ကိုယ်က ဘယ်အစုထဲမှာပါနေလဲ?
လူ (especially for staff) (၄) မျိုးရှိတတ်ပါတယ်။
၁။ လုပ်တတ်ပြီး လုပ်ချင်စိတ်လည်းရှိသူ (ability & willingness)
၂။ လုပ်တတ်ပေမယ့် လုပ်ချင်စိတ်မရှိသူ (ability but no willingness)
၃။ မလုပ်တတ်ပေမယ့် လုပ်ချင်စိတ်ရှိသူနဲ့ (willingness but no ability)
၄။ လုပ်လည်းမလုပ်တတ် လုပ်ချင်စိတ်လည်းမရှိတဲ့သူ (neither ability nor willingness) တွေပေါ့။
လုပ်တတ်ပြီး လုပ်ချင်စိတ်ရှိသူတွေကို ထိုက်သင့်တဲ့ empowerment ပေးသင့်ပြီး၊ လုပ်တတ်ပြီးလုပ်ချင်စိတ် မရှိသူတွေကို အပြစ်မတင်ခင်မှာ ဘာကြောင့် motivation မရှိရတာလဲ (financial problem? family problem? etc..) ဆိုတဲ့ အကြောင်းကို ကူညီရှာဖွေဖြေရှင်းပေးသင့်ပါတယ်။ ဒီအတိုင်းပဲထားရင်တော့ ကြာလာရင် လုပ်တတ်တဲ့ ability, efficiency တွေ လျော့သွားနိုင်ပါတယ်။ ထိုနည်းတူ လုပ်ချင်စိတ်ရှိပေမယ့် မလုပ်တတ်သူတွေကို need assessment လုပ်ပြီး လိုအပ်တဲ့ လေ့လာ သင်ယူမှုတွေပံ့ပိုးပေးခြင်းဖြင့် တော်တဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလူတွေကိုလျစ်လျူရှုထားမိရင် ကြာတော့ demotivate ဖြစ်ပြီး နံပါတ် (၄) အစုထဲပါသွားပါနိုင်ပါတယ်။
လုပ်လည်းမလုပ်တတ်၊ လုပ်ချင်စိတ်လည်းမရှိတဲ့သူတွေက virus လို လူစားမျိုးတွေပေါ့။သို့ပေမဲ့ ဒီ virus တွေကိုတော့ ကုသလို့ရနိုင်တဲ့ ယာယီ virus လား (အကြောင်းတစ်စုံတစ်ရာကြောင့် motivation/ willing မရှိတာလား) အမြဲရှိနေမှာဖြစ်တဲ့ virus လား (မလုပ်တတ် မလုပ်ချင်တဲ့ဗီဇ) ဆိုတာကို သေချာအောင် အရင်စစ်ဖို့တော့ လိုပါလိမ့်မယ်၊ treatment မမှားအောင်လို့ပါ။ ယာယီအားဖြင့်ဖြစ်တဲ့ Malaria virus လိုမျိုးကြောင့်ဆိုရင်တော့ သူ့ကိုအလုပ်ဖြုတ်ဖို့ မလိုအပ်ပေမယ့် HIV virus လိုမျိုးကြောင့်ဖြစ်တာ (မလုပ်တတ် မလုပ်ချင် နေသာသလိုနေတတ်တဲ့ဗီဇကြောင့်) ဆိုရင်တော့ အလုပ်ဖြုတ်သင့်ရင် ဖြုတ်ရပါလိမ့်မယ်။ သို့ပေမဲ့ တကယ် HIV virus ကြောင့်လားဆိုတာကိုတော့ Lab နှစ်ခု သုံးခုလောက်မှာ test အခါခါစစ်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ HIV virus က တော်ရုံတန်ရုံနဲ့ မကူးစက်နိုင်ပေမယ့် မလုပ်တတ် မလုပ်ချင် နေသာသလိုနေတတ်တဲ့ဗီဇ (negative attitude) ကတော့ ကူးစက်တတ်တဲ့ အတွက်ကြောင့် ဆုံးဖြတ်ချက် တစ်ခုခုမချမီ သေချာစဉ်းစားဆင်ခြင်သုံးသပ်နိုင်ကြပါစေ …
Ref: corporate training တစ်ခုမှာ ဆွေးနွေးဖြစ်ကြတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English, M.A (International Business Studies), (Sophia University, Japan)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
