Undergraduate Programmes ကျောင်းသား၊ ကျောင်းသူများ၏ Genius Coffee စက်ရုံ လေ့လာရေးခရီးစဥ်
Strategy First University တွင် UK အသိအမှတ်ပြု ဘွဲ့များရရှိနိုင်ရန် ချိတ်ဆက်ဖွင့်လှစ်ထားသည့် BA (Hons) Business and Management Pathway Through HND နှင့် BSc (Hons) Information Technology for Business Pathway Through NCC program များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့တင်မက လက်တွေ့ပါ တိုးတက်လာစေရန် "How to develop a business plan" ခေါင်းစဉ်ဖြင့် Strategy First University ၏ President ဖြစ်သူ ဆရာဦးအောင်ချစ်ခင် မှ 4.10.2022. 5.10.2022 နှင့် 6.10.2022 ထိ လက်တွေ့ သင်တန်းကို မြေနီကုန်းပြည်လမ်းကျောင်း၌ ပြုလုပ်ခဲ့ပါသည်။
''How to develop a business plan" workshop ကို တက်ရောက်သောကျောင်းသားကျောင်းသူများကို လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများ သိရှိလေ့လာနိုင်ရန် Genius ကော်ဖီစက်ရုံသို့ အောက်တိုဘာ ၁၄ ရက်နေ့ နှင့် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် သွားရောက်လေ့လာခဲ့ကြပါသည်။ Genius ကော်ဖီစက်ရုံမှ တာဝန်ရှိသူများမှ Genius Coffee ဖြစ်ပေါ်လာပုံ၊ လုပ်ငန်းလည်ပတ်ပုံနှင့် Product တွေအကြောင်းများကို ကျောင်းသားကျောင်းသူများကို အသေးစိတ်ရှင်းပြပေးခဲ့ပါသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများအား စက်ရုံအတွင်း ကော်ဖီ ထုတ်လုပ်ပုံ အဆင့်ဆင့်ကိုလည်း လိုက်လံ ပြသခဲ့ပါသည်။
ယခုလို ကျောင်းသားကျောင်းသူများကို လာရောက် လေ့လာခွင့်ပေးသည့် Genius ကော်ဖီစက်ရုံမှ တာဝန်ရှိသူများကို Strategy First University မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
Latest Articles
တက္ကသိုလ်ပညာရေးကို ပြောင်းလဲနေသော AI
4 days ago
စီမံကိန်း အောင်မြင်ဖို့ စိတ်ခံစားမှုဖြစ်တဲ့ ဉာဏ်ရည် (EI) ရဲ့ အရေးပါမှု
5 days ago
Balance Scorecard- လုပ်ငန်းအောင်မြင်မှုအတွက် လေးနက်တဲ့ရှုထောင့် (၄) ရပ်
1 week ago
လုပ်ငန်းခွင်တွင် ဝန်ထမ်းများ စိတ်အားထက်သန်မှု၏ အရေးပါပုံ
1 week ago
Mumbai Dabbawala
1 week ago
