“ IT နည်းပညာဖြင့် Business လုပ်ငန်းတွေမှာ တွင်ကျယ်စွာ အကျိုးပြုလာခြင်း “
ယနေ့ခေတ်မှာ IT နဲ့မပတ်သက်ရတဲ့ လုပ်ငန်းအမျိုးအစားဆိုသည်မှာ မရှိသလောက်ကို ရှားပါးပါတယ်။ ကျွန်မတို့ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စအတော်များများမှာ လည်း နည်းပညာနဲ့ ဆက်စပ်ပတ်သက်နေရပါတယ်။ နည်းပညာ တစ်နေ့တခြား တိုးတက်မှု ဆီကို တက်လှမ်းနေသလို လုပ်ငန်းခွင်တွေမှာလည်း IT ရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဏ သည်လည်း ပိုမိုအားကောင်းစွာ ပါဝင်နေပါတယ်။ ဥပမာပြောရရင် - Company အကြီးကြီး တွေသာမက အသေးစား လုပ်ငန်း၊ လမ်းဘေး စတိုးဆိုင်များမှာတောင် အနည်းဆုံး POS software များကို အသုံးပြုပြီး လုပ်ငန်းရဲ့နေ့စဥ်လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေကြပါတယ်။ POS (point of sale) ဆိုသည်မှာ လက်လီ၊ လက်ကား အရောင်း ဆိုင်များ၊ ဟိုတည်များ၊ စတိုးဆိုင်များ၊ ဆေးဆိုင်၊ ဖုန်းဆိုင်၊ အလှကုန်ဆိုင်၊ အဝတ်အထည် ဆိုင်၊ Cafe ဆိုင်များနဲ့ စက်ပစ္စည်းအရောင်းဆိုင်များအထိ အသုံးပြုနိုင်အောင်စီမံရေးဆွဲ ထားသော စနစ်တစ်ခု ဖြစ်ပါတယ်။ POS software အသုံးပြုမည်ဆိုရင် desktop, laptop, tablet, smartphone များနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ ကျွန်မတွေ့ဖူးတဲ့ ကျောင်း တစ်ကျောင်းမှ coffee ဆိုင်လေးဆိုရင် ဆိုင်ပိုင်ရှင်ရဲ့ phone ထဲမှာ POS software ကိုသွင်းပြီး အရောင်း voucher များကိုလည်း portable POS printer သေးသေးလေးနဲ့ အဆင်ပြေစွာ လုပ်ဆောင်နေတာကို တွေ့ခဲ့ရပါတယ်။ POS မှာလည်း ရိုးရိုး desktop POS နဲ့ cloud based POS ဆိုပြီး ဝယ်ယူသူရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ system ကို ရွေးချယ် ဝယ်ယူ နိုင်ပါသေးတယ်။ POS ကို မိမိလုပ်ငန်းများမှာ သုံးစွဲခြင်းဖြင့် လုပ်ငန်းကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး၊ လုပ်ငန်း ကုန်ပစ္စည်းလက်ကျန်များကို စစ်ဆေးခြင်း၊ အရှုံး၊ အမြတ်စာရင်း များကို မြန်ဆန်စွာ တွက်ချက်နိုင်ခြင်း၊ ဆိုင်ခွဲ၁ခုကနေပြီး တခြား ဆိုင်ခွဲများမှ report များကို တနေရာတည်းမှ အဆင်ပြေစွာ ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ Software ရောင်းချ သော လုပ်ငန်းများမှလည်း ယခုနှစ်များတွင်း ၂ သိန်း ပတ်ချာလည်မှစပြီး အမျိုးမျိုးသော POS software အမျိုးအစားများကို စျေးကွက်မှာ များပြားစွာ ရောင်းချလျက် ရှိပါတယ်။ နောက်ထပ် business လုပ်ငန်းများမှာ အထောက်အကူပြုတဲ့ software တစ်ခု အကြောင်း ကိုလည်း ပြောပြချင်ပါသေးတယ်။ ထို software မှာ ERP software ဖြစ်ပါတယ်။ ERP software ဟာ စီးပွားရေး လုပ်ငန်းတစ်ုခုရဲ့ ဌာနဆိုင်ရာ လုပ်ငန်းဆောင်တာတွေအားလုံးကို system တစ်ခု အစားထိုးပြီး digitally လည်ပတ်စေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်း