သိပ္ပံသုတေသနစာတမ်းရေးသားခြင်းအတွက် ChatGPT ကို ဘယ်လိုအသုံးပြုမလဲ ?
သိပ္ပံနည်းကျ သုတေသနစာတမ်းတစ်ခုရေးခြင်းဟာ ဘာသာရပ်ဆိုင်ရာ အသိပညာသာမက ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှု၊ ပြဿနာဖြေရှင်းမှု၊ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ဒေတာအဓိပ္ပာယ်ပြန်ဆိုခြင်း စတဲ့ ကျွမ်းကျင်မှုများလည်း လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုများ၊ ဗဟုသုတများဖြင့် ChatGPT ကို အသုံးပြုဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာ သိပ္ပံနည်းကျသုတေသနစာတမ်းရေးသားခြင်းအတွက် ChatGPT ကိုအသုံးပြုဖို့ အရေးကြီးတဲ့ အဆင့် (၉) ဆင့်ကို ဆွေးနွေးပါမယ်။
၁။ သုတေသနစာတမ်းကို ပြုစုပါ။
ChatGPT ကို အသုံးမပြုမီ သိပ္ပံနည်းကျသုတေသနစာတမ်းအတွက် လိုအပ်တဲ့ သုတေသန စာတမ်းအားလုံးကို စုဆောင်းပါ။ အဲ့ဒီအရာတွေကတော့ ဆောင်းပါးများ၊ စာအုပ်များ၊ ဂျာနယ်များနဲ့ သုတေသနမှာ အသုံးပြုဖို့ စီစဉ်ထားတဲ့ တခြားအရင်းအမြစ်တွေပဲဖြစ်ပါတယ်။
၂။ ChatGPT နဲ့ Brainstorming Session
ChatGPT မှာ သုတေသနခေါင်းစဉ်ရဲ့ မတူညီတဲ့ပုံစံကွဲများကို အသုံးပြုခြင်းဖြင့် သုတေသနခေါင်းစဉ်ကို Brainstorming ပြုလုပ်ကာ လိုက်လျောညီထွေမှုရှိတဲ့ နောက်ဆုံးတစ်ခုကို ရွေးချယ်နိုင်ပါတယ်။
၃။ သုတေသနမေးခွန်းကို သတ်မှတ်ပါ။
နောက်တစ်ဆင့်အနေနဲ့ သုတေသနစာတမ်းမှာ ရေးသားဖော်ပြမယ့် သုတေသနမေးခွန်း ဒါမှမဟုတ် သုတေသနယူဆချက်ကို ဖော်ထုတ်နိုင်ပါမယ်။
၄။ စာပေသုံးသပ်ချက်တစ်ခု လုပ်ဆောင်ပါ။
သုတေသနခေါင်းစဉ်နဲ့သက်ဆိုင်တဲ့ သိပ္ပံဆိုင်ရာစာပေတွေကို ရှာဖွေဖို့အတွက် ChatGPT ကို အသုံးပြုပါ။ သုတေသနမေးခွန်းများ၊ သုတေသနယူဆချက်နဲ့ သက်ဆိုင်တဲ့ စာပေတွေကို အဓိကသတ်မှတ်ထည့်သွင်းပြီး ဖော်ပြပါ။
၅။ အရေးကြီးတဲ့ သုတေသနဆောင်းပါးများကို အကျဉ်းချုပ်ဖော်ပြပါ။
ChatGPT အသုံးပြုပြီး အကျဉ်းချုပ်ထားတဲ့ သုတေသနဆောင်းပါးများကို ရယူပါ။
၆။ စာပေမှာ ကွာဟချက်
ရှိပြီးတဲ့ရှာဖွေတွေ့ရှိချက်များနဲ့ သုတေသနကွာဟချက်တွေကို ဖော်ထုတ်ဖို့အတွက် ChatGPT ကို Brainstorming လုပ်ခိုင်းဖို့အတွက်လည်း ကြိုးစားလုပ်ဆောင်ပါ။
