US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
Starbucks သည် အမေရိကန်ရှိ ရောင်းအားမကောင်းသော ကော်ဖီဆိုင်များကို ပိတ်သိမ်းလိုက်ကာ အလုပ်သမား ၉၀၀ကျော်ကိုလည်း ဖြုတ်လိုက်ရပါတယ်။ ဆက်လက်ပြီး ကုန်ကျစရိတ်များ လျှော့ချနိုင်ဖို့ရန်အတွက် UK ရှိကော်ဖီဆိုင်အချို့ကိုလည်း ပိတ်သိမ်းမည်ဟု ပြောကြားထားတာကိုတွေ့ရပါတယ်။ ပိတ်သိမ်းရန်လုပ်ဆောင်ထားသည့် ကော်ဖီဆိုင်အများစုမှာ မြောက်အမေရိကတွင်ရှိနေပြီး ပြုပြင်မွမ်းမံမှုများကို
အမြန်ဆုံးလုပ်ဆောင်ကာ ရောင်းအားပြန်လည်တိုးတက်လာစေရမည်ဟု ၎င်းတို့ရဲ့အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလတွင် ကော်ဖီဆိုင်ခွဲမှ အလုပ်သမားပေါင်း ၁၁၀၀ ကို ဖယ်ရှားခဲ့ပြီး ၎င်းတို့ရဲ့ ရောင်းအားကို တိုးတက်လာစေဖို့ရန်အတွက် US ရှိကော်ဖီဆိုင်များတွင် menu ကို ရိုးရှင်းအောင် ပြုလုပ်ထားကြောင်း ဖေဖော်ဝါရီလတွင် ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ Starbucks ကုမ္ပဏီသည် UK နိုင်ငံမှာ ကော်ဖီဆိုင်အသစ် ၈၀ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းက ကော်ဖီစျေးကွက်ရဲ့ လမ်းကြောင်းမှန်ပေါ်တွင်ရောက်နေသော်လည်း ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Brian Niccol က "ဒါက မိတ်ဖက်တွေနဲ့ ဖောက်သည်တွေကို သက်ရောက်မှုရှိစေမယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားတဲ့ ပိုမိုသိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။
EMEA (ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက) လုပ်ငန်းများသည် UK မှာ ကော်ဖီဆိုင်အသစ် ၈၀ ဆိုင်နှင့် EMEA တွင် ယခုနှစ်ဘဏ္ဍာရေးအရ ၁၅၀ ဆိုင်ဖွင့်လှစ်ရန်လုပ်ဆောင်ထားသော ကတိကဝတ်များကို ပြည့်မီရန် လမ်းကြောင်းမှန်ပေါ်ရောက်နေသော်လည်း UK၊ Switzerland နှင့် Austria ရှိ အချို့သော ကော်ဖီဆိုင်များကို ပြန်လည်သုံးသပ်ပြီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း Starbucks မှ ပြောကြားခဲ့ပါတယ်။ ပိတ်သိမ်းရန်စီစဉ်ထားသော ကော်ဖီဆိုင်များသည် "ကျွန်ုပ်တို့ရဲ့ဖောက်သည်များနှင့် လုပ်ဖော်ကိုင်ဖက်များ မျှော်လင့်ထားသည့် ပကတိပတ်ဝန်းကျင်များကို မဖန်တီးပေးနိုင်ခြင်း သို့မဟုတ် ငွေကြေးစွမ်းဆောင်နိုင်မှုလမ်းကြောင်းများကို လုပ်ဆောင်နိုင်ခြင်းမရှိဘူး" ဟု ဝန်ထမ်းများထံမှ ရေးသားထားသော စာတစ်စောင်တွင် တွေ့ရပါသည်ဟု Mr Niccol က ပြောကြားခဲ့ပါတယ်။ Starbucks က အမေရိကန်ရှိ အလုပ်အကိုင်များကို ဖြတ်တောက်လိုက်ခြင်းသည် ဝန်ထမ်းများကို ရာထူးမှလျှော့ချလိုက်ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။ ဇူလိုင်လတွင်၊ US ရှိကော်ဖီဆိုင်ခွဲများသည် တစ်နှစ်ကျော်ကြာဖွင့်ထားသော်လည်း နောက်ဆုံးခြောက်လဆက်တိုက် ရောင်းအားကျဆင်းသွားကြောင်း အစီရင်ခံစာမှတဆင့် သိရှိရပါတယ်။ Starbucks ရဲ့အကြီးမားဆုံးနှင့် အရေးအကြီးဆုံးဈေးကွက်ဖြစ်သည့် ကုမ္ပဏီ၏ ရှယ်ယာများသည် ယခုနှစ်တွင် ၈ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားခဲ့ပါတယ်။
