"ကမ္ဘာ့အကြီးဆုံး Franchise လုပ်ငန်း (၅) ခု အကြောင်း"
အောင်မြင်တဲ့ Franchise Model နဲ့လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေနဲ့အတူ Franchise လုပ်ငန်းများဟာ ကမ္ဘာ့စီးပွားရေးလောကမှာ အဓိကအရေးပါတဲ့လုပ်ငန်းများ ဖြစ်လာပါတယ်။ Franchise လုပ်ငန်းဆိုတာကတော့ ကုမ္ပဏီတစ်ခု (Franchisor) မှ လုပ်ငန်းလုပ်ကိုင်လိုတဲ့ တစ်ဦးတစ်ယောက် (Franchisee) ကို ကုမ္ပဏီရဲ့အမည် အသုံးပြုပြီး သီးခြားနယ်ပယ်တစ်ခုမှာ အဲ့ဒီကုမ္ပဏီရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ငန်း လိုင်စင်ပေးပြီး လုပ်ကိုင်စေခြင်းပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံး Franchise လုပ်ငန်းက ဘယ်လုပ်ငန်းဖြစ်မလဲ? ဆက်ပြီးကြည့်ကြည့် ရအောင်။ McDonald’s လုပ်ငန်းကတော့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ စားသောက်ဆိုင်ပေါင်း ၃၅၀၀၀ ဖြင့် Franchise လောကရဲ့ ခေါင်းဆောင်နေရာမှာ ရှိနေပါတယ်။ McDonald’s ဟာ ၁၉၅၅ ခုနှစ်ကတည်းက Franchise လုပ်ငန်းဖြစ်ခဲ့ပြီး ယနေ့မှာဆိုရင် ၎င်းစားသောက်ဆိုင်များရဲ့ ၉၃ ရာခိုင်နှုန်းနီးပါးကို Franchisee များမှ ပိုင်ဆိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Franchise Unit စုစုပေါင်းအရေအတွက်၊ Brand value များအပေါ်မှာ အခြေခံပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး Franchise လုပ်ငန်း (၅) ခုအကြောင်းကို ပြောပြသွားမှာပဲ ဖြစ်ပါတယ်။
၁။ McDonald’s
ဒေါ်လာ ၁၅၄.၉၂ ဘီလီယံတန်ဖိုးရှိ အမှတ်တံဆိပ်တန်ဖိုးနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ Franchise ဆိုင်ပေါင်း ၃၅၀၀၀ ဖြင့် McDonald’s ဟာ Franchise လောကမှာ ငြင်းဖွယ်ရာမရှိတဲ့ ဘုရင်တစ်ဆူဖြစ်လာပါတယ်။ McDonald’s ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသိအများဆုံး အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်ပြီး နောင်နှစ်များမှာလည်း စီးပွားရေး နှေးကွေးသွားမယ့် အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။ ၁၉၄၀ ခုနှစ်မှာ Burger စားသောက်ဆိုင်အဖြစ် စတင်ခဲ့တဲ့ McDonald’s ဟာ ယခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ အင်အားကြီးတဲ့ Fast-Food လုပ်ငန်းတစ်ခု ဖြစ်လို့နေပါပြီ။
၂။ 7-Eleven
America ရှိ လမ်းထောင့်တိုင်းမှာ 7-Eleven ဆိုင်ကို မြင်နိုင်တာကြောင့် သူဟာ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ Franchise လုပ်ငန်းအဖြစ် တည်ရှိနေတာကတော့ အံ့သြဖွယ်ရာမရှိပါဘူး။ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ စတိုးဆိုင်ပေါင်း ၇၅၀၀၀ ကျော်ြဖင့် 7-Eleven ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး Convenience Store ဆိုင်တစ်ခု ဖြစ်လာပါတယ်။ 7-Eleven ကို small ice house အဖြစ် Texas ပြည်နယ်၊ Dallas မှာ ၁၉၂၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ 7-Eleven ဟာ အဆင်ပြေတဲ့ ဆိုင်တည်နေရာ၊ ရွေးချယ်စရာများပြားတဲ့ အဆာပြေစားစရာများနဲ့ အဖျော်ယမကာများကြောင့် အောင်မြင်တဲ့ Franchise လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ တခြား convenience store ဆိုင်များနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေပေမယ့်လည်း 7-Eleven ဟာ ခိုင်မာတဲ့ အမှတ်တံဆိပ်အသိပြုမှုတွေကြောင့် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။
၃။ Kentucky Fried Chicken (KFC)
