“ကိုယ့်ရဲ့ Chronotype သိထားပြီး လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ energy ကို ပြန်လည်မြှင့်တင်ကြမယ်”
ကိုယ်က early bird ပဲဖြစ်ဖြစ်၊ night owl ပဲဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် energy level က တစ်ချိန်ချိန်မှာ ကျဆင်းသွားတာ ပုံမှန်ပါပဲ။ အဲ့ဒီလို energy ကျဆင်းသွားရခြင်းအကြောင်းရင်းတွေက နေ့လယ်စာအစားများခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ခန္ဓာကိုယ်အပူချိန်ကျဆင်းလာခြင်း၊ အကြာကြီးထိုင်ပြီး အလုပ်လုပ်ရခြင်း စတာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့အချိန်မှာ ခဏလောက် တစ်ရေးတစ်မောအိပ်လိုက်တာက energy ပြန်ပြည့်ဖို့ နည်းလမ်းကောင်းတစ်ခု ဆိုပေမယ့် အဲ့ဒါက အမြဲတမ်းလုပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ လိုအပ်နေတဲ့ energy ကိုဖြည့်ဖို့ တခြားနည်းလမ်း တွေလည်း ရှိနေသေးပါတယ်။ အဲ့ဒီနည်းလမ်းတွေအကြောင်း မဖော်ပြသေးခင်မှာ အရင်ဆုံး ကိုယ့်ရဲ့ chronotype က ဘာလဲဆိုတာသိထား၊ နားလည်ထားဖို့ လိုအပ်ပါတယ်။
Chronotypes ဆိုတာက ကိုယ့်ရဲ့ personality နဲ့ ကိုယ့်ရဲ့အိပ်စက်မှုပုံစံကိုကြည့်ပြီး ကိုယ်က တစ်နေ့တာရဲ့ဘယ်အချိန်တွေမှာ productive အဖြစ်ဆုံးလဲဆိုတာကို ယေဘုယျအမျိုးအစားခွဲခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ chronotypes အမျိုးအစားတစ်ခုချင်းစီနဲ့အတူ productive ဖြစ်ဖို့အတွက် tip လေးတွေပါ တွဲပြီး ဖော်ပြပေးသွားမှာ ဖြစ်တယ်။ ပထမဆုံး chronotype အမျိုးအစားကတော့ လင်းပိုင် (dolphin) ဖြစ်ပါတယ်။ သူတို့ရဲ့ personality ကိုကြည့်ရင် introvert ပုံစံ၊ ဉာဏ်ကောင်းပြီး စိုးရိမ်တတ်ကာ အသေးစိတ်ကျသူတွေလည်း ဖြစ်တယ်။ သူတို့က ည (၁၁) နာရီခွဲမှာအိပ်ပြီး မနက် (၆) နာရီခွဲမှာ ထလေ့ရှိတယ်။ သူတို့ရဲ့ productive အဖြစ်ဆုံးအချိန်က နေ့လယ် (၃) နာရီမှ ည (၉)နာရီအတွင်း ဖြစ်တယ်။ productivity tip အနေနဲ့ စိုးရိမ်တတ်သူလေးတွေဖြစ်လို့ စိတ်အနားယူပြီး အားပြန်ဖြည့်ဖို့ တစ်နေ့တာလုံးမှာ စိတ်ပိုင်းဆိုင်ရာ အနားပေးဖို့ break လေးတွေ ထားရှိသင့်တယ်။
ဒုတိယအမျိုးအစားကတော့ ခြသ်ေ့ (Lion) ဖြစ်ပါတယ်။ သူတို့ရဲ့ personality တွေက အကောင်းမြင် တတ်ပြီး လုံ့လဝီရိယရှိကြသူတွေ ဖြစ်တယ်။ အဲ့ဒါအပြင် သြဇာတိက္ကမကြီးမားကာ ကျန်းမာကြံ့ခိုင် ဖျတ်လတ်သူ တွေလည်း ဖြစ်ကြတယ်။ သူတို့က ည (၁၀) နာရီမှာအိပ်ပြီး မနက် (၅) နာရီခွဲကနေ (၆)နာရီခွဲ အတွင်းထလေ့ရှိတယ်။ သူတို့ရဲ့ productive အဖြစ်ဆုံးအချိန်က မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီအတွင်း ဖြစ်တယ်။ သူတို့အတွက် productivity tip ကတော့ ကြိုးစားသူတွေမို့လို့ ကိုယ့်အတွက်အချိန်ပေးပြီး တစ်နေ့တာမှာ ဘယ်အချိန်မှာ အနားယူရမလဲ သိထားဖို့ဖြစ်တယ်။
