IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
IT Project Manager တစ်ယောက်အဖြစ် ရပ်တည်ဖို့ဆိုတာ ပညာရေး၊ လက်တွေ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်တွေကို အဆင့်ဆင့် တည်ဆောက်ယူရတာ ဖြစ်ပါတယ်။ Project MANAGERတွေရဲ့ အဓိက တာဝန်မှာ သတ်မှတ်ထားတဲ့ အချိန်အတွင်း၊ ဘတ်ဂျက်ငွေနဲ့ အရည်အသွေး စံချိန်မီသော Project တွေကို အောင်မြင်အောင် ဦးဆောင်ကြီးကြပ်ဖို့ ဖြစ်ပါတယ်။
IT Project Manager ဖြစ်လာဖို့ အခြေခံအဆင့်များ
၁။ သက်ဆိုင်ရာ ပညာကို သင်ယူပါ – ဘွဲ့ရပညာရေးဟာ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု (Business Management/Administration)၊ ကွန်ပျူတာသိပ္ပံ (Computer Science) စတဲ့ ဘာသာရပ်တွေက သင့်ကို ဒီအလုပ်အတွက် အခြေခံအသိပညာတွေ ပေးစွမ်းနိုင်ပါတယ်။
၂။ အသိအမှတ်ပြု လက်မှတ်တွေ ရယူပါ – သင့် CV ကို ပိုမြှင့်တင်နိုင်ဖို့ ကျွမ်းကျင်မှု လက်မှတ်တွေ ရယူပါ။
* CAPM – ဒီလမ်းကြောင်းကို စတင်လျှောက်လှမ်းမယ့်သူတွေ အတွက် ရည်ရွယ်တဲ့ လက်မှတ်ဖြစ်ပါတယ်။
* PMP – အတွေ့အကြုံရင့် Project Managerတွေ အတွက် ကမ္ဘာကျော်လက်မှတ်ဖြစ်ပြီး ရာထူးတိုးနှုန်းနဲ့ ဝင်ငွေကို မြှင့်တင်ပေးနိုင်ပါတယ်။
၃။ လက်တွေ့အတွေ့အကြုံ ရယူပါ – Projectတစ်ခုမှာ အဖွဲ့ဝင်အဖြစ် (ဥပမာ - IT Analyst, Associate) စတင်အလုပ်လုပ်ကာ Projectရဲ့ အစအဆုံး လုပ်ငန်းစဉ်တွေကို လေ့လာပါ။ တဖြည်းဖြည်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်တွေ ယူပြီး သင့်ရဲ့ကျွမ်းကျင်မှုနဲ့ ဂုဏ်သတင်းကို တည်ဆောက်ပါ။
Project Manager တစ်ယောက်ရဲ့ တာဝန်ဝတ္တရားများနှင့် လိုအပ်သော စွမ်းရည်များ
အဓိက တာဝန်များ:
Project Manager တစ်ယောက်ဟာ Projectရဲ့ အရည်အသွေး၊ အချိန်ဇယား၊ ကုန်ကျငွေ၊ စွန့်စားရခြေ (Risk)၊ လုပ်ဆောင်ရန် အတိုင်းအတာ (Scope) နဲ့ လူအင်အား/ပစ္စည်းအင်အား (Resources) စတဲ့ ကဏ္ဍ (၆) ခုလုံးကို စီမံခန့်ခွဲရပါတယ်။ နေ့စဉ်လုပ်ငန်းတွေထဲမှာ အလုပ်အချိန်ဇယားဆွဲခြင်း၊ အဖွဲ့ဝင်တွေကို တာဝန်ခွဲဝေခြင်း၊ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်မြင်အောင်ကြည့်ခြင်း၊ အဖွဲ့ကို မြှင့်တင်အားပေးခြင်းနဲ့ စီမံခန့်ခွဲရေး Managerတွေ၊ Projectအပ်နှံသူ (Stakeholder) တွေဆီကို Project တိုးတက်မှုအခြေအနေ ပုံမှန်တင်ပြခြင်းတို့ ပါဝင်ပါတယ်။
လိုအပ်သော စွမ်းရည်များ:
- လူမှုရေးဆက်ဆံရေး စွမ်းရည်များ
- ဆက်သွယ်ပြောဆိုနိုင်မှု – အဖွဲ့ဝင်တွေ၊ ဌာနအသီးသီးနဲ့ ချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်။
- ခေါင်းဆောင်မှု – အဖွဲ့ကို ရှေ့ဆောင်ပြီး Project ရည်မှန်းချက်ဆီ ရှင်းလင်းစွာ ဦးတည်နိုင်ရန်။
- စိတ်ရှည်ခြင်းနှင့် စာနာထောက်ထားနိုင်စွမ်း – ဖိစီးမှုအောက်မှာ အေးအေးဆေးဆေး စီမံခန့်ခွဲနိုင်ပြီး အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ရန်။
- စီမံခန့်ခွဲမှုနှင့် နည်းပညာဆိုင်ရာ စွမ်းရည်များ
- ဘတ်ဂျက် စီမံခန့်ခွဲနိုင်မှု – Projectငွေစာရင်းကို ထိရောက်စွာ စီမံနိုင်ရန်။
- နည်းပညာဗဟုသုတ – Projectစီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ်တွေကို အသုံးပြုတတ်ရန်။
- အရည်အသွေး ထိန်းချုပ်မှု – လုပ်ငန်းရဲ့ အရည်အသွေး စံချိန်နဲ့ ကိုက်ညီအောင် ပြုလုပ်နိုင်ရန်။
- အန္တရာယ် စီမံခန့်ခွဲမှု – Projectအတွက် ကြိုတင်မြင်နိုင်တဲ့ အန္တရာယ်တွေကို ရှာဖွေကာကွယ်နိုင်ရန်။
- ပြဿနာ ဖြေရှင်းနိုင်စွမ်း – ပေါ်ပေါက်လာတဲ့ အခက်အခဲတွေကို စနစ်ကျစွာ ရှာဖွေဖြေရှင်းနိုင်ရန်။
IT Project Manager တစ်ယောက် ဖြစ်လာဖို့ဆိုတာ ပညာရေး၊ လက်မှတ်နဲ့ အတွေ့အကြုံဆိုတဲ့ ခြေလှမ်း (၃) ဆင့်ကို စနစ်တကျ တက်လှမ်းရပါတယ်။ ခေါင်းဆောင်မှု၊ အချိန်နဲ့ ဘတ်ဂျက်စီမံခန့်ခွဲမှု၊ ဆက်သွယ်ရေးစွမ်းရည်တို့ကို ပုံမှန်လေ့ကျင့် တိုးတက်အောင်လုပ်သွားမယ်ဆိုရင် အောင်မြင်တဲ့ Project Manager တစ်ယောက် အဖြစ် ရပ်တည်နိုင်မှာ အမှန်ပါပဲ။
Reference: https://in.indeed.com/career-advice/finding-a-job/how-to-become-a-project-manager
Dr. Daw Thel Seint Aye
Acting Professor and Head, Strategy First Int'l College,
B.C.Sc., B.C.Sc. (Hons), M.C.Sc., Ph.D (IT)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
