သုတေသနစာတမ်းများ ရေးသားခြင်းအတွက် သီးသန့်ဝဘ်ဆိုဒ်များ
ဒီဆောင်းပါးမှာတော့ Research Project ရေးသားမယ့်သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တွေ အကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ယခင်နှစ်များစွာတုန်းက သုတေသနစာတမ်းရေးခြင်းဟာ လူအများစုအတွက် ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ခဲ့ပေမယ့် ယနေ့ ဒစ်ဂျစ်တယ်ခေတ်မှာတော့ ဒီအခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် အွန်လိုင်းအရင်းအမြစ် များစွာရှိနေပြီ ဖြစ်ပါတယ်။ အထူးပြုပညာရပ်ဆိုင်ရာ ဝဘ်ဆိုဒ်များမှတစ်ဆင့် ပညာရပ်ဆိုင်ရာသုတေသနအတွက် လိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ သုတေသနစာတမ်းတွေကို ဖန်တီးဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တွေက ဘာတွေများဖြစ်မလဲဆိုတာကို လေ့လာကြည့်ကြပါစို့။
၁။ Google Scholar (scholar.google.com):
Google Scholar ဟာ အသုံးပြုသူတွေအတွက် ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ၊ စာအုပ်တွေ၊ ကွန်ဖရင့် စာတမ်းတွေရှာဖွေဖို့ အစွမ်းထက်တဲ့ ပညာရပ်ဆိုင်ရာ ရှာဖွေရေးအင်ဂျင်တစ်ခု ဖြစ်ပါတယ်။ ရှာဖွေရတာ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ အင်တာဖေ့စ် (interface) ကို ပံ့ပိုးပေးတဲ့အပြင် သုတေသနစာတမ်းတွေရဲ့ အကျိုးသက်ရောက်မှုကို အကဲဖြတ်ဖို့ ကိုးကားချက် (Citation Metrics) များကိုလည်း ဖော်ပြပေးပါတယ်။
၂။ JSTOR (www.jstor.org):
JSTOR ကတော့ ပညာရေးဆိုင်ရာ ဂျာနယ်များ၊ စာအုပ်အများအပြားကို ဝင်ရောက်ကြည့်ရှုခွင့်ပေးတဲ့ ဒစ်ဂျစ်တယ် စာကြည့်တိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ JSTOR ဟာ နယ်ပယ်အသီးသီးမှ အကြောင်းအရာများစွာကို စုဆောင်း သိမ်းဆည်းထားပြီး နက်ရှိုင်းတဲ့ သုတေသနအတွက် အလွန်ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။
၃။ PubMed (pubmed.ncbi.nlm.nih.gov):
PubMed ဟာ ဇီဝဆေးပညာနဲ့ ဘဝသိပ္ပံဂျာနယ်များမှ ဆောင်းပါးပေါင်း သန်းပေါင်းများစွာပါဝင်တဲ့ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနစာတမ်းများအတွက် ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တိကျတဲ့သုတေသနမေးခွန်းတွေနဲ့ လက်တွေ့လေ့လာမှုတွေကိုပါ ဝင်ရောက်လေ့လာနိုင်တဲ့အတွက် များစွာအထောက်အကူ ပြုနိုင်ပါတယ်။
၄။ IEEE Xplore (ieeexplore.ieee.org):
အင်ဂျင်နီယာ၊ နည်းပညာနဲ့ ကွန်ပျူတာသိပ္ပံမှ ကျောင်းသားတွေအတွက် IEEE Xplore ဟာ သုတေသန စာတမ်းတွေ၊ ကွန်ဖရင့်စာတမ်းတွေ၊ စံချိန်စံညွှန်းများနဲ့ ပြည့်စုံတဲ့ဒေတာဘေ့စ် (Database) ကို ထောက်ပံ့ပေးထားပါတယ်။ STEM (Science, technology, engineering, and mathematics) ဘာသာရပ်အတွက် အထူးတန်ဖိုးရှိပါတယ်။
၅။ Academia.edu (www.academia.edu):
Academia.edu ကတော့ ပညာရှင်များနဲ့ သုတေသီများအတွက် မိမိတို့ရဲ့ သုတေသနစာတမ်းတွေကို မျှဝေဖို့ အတွက်ဖြစ်ပြီး Academia ဟာ လတ်တလောပြုလုပ်ထားတဲ့ Up to date စာတမ်းတွေကို ရှာဖွေဖို့အတွက် အဖိုးတန် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ Academia မှတစ်ဆင့် သုတေသီများရဲ့ Research တွေကို လေ့လာနိုင်တဲ့အပြင် ကိုယ့်ရဲ့ သုတေသနများကိုလည်း update လုပ်ကာ မိမိနဲ့စိတ်တူကိုယ်တူ ပညာရှင်များရဲ့ အသိုက်အဝန်းကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။
