Smart lazy folks!
The Von Manstein matrix မှာပြောထားတာက လူ (၄) မျိုးရှိပါတယ်။
1. Stupid lazy
2. Stupid hardworking
3. Smart hardworking
4.Smart lazy တို့ဖြစ်ပါတယ်။
1. Stupid lazy ဖြစ်တဲ့သူတွေက တော်လည်းမတော်ဘူး၊ ကြိုးလည်းမကြိုးစားဘူး၊ ပျင်းတယ်ပေါ့။ တလှုပ်လှုပ်နဲ့တော့ လုပ်နေတာပဲ။ သူတို့ကို သိပ်အရေးမပါတဲ့ အလုပ်တွေမှာ ထားသင့်ပါတယ်။ သူတို့တွေက အလွန်ထူးခြားပေါက်မြောက်အောင်မြင်အောင် မလုပ်နိုင်ကြပေမယ့် အလွန်အမင်း ထိခိုက်ပျက်စီးအောင်လည်း မလုပ်ကြပါဘူး။
2. Stupid hardworking တွေဟာ မယောင်ရာ ဆီလူးတတ်ကြတဲ့သူတွေပေါ့။ အရေးမပါတဲ့အလုပ်တွေမှာ ကျားကုတ်ကျားခဲ အားထည့်ပြီး လုပ်နေတတ်ကြပြီး အဓိကနဲ့သာမညကို သိပ်မခွဲခြားတတ်ပါဘူး။ ဥပမာ သူသိလာတဲ့ အချက်အလက်တချို့ကို ဆိုင်ဆိုင်၊မဆိုင်ဆိုင် သူများကို share တာမျိုး၊ အသုံးမလိုတောတဲ့ documents အဟောင်းတွေကို အချိန်ပေးပြီး စုနေတာမျိုးနဲ့ သူ့အချိန်ကိုရော သူများအချိန်ကိုပါ ဖြုန်းနေတဲ့ သူတွေပေါ့။ ဒီလိုလူမျိုးကို အလုပ်ဖြုတ်သင့်ပါတယ်။
3. Smart hardworking တွေက သူတို့ရဲ့အလုပ်တွေကို နည်းလမ်းတကျနဲ့ ပြီးစီးအောင်လုပ်နိုင်ကြပါတယ်။ ဒါကြောင့် ဒီလိုလူတွေကို middle level နဲ့ operations level အလုပ်တွေကို တာဝန်ပေးသင့်ပါတယ်။ (ဒီလူတွေကို strategic level မှာ တာဝန်ပေးရင် သူတို့က ဒလစပ်အလုပ်လုပ်နိုင်သလို အောက်က ဝန်ထမ်းတွေကိုလည်း မနားတမ်း ခိုင်းတတ်ပါတယ်။)
4. Smart lazy တွေက ပျင်းပေမယ့် ဉာဏ်ကောင်းတော့ အလုပ်လုပ်တာ efficient ဖြစ်ကြပါတယ်။ ဒီလိုလူတွေက အလုပ်လုပ်ရင် efficient အဖြစ်ဆုံးနည်းလမ်းကိုသိတဲ့အတွက် သူတို့ကို strategic level မှာ တာဝန်ပေးသင့်ပါတယ်။ သူတို့တွေဟာ တော်လို့ပျင်းကြတဲ့ 'တော်ပျင်း'တွေပေါ့။
Bill Gates ပြောထားတာရှိပါတယ်။ I always choose a lazy person to do a difficult job because he will find an easy way to do it. သူက လူရွေးရာမှာ တော်ပျင်းတွေကို ရွေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ 'တော်ပျင်း' တွေက အလုပ်လုပ်ရာမှာ လွယ်ကူထိရောက်မြန်ဆန်တဲ့နည်းစနစ်တွေကို သိလို့ပါတဲ့။ ပျင်းတယ်ဆိုရာမှာလည်း အရည်အချင်းရှိလို့၊ တော်လို့ တော်ရုံတန်ရုံအလုပ်ကို ခဏလေးနဲ့လုပ်လို့ ပြီးသွားတတ်လို့ ပျင်းတဲ့သူနဲ့ 'ပျင်း'လို့ 'ဖျင်း'နေတဲ့သူနဲ့တော့ မတူကြောင်းသတိပြုပါ။
Smart lazy တွေက ပထမအမျိုးအစားထဲမှာ ပါ,ပါတယ်။ Smart lazy တွေရဲ့ခံယူချက်နဲ့ သူတို့ သုံးတဲ့ tools တွေအကြောင်း ထပ်ပြောပါဦးမယ်။ ။
Daw Aye Aye Win
B. Com (Hons, YIE),
M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