KFC ဟာ ကမ္ဘာပေါ်ရှိ ရေပန်းအစားဆုံး Fast-Food စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်မှာ အခိုင်အမာရပ်တည်နေပါတယ်။ Franchise ဆိုင်ပေါင်း ၂၅၀၀၀ နီးပါးဖြင့် KFC ဟာ ကမ္ဘာပေါ်မှာ McDonald’s ပြီးရင် ဒုတိယအကြီးဆုံး Fast-Food chain တစ်ခုဖြစ်လာပါတယ်။ KFC လုပ်ငန်းကို ၁၉၅၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သူ့ရဲ့ကြက်ကြော်ကြောင့် လူသိများလာပါတယ်။ ယနေ့ခေတ်မှာ KFC ဟာ ကြက်သားထုပ်၊ အသုပ်များနဲ့ ကြက်ကင်များအပါအဝင် မီနူးမျိုးစုံကို ရောင်းချလျက်ရှိပါတယ်။
၄။ Subway
Subway ရဲ့ ထူးခြားတဲ့ရောင်းချမှုကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများရောင်းချတာပဲ ဖြစ်ပါတယ်။ မကြာသေးတဲ့နှစ်များအတွင်း ဈေးကွက်ထဲမှာ Fast-Food တွေထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ တခြားရွေးချယ် စရာတွေကို တောင်းဆိုမှုများပြားလာတာကြောင့် Subway ဟာ အလွန်ကို အောင်မြင်လာခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှာ Franchise ဆိုင်ပေါင်း ၄၂၀၀၀ ကျော်ဖြင့် Subway ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးစားသောက်ကုန် Franchise လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ Subway ကို ၁၉၆၅ ခုနှစ်မှာ Fred Deluca အမည်ရှိ ဆယ်ကျော်သက်တစ်ဦးမှ တည်ထောင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Subway ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး Submarine Sandwich Chain အဖြစ်ရပ်တည်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ရွေးချယ်ဝယ်ယူနိုင်တာကြောင့် လုပ်ငန်းဟာ ဆက်လက်ကြီးထွားလာနေပါတယ်။
၅။ Burger King
Fast-Food industry မှာ တခြားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Burger King ဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဟမ်ဘာဂါဆိုင်ဖြစ်ပြီး Franchise ဆိုင်ပေါင်း ၁၅၀၀၀ ကျော်ရှိပါတယ်။ Burger King ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ စားသောက်ဆိုင်များကို ဖွင့်လှစ်ထားပြီး ကမ္ဘာပေါ်မှာ အခိုင်အမာရပ်တည်နေပါတယ်။ Burger King လုပ်ငန်းကို ၁၉၅၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေ တစ်လျှောက်မှာ ပိုင်ရှင်ပြောင်းလဲမှုများနဲ့ ဖြတ်ကျော်လာခဲ့ပါတယ်။ သို့ပေမဲ့လည်း Burger King ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Fast-Food ဆိုင်များထဲမှ တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။
ဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးမားဆုံး Franchise လုပ်ငန်းကြီး (၅) ခုအကြောင်းကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
www.drfranchise.com မှ Top 10 Biggest Franchise in the World in 2023 ဆောင်းပါးမှ တချို့တစ်ဝက်ကို ဆီလျော်အောင် ဘာသာပြန်ကိုးကားထားပါတယ်။
Daw Htet Pann Wai
(B.Com, Q**, M.Com, MEUE)
Latest Articles
မက်ဒေါ်နယ်က Ansoff Matrix Strategy ကို အသုံးချပြီး ဈေးကွက်ကို ဘယ်လိုသိမ်းပိုက်ခဲ့သလဲ
6 hours ago
အရည်အချင်းတိုးတက်မှုတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောင်းလဲမှုတွေကြားမှာ အောင်မြင်စွာရပ်တည်ပါ
1 day ago
ဝန်ထမ်းများ အလုပ်အား ကျေနပ်မှုအပေါ် သက်ရောက်မှုရှိသော အချက်များ
2 days ago
ကုန်ပစ္စည်းစာရင်းစီမံရာတွင် ABC စနစ်အသုံးပြုခြင်း
3 days ago
“ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့ Green Building အကြောင်း”
1 week ago