ရဲ့ လည်ပတ်မှုတွေ မြန်ဆန်စေပြီး အလေအလွင့်ဖြစ်မှုများကိုလည်း ကာကွယ်ပေးတာ ကြောင့် အသေးစား လုပ်ငန်းများဖြစ်စေ၊ အကြီးစား လုပ်ငန်းဖြစ်စေ လုပ်ငန်းအမျိုး အစားမရွေး ERP system ကို အသုံးပြုနိုင်ပါတယ်။ Company တစ်ခုမှာရှိတဲ့ ဌာနတစ်ခု နဲ့တစ်ခု ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ finance နဲ့ accounting ဌာနများနှင့်ပတ်သက်တဲ့ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ data အသစ် ၊ အဟောင်းများကို စစ်ဆေးပြီး လုပ်ငန်းအနာဂတ်တိုးတက်မှုများကို သုံးသပ်ပေးနိုင်ပါသေး တယ်။ လုပ်ငန်းအမျိုးအစားအလိုက် module များ စုံလင်စွာရှိတဲ့အတွက်ကြောင့် စျေးကွက် မှာ မိမိ company နဲ့ကိုက်ညီတဲ့ ERP software တစ်ခုကို ရွေးချယ်ပြီး ဝယ်ယူ အသုံးပြုနိုင်ပါတယ်။ ERP software သည်လည်း POS software လိုမျိုး cloud based ERP system ပါရှိတာကြောင့် နေရာဒေသမရွေး soft နှင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ERP Software ကို ရွေးချယ်ဝယ်ယူရာမှာ အရည်အသွေးကောင်းမွန်ပြီး market ထဲမှာ နာမည်ရှိတဲ့ software အမျိုးအစားကို မှန်ကန်စွာ ရွေးချယ်စွာ ရေးချယ်ပြီး ဝယ်ယူဖို့လည်း များစွာ အရေးကြီးပါသေးတယ်။
ကမ္ဘာအနှံ့အပြားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအများစုများမှာလည်း လုပ်ငန်းလည်ပတ်မှုများ လျင်မြန်ချောမွေ့စေဖို့ လုပ်ငန်းအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးများ ရရှိစေဖို့ ERP software ကို လုပ်ငန်းများမှာ တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ ထို့နောက် စီးပွားရေး လုပ်ငန်းများအနေနဲ့လည်း ခေတ်နှင့်အညီ လုပ်ငန်းလုပ်ဆောင်မှုများ အဆင်ပြေစေဖို့ IT နည်းပညာကို မိမိလုပ်ငန်းမှာ သင့်တော်တဲ့နေရာများမှာ ထည့်သွင်းအသုံးပြုကြဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။ နည်းပညာ ပြောင်းလဲမှု့အရှိန်အဟုန်က စက္ကန့်နဲ့အမျှ ပြောင်းလဲနေ တာကြောင့် လုပ်ငန်းရှင်များမှလည်း နည်းပညာများကို မိမိလုပ်ငန်းမှာ ကောင်းမွန်ပိုင်နိုင်စွာ အသုံးပြုခြင်းက မိမိလုပ်ငန်းကိုလည်း ကမ္ဘာကြီးရဲ့ တိုးတက်ပြောင်းလဲမှု့နောက်မှ ထပ်ကြပ် မကွာ လိုက်နိုင်ပြီး လုပ်ငန်းလုပ်ဆောင်မှု ရလဒ်များမှာလည်း တိုးတက်အောင်မြင်လာမည် မှာ မလွဲဧကန် ဖြစ်ပါတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း
2 days ago
လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်
2 days ago
ထိရောက်အောင်မြင်တဲ့ အသင်းအဖွဲ့များဖြစ်ဖို့ ရှိရမယ့် လက္ခဏာရပ်များ
6 days ago
နည်းပညာထက် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအားကို ယုံကြည်ခဲ့သူ စတိဗ်ဂျော့ဘ်စ်
6 days ago
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 week ago