နောက်အမျိုးအစားတစ်ခုကတော့ ဝက်ဝံ (Bear) ဖြစ်ပါတယ်။ Personality အားဖြင့် extrovert ပုံစံရှိပြီး social ကောင်းကာ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အမြဲဗိုက်ဆာတတ်သူများ ဖြစ်ကြတယ်။ သူတို့ရဲ့အိပ်စက်မှုပုံစံမှာ ည (၁၁) နာရီ အိပ်ရာဝင်ပြီး မနက် (၇) နာရီမှာ အိပ်ရာထလေ့ရှိသူများ ဖြစ်တယ်။ သူတို့ရဲ့ productive အဖြစ်ဆုံးအချိန်က မနက် (၁၀) နာရီမှ နေ့လယ် (၂) နာရီအတွင်း ဖြစ်တယ်။ သူတို့အတွက် productivity tip အနေနဲ့ မနက်ပိုင်းမှာ လုပ်စရာရှိတာတွေကိုလုပ်ဖို့ အချိန်ဇယားဆွဲထားသင့်ပြီး နေ့လယ်ပိုင်း energy ကျချိန် မှာတော့ ကိုယ့်ကို positive energy ပေးစွမ်းနိုင်သူနဲ့ တွေ့ဆုံစကားပြောဆိုပြီး ကိုယ့်ရဲ့ energy level ကို ထိန်းထားနိုင်ပါတယ်။
နောက်ဆုံး chronotype အမျိုးအစားကတော့ ဝံပုလွေ (Wolf) ဖြစ်ပါတယ်။ သူတို့ရဲ့ personality တွေက introvert ပုံစံဘက်သွားကာ တီထွင်ဖန်တီးမှုကောင်းသူများဖြစ်သလို စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်ပြင်းထန်သူ များလည်း ဖြစ်ပါတယ်။ သူတို့က ည (၁၂) နာရီမှာအိပ်ပြီး မနက် (၇) နာရီခွဲမှာ ထလေ့ရှိသူများဖြစ်တယ်။ သူတို့ရဲ့ productive အဖြစ်ဆုံးအချိန်က ညနေ (၅) နာရီမှ ည (၁၂) နာရီအတွင်း ဖြစ်တယ်။ သူတို့အတွက် productivity tip ကတော့ နေ့လယ်ပိုင်းလောက်ကစလို့ meeting များစီစဥ်ကာ အနိုးကြားဆုံးအချိန်ဖြစ်တဲ့ ညနေပိုင်းမှာ လုပ်စရာရှိတာတွေကိုလုပ်ဖို့ အချိန်ဇယား ဆွဲထားသင့်တယ်။
ကိုယ်က ဘယ် chronotype အမျိုးအစားဖြစ်ဖြစ်၊ လူတိုင်းက တစ်နေ့တာလုံး energy အပြည့်ရှိနေမှာ မဟုတ်တဲ့အတွက် ကိုယ့် energy level လျော့နေချိန်မှာ energy ကို boost ဖြစ်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေသိထားရင် အကောင်းဆုံးပါပဲ။ မနက်ခင်းပိုင်းမှာ energy boost လုပ်ပေးလို့ရတာတွေကတော့
(၁) မနက်ခင်းနေရောင်ခြည်ခံပေးခြင်း
(၂) မနက်စာကိုအလွတ်မခံဘဲ စားပေးခြင်း
(၃) မနက်ခင်းမှာ အချဥ်ဓာတ်ပါသော ရေနွေးနွေးလေး
(သံပုရာရည်ထည့်ထားသောကော်ဖီကြမ်း) သောက်သုံးပေးခြင်း
(၄) ရေအေးနဲ့ရေချိုးပေးခြင်း
လုပ်ငန်းခွင်မှာ energy ပြန်ဖြည့်ပေးနိုင်တဲ့အရာတွေကတော့
(၁) မျက်လုံးအနားပေးခြင်း - ကွန်ပျူတာကို မိနစ်(၂၀) ကြည့်ပြီးတိုင်း စက္ကန့် (၂၀) မျက်လုံးအနားပေးခြင်းက ကိုယ့်မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက energy မြှင့်တင်ဖို့ ပြုလုပ်ရာမှာလည်း အထောက် အကူဖြစ်ပါတယ်။
(၂)မတ်တတ်ရပ်ပေးခြင်း - အကြာကြီးထိုင်ပြီး အလုပ်လုပ်ခြင်းက energy ကျဆင်းစေနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်လို့ မတ်တတ်ရပ်ပေးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး လည်ပင်းနဲ့ တစ်ဝိုက် ဆက်စပ်နေတဲ့ အကြောများ နာကျင်မှုလျော့စေပြီး energy ပြန်လည်တက်စေဖို့ အထောက်အကူဖြစ်တဲ့ အရိုးရှင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။