၆။ ResearchGate (www.researchgate.net):
ResearchGate ဟာ သုတေသနစာတမ်းများ၊ ကွန်ဖရင့်လုပ်ငန်းစဉ်များနဲ့ မူပိုင်ခွင့်များကို ကျယ်ပြန့်စွာ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ တခြားသောပညာရပ်ဆိုင်ရာ လူမှုကွန်ရက်ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ သုတေသီများဟာ social network ကနေ တခြားသူများနဲ့ ချိတ်ဆက်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်အလုပ်များကို မျှဝေနိုင်ပြီး ပညာရပ်ဆိုင်ရာ ဆွေးနွေးမှု တွေမှာ ပါဝင်နိုင်ပါတယ်။
၇။ ERIC (eric.ed.gov):
Education Resources Information Center (ERIC) ဟာ ပညာရေးနဲ့ပတ်သက်တဲ့ သုတေသနတွေအတွက် ဂျာနယ်များ၊ အစီရင်ခံစာများနဲ့ ကွန်ဖရင့်စာတမ်းများကို လေ့လာနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ပညာရေးကဏ္ဍရှိ ပညာတတ်များနဲ့ ကျောင်းသားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
၈။ SSRN (www.ssrn.com):
လူမှုသိပ္ပံသုတေသနကွန်ရက် (SSRN) ဟာ လူမှုရေးသိပ္ပံနယ်ပယ်များမှာ အလုပ်လုပ်ကိုင်နေတဲ့ သုတေသီများရဲ့ စာတမ်းများနဲ့ ကြိုတင်ပုံနှိပ်မှုများရဲ့ သိုလှောင်ရာနေရာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ သုတေသနနဲ့ ဆွေးနွေးချက်စာတမ်းများကို ရှာဖွေနေသူများအတွက် အဖိုးတန် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။
၉။ Project MUSE (muse.jhu.edu):
Project MUSE ဟာ စာအုပ်များနဲ့ ဂျာနယ်များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးတဲ့ Digital Humanities & Social Sciences Database တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် Project MUSE ဟာ interdisciplinary research နဲ့ humanities ဘာသာရပ်များအတွက် အထူးအသုံးဝင်ပါတယ်။ ITခေတ်မှာ အထူးပြုပညာရပ်ဆိုင်ရာ ဝဘ်ဆိုဒ်များကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်းဟာ သုတေသနစာတမ်းများ ရေးသားခြင်းကို ပိုမိုစီမံခန့်ခွဲနိုင်ပြီး များစွာထိရောက်မှုရှိပါတယ်။ ဒီဝဘ်ဆိုဒ်တွေဟာ ပညာတော်သင်ဆောင်းပါးများ၊ ဂျာနယ်များ၊ ကျမ်းစာအုပ်များစတဲ့ အရင်းအမြစ်များစွာကို ပေးဆောင်ထားပါတယ်။ ဖော်ပြခဲ့တဲ့ ဝဘ်ဆိုဒ်တွေကို အသုံးပြုခြင်းဖြင့် သင့်ရဲ့သုတေသနစွမ်းရည်ကို မြှင့်တင်နိုင်ပြီး သုတေသနစာတမ်းများရေးသားခြင်းလုပ်ငန်းစဉ်ကိုပါ ချောမွေ့စေနိုင်မှာပဲ ဖြစ်ပါတယ်။ သင်ဟာ ကျောင်းသား၊ သုတေသီ ဒါမှမဟုတ် ပညာရှင်ဖြစ်ပါစေ၊ ဒီဝဘ်ဆိုဒ်တွေဟာ သင့်ပညာရေးခရီးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ ဖြစ်ပါတယ်။
BestColleges Website ရဲ့ ဆောင်းပါးရှင် Dr.Geneviene Carlton ရေးသားတဲ့ 10 Best Online Websites and Resources for Academic Research ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားပါတယ်။
Daw Thwe Thwe Aye
B. Com (Hons), M. Com (MEUE)
Latest Articles
လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းများလျှော့ချခြင်း။
3 weeks ago
အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း
3 weeks ago
လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်
3 weeks ago
ထိရောက်အောင်မြင်တဲ့ အသင်းအဖွဲ့များဖြစ်ဖို့ ရှိရမယ့် လက္ခဏာရပ်များ
4 weeks ago
နည်းပညာထက် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအားကို ယုံကြည်ခဲ့သူ စတိဗ်ဂျော့ဘ်စ်
4 weeks ago
