ကောလိပ်ကျောင်းသားများအတွက် ChatGPT Plus ကို အခမဲ့၀င်ရောက်သုံးစွဲနိုင်ခြင်း
ကြာသပတေးနေ့တွင် OpenAI မှကြေငြာခဲ့သော ChatGPT Plus သို့ အခမဲ့ဝင်ရောက်ခွင့်ရရှိမှုသဘောတူညီချက်သည်အမေရိကန်နှင့်ကနေဒါရှိ ကျောင်းသားများအတွက်ဖြစ်ပြီး မေလကုန်အထိသက်ရောက်မှုရှိပါတယ်။ သို့သော် ကမ်းလှမ်းချက်ထဲမှာတော့ GPT-4o ကို အသုံးပြုခွင့်ပေးထားသည်မှာ ငွေပေးချေထားသည့် သူများသာ ရရှိနိုင်ပါတယ်။ ကောလိပ်ကျောင်းသားများသည် ChatGPT ကိုအသုံးပြုရာတွင် အလွန်တက်ကြွပြီး အသက် ၁၈ မှ ၂၄ နှစ်ကြားရှိ US အရွယ်ရောက်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံကျော်သည် ChatGPT ပလပ်ဖောင်းကို အသုံးပြုနေကြတာကိုတွေ့ရပါတယ်။ ကျောင်းသားများကိုစစ်တမ်းကောက်ထားခြင်းအရ ၂၅% ခန့်သည် ပညာရေးအတွက်သာ အသုံးပြုကြပြီး ကျောင်းသားများသည် ChatGPT ကိုအသုံးပြုရုံသာမက နေ့စဉ်လုပ်ဆောင်မည့်အရာတွေအတွက် Schedule များရေးဆွဲခြင်း၊ စိတ်ကူးစိတ်သန်းများကို ပုံဖော်ြခင်း၊ စသည့်အကြောင်းအရာများအတွက် အသုံးပြုကြပါတယ်။
ကြီးထွားလာသော Trend တစ်ခု
OpenAI မှ ပညာရေးအတွက် ဉာဏ်ရည်တုကို ကျောင်းသားများအကြား နေရာယူထားတာကိုတွေ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ Anthropic သည် တက္ကသိုလ်များအတွက် အံဝင်ခွင်ကျဖြစ်စေနိုင်သော ၎င်းရဲ့ AI လက်ထောက်ဗားရှင်းဖြစ်သော Claude for Education ကို မိတ်ဆက်ခဲ့ပါတယ်။ Claude for Education သည် လမ်းညွှန်ချက်များဖြင့် ပြဿနာဖြေရှင်းပေးခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို မြှင့်တင်ပေးနိုင်သည့် Learning Mode ကဲ့သို့သော အင်္ဂါရပ်များပါဝင်ပြီး Northeastern University နှင့် London School of Economics ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိတာကိုတွေ့ရပါတယ်။
ChatGPT Plus အား အခမဲ့ဝင်ရောက်ခွင့်သည် ကျောင်းသားများအကြား ChatGPT အသုံးပြုမှုကို ပိုမိုအားကောင်းစေသလို စာရင်းသွင်းခြင်းများနှင့်ပတ်သက်ပြီး မသုံးစွဲတတ်သူများအတွက်လည်း စွမ်းဆောင်ရည်မြင့် AI ကို ရယူသုံးစွဲရန် အခွင့်အလမ်းများ ရှိနေကြောင်းကိုလည်း ၎င်းတို့မှ အာမခံထားတာကိုတွေ့ရပါတယ်။
OpenAI မှ ပညာရေးဆိုင်ရာ VP of Leah Belsky မှထုတ်ပြန်ချက်မှာ "ယနေ့ ကောလိပ်ကျောင်းသားများသည် စာလေ့လာရာတွင် လျင်မြန်မှုရှိစေရန်၊ ခက်ခဲမှုရှိသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရတာကိုတွေ့ရပါတယ်။ AI အသုံးပြုမှုနှင့်ပတ်သက်ပြီး ကျောင်းသားများအား ပံ့ပိုးပေးခြင်း၊ ရွယ်တူများထံမှ သင်ယူပြီး ၎င်းတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်များကို အခြေခံပြီး မေးခွန်းများကို မေးတတ်ဖို့ရန်လိုအပ်ပါတယ်။"