၇။ ဒေတာကို ခွဲခြမ်းစိတ်ဖြာပါ။
စစ်တမ်းများ/တခြားနည်းလမ်းတွေနဲ့ စုဆောင်းထားတဲ့ ဒေတာများကို ပိုင်းခြားစိတ်ဖြာပြီး အဓိပ္ပာယ် ပြန်ဆိုရာမှာ ကူညီဖို့နဲ့ တွေ့ရှိချက်တွေကို ပံ့ပိုးဖို့အတွက် စိတ်ကူးပုံဖော်မှုများကို ဖန်တီးဖို့အတွက် ChatGPT ကို အသုံးပြုနိုင်ပါတယ်။
၈။ သုတေသနစာတမ်းရဲ့ အစီအစဉ် (Outline) တစ်ခု ဖန်တီးပါ။
ChatGPT ကိုအသုံးပြုကာ အကြမ်းဖျင်းအစီအစဉ် (Outline) တစ်ခုဖန်တီးပြီး အငြင်းပွားမှုတွေကို ယုတ္တိကျကျ တည်ဆောက်ခြင်းဖြင့် သုတေသနစာတမ်းကို စုစည်းပါ။ ကဏ္ဍတစ်ခုစီအတွက် ဘာသာရပ်အလိုက် ညွှန်ကြားချက်များနဲ့ ဒေတာထည့်သွင်းမှုများကို အသုံးပြုခြင်းဖြင့် နိဒါန်း (introduction)၊ နည်းလမ်းများ (methods)၊ ရလဒ်များ (results) နဲ့ ဆွေးနွေးမှု (discussion) ကဏ္ဍများ စတဲ့ စာတမ်းအပိုင်းများကို ဖန်တီးဖို့အတွက် ChatGPT ကို အသုံးပြုပါ။ သို့ပေမဲ့ ChatGPT က ထုတ်ပေးတဲ့ အကြောင်းအရာတွေကို သေသေချာချာလေး ပြန်လည်သုံးသပ်ဖို့တော့ လိုအပ်ပါတယ်။
၉။ စာတမ်းကို တည်းဖြတ်ပြီး ပြန်လည်စစ်ဆေးပါ။
သဒ္ဒါ၊ သတ်ပုံနဲ့ စာလုံးပေါင်းအမှားများအတွက် စာတမ်းကို တည်းဖြတ်ခြင်း၊ စစ်ဆေးခြင်းတို့အတွက် ChatGPT ကို အသုံးပြုပါ။ သို့ပေမဲ့လည်း စာတမ်းကို သေချာစွာစစ်ဆေးပြီး ပြန်လည်သုံးသပ်ဖို့နဲ့ သုတေသနရဲ့ အစီအစဉ်တိကျမှု၊ ရှင်းလင်းပြတ်သားမှု၊ စစ်မှန်မှုရှိစေဖို့ ChatGPT ကထုတ်ပေးထားတဲ့ အကြောင်းအရာအားလုံးကို လိုအပ်တဲ့ ပြန်လည်ပြင်ဆင်မှုများပြုလုပ်ဖို့ကိုလည်း မမေ့ပါနဲ့။
ဒါကြောင့် အထက်ဖော်ပြပါ အဆင့် (၉) ဆင့်ကို လိုက်နာခြင်းဖြင့် ChatGPT ကို အသုံးပြုကာ သုတေသန စာတမ်းကို ရေးသားနိုင်ပါတယ်။
Dr. Asma Jabeen မှ April 2023 မှာ ရေးသားခဲ့တဲ့ How to Use ChatGPT to Write Scientific Research Paper? ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါတယ်။
Reference: https://drasmajabeen.com/chatgpt-for-scientific-research.../
Dr. Thel Seint Aye
B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)
M.C.Sc, CU (MDY), Ph.D (IT), (U.C.S.M)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