Mr Niccol သည် Chipotle Mexican Grill ရဲ့ ဦးဆောင်မှုဖြင့် ခြောက်နှစ်ကြာ ရပ်တည်ခဲ့သော Starbucks ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ယမန်နှစ်တွင် ပါဝင်ခဲ့ပြီး ၎င်းရဲ့ရာထူးသက်တမ်းအတွင်း burrito ဆိုင်ခွဲများသည် ရောင်းအား နှစ်ဆနီးပါး တိုးလာခဲ့သည်။
ကော်ဖီဆိုင်ပိတ်သိမ်းခြင်းနှင့် အလုပ်ထုတ်ခြင်းများသည် Mr Niccol တာ၀န်ယူသည့် ပထမနှစ်အတွင်း ကုမ္ပဏီရဲ့မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါဆိုင်ခွဲများမှ ကျေနပ်မှုမရှိသောဖောက်သည်များကို ပြန်လည်ဆွဲဆောင်ရန် ကြိုးစားနေသောကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့ ကြိုးပမ်းမှုများတွင် ထိုင်ခုံနေရာများအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်းနှင့် ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့်နေရာများကို ပြန်လည်ပြင်ဆင်ရန်ဖြစ်ပါတယ်။
TD Cowen မှ လေ့လာသုံးသပ်သူများသည် Starbucks သည် ၎င်းတို့ရဲ့လုပ်ငန်းကို မြှင့်တင်ရန်အပြင်းအထန် လုပ်ဆောင်နေသော်လည်း ၎င်းတို့ရဲ့ US နိုင်ငံမှ ကော်ဖီရောင်း၀ယ်မှုများသည် ပြိုင်ဆိုင်မှု မြင့်တက်လာကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။ ၎င်းတို့သည် ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက Supply Chain များ ယိုယွင်းမှုများရှိလာသည်ဟု ထောက်ပြခဲ့ပါတယ်။ US ရှိStarbucks ကော်ဖီဆိုင်များတွင် Company နှင့် Baristas များအကြား သဟာဇတမဖြစ်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ Service Employees International Union ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Workers United သည် Starbucks ကုမ္ပဏီပိုင် US ရှိ ဆိုင်ပေါင်း ၆၀၀ ကျော်မှ အလုပ်သမားများကို ကိုယ်စားပြုသည်ဟု ပြောကြားထားပြီး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေတာကိုလည်းတွေ့ရပါတယ်။ အလုပ်သမားသမဂ္ဂအဖွဲ့သည် ကော်ဖီဆိုင်များတွင် ဝန်ထမ်းနည်းပါးမှုနှင့် Baristas များ လွှမ်းခြုံထားသည့် အခြားကိစ္စရပ်များနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကြာသပတေးနေ့တွင် ကုမ္ပဏီရဲ့ ပြန်လည်ပြုပြင်ထားသော ဖွဲ့စည်းပုံဆိုင်ရာ ကြေညာချက်များကို တုံ့ပြန်သည့်အနေဖြင့် Workers United က Brian Niccol ရဲ့ ဦးဆောင်မှုအောက်တွင် Starbucks သည် နောက်ပြန်ဆုတ်သွားသည့် လက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ဖန်၊ ကျွန်ုပ်တို့သည် barista ထည့်သွင်းမှု လုံးဝမရှိဘဲ မူဝါဒအသစ်များနှင့် အဓိကဆုံးဖြတ်ချက်များကို တွေ့ကြုံနေရဆဲဖြစ်သည်” ဟု အလုပ်သမားသမဂ္ဂမှ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး ၎င်းတို့သည် စီစဉ်ထားသောကော်ဖီဆိုင်ပိတ်သိမ်းမှုများနှင့်ပတ်သက်၍ Starbucks သို့ တရားဝင်သတင်းအချက်အလတ်တောင်းဆိုမှုတစ်ခုကို ပေးပို့ထားကြောင်း ထည့်သွင်းပြောကြားခဲ့တာကိုတွေ့ရပါတယ်။
Faarea Masud and Danielle Kaye ရဲ့ Starbucks to close some US and UK stores ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာပြန်ဆိုထားပါသည်။
Source: https://www.bbc.com/news/articles/cr4qdg2x4r4o
U Ah Zer Zar Sar
Lecturer, Strategy First Int’t College
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
3 weeks ago