OpenAI သည် ChatGPT Plus နှင့်အတူ သင်ကြားရေးအရင်းအမြစ်များကို မိတ်ဆက်ပေးလျက်ရှိပြီး ကျောင်းသားများ AIကို အလွယ်တကူ လေ့လာနိုင်ရန် ဒီဇိုင်းထုတ်ထားပါတယ်။ အဆင့်မြင့်ပညာရေးကဏ္ဍအပေါ် ဉာဏ်ရည်တုရဲ့အကျိုးသက်ရောက်မှုကို ကျွန်ုပ်တို့ လျစ်လျူရှု၍မရပါ။ AI များသည် ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာသည်နှင့်အမျှ တက္ကသိုလ်များနှင့်ကောလိပ်များသည် သင်ယူမှုအကဲဖြတ်ပုံနှင့်ပတ်သက်ပြီး လေးနက်သောမေးခွန်းအချို့ကို ဖြေရန်လည်း လိုအပ်မည်ဖြစ်ပါတယ်။
မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းခြင်း။
OpenAI ရဲ့ဆောင်ရွက်မှုသည် မညီမျှမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အချို့သော အဖွဲ့အစည်းများမှ ကျောင်းသားများသည် ပရီမီယံ Package များကို၀ယ်ယူပြီးသုံးစွဲကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်စနစ်သည် ယနေ့အထိ အဆင့်မြင့်ပညာရေးတွင် AI ရဲ့အကြီးဆုံးကွန်ယက်ဖြန့်ကျက်မှုကို စတင်ရန်အတွက် OpenAI နှင့် မကြာသေးမီက ပူးပေါင်းခဲ့ပါတယ်။ ကျောင်းသားများသည် AI ထံမှတွေးခေါ်နည်းပုံစံမျိုးစုံကို လေ့လာခြင်းအားဖြင့် အတွေ့အကြုံများ စွာရရှိကြပါတယ်။ မေလနောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေရှိသလို AIကို အားကိုးတကြီး အသုံးပြုလာကြသော ကျောင်းသားများသည် ကုန်ကျစရိတ်မြင့်မားလာမှုအတွက် AI ကို ဆက်လက်အသုံးပြုဖို့ရန်အတွက် ဖိအားများ ခံစားရနိုင်ပါတယ်။ OpenAI သည် ကျောင်းသားများအား ငွေကောက်ခံခြင်းမပြုမီ ပယ်ဖျက်ရန် ခွင့်ပြုသော်လည်း အခြားသော ပံ့ပိုးမှုများကို ထပ်မံကူညီ မိတ်ဆက်ပေးခြင်းမရှိပါက အသွင်ကူးပြောင်းမှုကာလမှာ အနှောင့်အယှက်ဖြစ်နိုင်ခြေရှိပါတယ်။
ရှေ့ဆက်ရမယ့်ခရီး
ပညာရေးအတွက် OpenAI သည် ကျောင်းသားများကို အသုံးပြုခွင့် ပေးထားရုံသာမက ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ပညာရေးမှာ ဖြစ်လာနိုင်မယ့် အကြောင်းအရာများကို ပြင်ဆင်နေလျက်ရှိပါတယ်။ ကျောင်းသားများ ထက်ထက်မြက်မြက် နက်ရှိုင်းစွာတွေးခေါ်နိုင်စေရန်နှင့် ဒစ်ဂျစ်တယ်ရဲ့သွက်လက်မှုကို တည်ဆောက်ရန် ကူညီပေးပါက၊ ၎င်းသည် ပိုမိုကျယ်ပြန့်သော အသွင်ကူးပြောင်းမှုတစ်ခုရဲ့အစပြုမှုကို အကူအညီဖြစ်စေပါလိမ့်မည်။ AI သည် ဆရာများ သို့မဟုတ် အဖွဲ့အစည်းများကို အစားထိုးတာမဟုတ်ဘဲ အရေးအကြီးဆုံးအချိန်များတွင် ကျောင်းသားများကို ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။
Dan Fitzpatrick ရဲ့ ChatGPT Plus Is Now Free for College Students ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာပြန်ဆိုထားပါတယ်
Source: https://www.forbes.com/sites/danfitzpatrick/2025/04/03/chatgpt-plus-is-now-free-for-college-students/
U Ah Zer Zar Sar
Lecturer, Strategy First Int’t College
Latest Articles
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
4 days ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
1 week ago
Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
1 week ago
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
4 weeks ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
4 weeks ago