(၃) ရယ်မောခြင်း - ရယ်မောခြင်းက ကိုယ့်ရဲ့စိတ်ခံစားမှုကို ကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်ပါတယ်။
(၄) ကိုယ့်စားပွဲကို သန့်ရှင်းအောင်ထားခြင်း - ကိုယ့်စားပွဲကို သေချာသပ်သပ်ရပ်ရပ်ဖြစ်အောင် အချိန်အနည်းငယ် ပေးပြီး ရှင်းလင်းပေးခြင်းက ကိုယ့်ရဲ့ energy နဲ့ စိတ်ခံစားမှုကောင်းစေမှုအပေါ် အံ့သြစရာကောင်းစွာ သွယ်ဝိုက်ပြီး သက်ရောက်မှုရှိစေလို့ ဖြစ်ပါတယ်။
(၅) ရေဓာတ်ဖြည့်ပေးခြင်း - ရေဘူးကို ကိုယ့်စားပွဲပေါ်မှာထားပြီး သတိရတိုင်း သောက်ပေးသင့်တယ်။ ဘာလို့လဲ ဆိုတော့ ရေဓာတ်ခမ်းခြောက်ခြင်းက စိတ်မောပန်းစေကာ energy ကျဆင်းနိုင်စေတဲ့ အဓိကအကြောင်းရင်း တွေထဲကတစ်ခု ဖြစ်ပါတယ်။
(၆) ကော်ဖီသောက်သုံးပေးခြင်း - မနက်ခင်းကော်ဖီနဲ့ နှစ်နာရီခြားပြီးမှ သောက်သုံးပေးခြင်းက ပိုမိုကောင်းမွန် စေတယ်လို့ ဖော်ပြထားတယ်။
(၇) ဆော်လမွန်၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ဖရုံစေ့များနဲ့ အခွံမာသီးတွေ စတဲ့အစားအစာများ စားပေးခြင်းကလည်း ကိုယ့်ရဲ့ energy ကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။
(၈) အစိမ်းရောင်ရှိတဲ့အပင်တွေကလည်း ကိုယ့်ရဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေပြီး energy ကို ပြန်လည် တိုးမြှင့်ပေးပါလိမ့်မယ်။
(၉) ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းများနားထောင်ခြင်းကလည်း energy တိုးစေနိုင်တဲ့နည်းတစ်ခု ဖြစ်ပါတယ်။
(၁၀) ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေရဲ့ ဗီဒီယိုဖိုင်များကို ကိုယ့် energy ကျနေချိန် ခဏလောက်ကြည့် ပေးတာကလည်း energyကို တစ်ဖက်တစ်လမ်းကနေ boost ဖြစ်စေနိုင်တယ်။
(၁၁) ကိုယ်က အနံ့လေးတွေကို သဘောကျတဲ့သူဆိုရင် ကိုယ့်စားပွဲမှာ လီမွန်၊ ဂရိန်ဖရု၊ လိမ္မော်သီးနဲ့ ပူရှိန်းအနံ့ပါတဲ့ (အနံ့ကုထုံးနဲ့ဆိုင်တဲ့) အမွှေးဆီ စတာတွေ ထားပေးတဲ့နည်းကလည်း အဆင်ပြေစေတဲ့နည်းတစ်ခု ဖြစ်ပါတယ်။
Impact plus.com မှ 20 ways to boost your energy and productivity at work ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါတယ်။
Daw Myint Zu Phyo
BBM (NMDC), MBA (YUE)
Latest Articles
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
6 days ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
6 days ago
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
1 week ago
နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
1 week ago
"တိတ်ဆိတ်ခြင်းနောက်ကွယ်က အသံ" (Silent Quitting)
2 weeks ago
