Why we are learning!
ကျွန်မတို့ ဘာကြောင့် လေ့လာသင်ယူမှုတွေ လုပ်နေကြသလဲဆိုရင် Knowledge sharing လုပ်ဖို့ပါ။ တစ်နည်း အားဖြင့် Knowledge တွေကို ရှာဖွေစုဆောင်းဖို့ရယ် Sharing ပြန်လုပ်ဖို့ရယ် အတွက်ပါ။ Knowledge ကို ရှာဖွေ စုဆောင်းရာမှာ၊ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဖြစ်နိုင်သလောက် စာများများဖတ်ပြီး၊ ကိုယ့်ရဲ့ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ဆုံးဖြတ်လုပ်ဆောင်တတ်ဖို့၊ ဆောင်ရန်၊ ရှောင်ရန်တွေကို သေသေချာချာ လိုက်နာကျင့်သုံး နိုင်ဖို့၊ လူလိုသူလို နားလည်လုပ်ဆောင်ဖို့၊ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ လိုက်နာကြဖို့၊ မိမိကြောင့် အများနဲ့ လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို
မလုပ်မိကြစေဖို့အတွက်ဖြစ်ပါတယ်။
အဖွဲ့အစည်းအနေနဲ့ဆိုရင်တော့၊ အဖွဲ့ဝင်တစ်ဦးအနေနဲ့ မိမိရဲ့အဖွဲ့အစည်းတိုးတက်စေဖို့အတွက် တာဝန်ယူစိတ် အပြည့်နဲ့ လေ့လာသင်ယူရပါတယ်။ ကိုယ်တိုင်လေ့လာသိရှိသွားတဲ့ Knowledge တွေကို ကိုယ်ဆီမှာပဲ ရှိနေသေးတဲ့၊ ကိုယ်ပဲသိတဲ့ Tacit Knowledge (TK) လို့ ခေါ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာရှိနေတဲ့ ဒီ TK တွေကို Sharing လုပ်ကြမယ်ဆိုရင် အများကလည်း သိသွားကြတာဆိုတော့ Explicit Knowledge (EK) ဖြစ်သွားပါတယ်။ ဒီ EK တွေကနေပြီးတော့ ဆင့်ပွားပြီး၊ ဖောက်ထွက်ပြီး ထပ်စဉ်းစားလိုက်တော့ ကိုယ့်အတွက် TK အသစ်တွေ တစ်ခါထပ်ဖြစ်သွားပြန်ဖြစ်သွားပါတယ်။ (Ref: Professor Nonaka’s Knowledge Management; SECI Model)။ “အများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်” ပါပဲ။ ပြန်ပြီး Sharing မလုပ်ရင်တော့ ကိုယ့်ရဲ့ TK တွေဟာ တိုးတက်မှုနှုန်း အလွန်နှေးနေပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်တစ်ယောက်ထဲဆိုတော့ Knowledge ရှာဖို့နဲ့၊ Learning လုပ်ရတာ Motivation မရှိတာလည်း ဖြစ်သွားနိုင်ပါတယ်။ သိထားတာတွေကို ပြန်လည်မျှဝေမှု မပြုတာဟာ၊ ကိုယ့်ကိုယ်ကိုယ် ပိတ်ဆို့ထားသလိုပါပဲ။ Sharing လုပ်မှသာ ပုံမှန် Circulation ကောင်းနေပြီး၊ အသစ်တွေ ထပ်ထည့်လို့ရမှာပါ။
Knowledge Sharing လုပ်တာဟာ အင်မတန်အကျိုးများတဲ့လုပ်ဆောင်ချက်ပါ။
၁။ သူများကိုမျှဝေရင်းနဲ့ ကိုယ်လည်း ပိုပြီးသိလာပါတယ်။
၂။ သူများကိုမျှဝေတာဟာ မျှဝေပေးသူအတွက် လူမှုဆက်ဆံရေး အရည်အချင်းကို တိုးတက်စေပါတယ်။ Sharing is caring ပါနော်။
၃။ မျှဝေခြင်းဟာ ကိုယ်သိထားတာကို ပြန်လည်ဖြန့်ဖြူးတာဖြစ်တဲ့အတွက် Practice လုပ်နေသလိုဖြစ်ပြီး မိမိရဲ့ knowledge ကနေပြီး Skill အဖြစ် ရောက်ရှိလာတာဖြစ်လို့လည်း ပိုပြီးကျွမ်းကျင်တတ်မြောက်လာပါတယ်။
၄။ သူများကိုမျှဝေပေးနိုင်ဖို့ ကိုယ်ကလည်း Learning လုပ်နေရတာမို့ ကိုယ်လည်းပိုပြီး Knowledge တွေ ရှိလာပါတယ်။
၅။ သူများကို သိစေချင်တတ်စေချင်တဲ့ စိတ်စေတနာကောင်းတွေရှိလာလို့ အမြဲတမ်း စိတ်ကြည်လင်နေတတ်ပါတယ်။
SHARING is CARING!
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
