ကိုအတိုင်းအတာတစ်ခုအထိ ဝင်ငွေတိုးနိုင်ပါတယ်။ ဒီလုပ်ငန်းက puppyလေးတွေကိုချစ်ပြီး အနစ်နာခံနိုင်မှပဲ အောင်မြင်ဖို့များပါတယ်။
Consulting
ကိုယ်ကျင်လည်ရတဲ့ လုပ်ငန်းနယ်ပယ်နဲ့ Professional မှာထိုက်သင့်တဲ့အတွေ့အကြုံနဲ့ ပညာတွေကို အသုံးပြု ပြီး ဆက်စပ်တဲ့လုပ်ငန်းတွေ၊ လုပ်ငန်းအသစ်လေးတွေကို အခကြေးငွေတစ်မျိုးနဲ့အချိန်ပိုင်းပဲဖြစ်ဖြစ် အချိန်ပြည့်ပဲဖြစ်ဖြစ် တာဝန်ယူအကြံဉာဏ်ပေးတာကလည်း သင့်အတွက်အလွယ်တကူ ဝင်ငွေတိုးနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်ပါတယ်။ ငွေကြေးအကြံဉာဏ်ပေးတဲ့ လုပ်ငန်းပဲဖြစ်ဖြစ် လုပ်ငန်းတိုးတက်ရေးအကြံဉာဏ်ပြုတာပဲဖြစ်ဖြစ် ဥပဒေအကြံပေးလုပ်ငန်းပဲဖြစ်ဖြစ် သင့်အတွက်လွယ်ကူနိုင်ပါတယ်။
Online and Information Marketing
Online အခြေပြုပြီး မိမိလုပ်ငန်းကိုပဲဖြစ်ဖြစ် အခြားတစ်ပါးသူရဲ့ စီးပွားရေးလုပ်ငန်းကို ထိုက်သင့်တဲ့ အခငွေကြေးတစ်စုံတစ်ရာဖြင့် အရောင်းမြင့်တင်ပေးတာ၊ ကြောငြာပေးတာ၊ ထိုက်သင့်တဲ့ လမ်းညွှန်မှုအကြံဉာဏ်လေးတွေပေးတာ၊ customer တိုးပွါးအောင်၊ social campaign လေးတွေ ပြုလုပ်ပေးတာ၊ weight loss tips၊ business grow ဖြစ်အောင်ဆောင်ရွက် နိုင်မဲ့နည်းလမ်းနဲ့ marketing information လေးတွေပေးတဲ့ လုပ်ငန်းလေးတွေက လည်း ဒီဘက်ခေတ်မှာ ဝင်ငွေ တိုးနိုင်တဲ့ အခွင့်အလမ်းတွေပါ။ အွန်လိုင်းမားကတ်တင်းဝန်ဆောင်မှုလုပ်ငန်းက လည်း ကိုယ်တိုင်လည်းလုပ်နိုင်
သလို စိတ်တူကိုယ်တူ သူငယ်ချင်းတွေစုပြီး အဖွဲ့အလိုက်ဆောင်ရွက်နိုင်တဲ့ လုပ် ငန်းမျိုးပါ။
https://www.profitableventure.com/black-men/
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
