"How to develop a business plan" Workshop by U Aung Chit Khin
Strategy First University တွင် UK အသိအမှတ်ပြု ဘွဲ့များရရှိနိုင်ရန် ချိတ်ဆက်ဖွင့်လှစ်ထားသည့် BA (Hons) Business and Management Pathway Through HND နှင့် BSc (Hons) Information Technology for Business Pathway Through NCC program များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့တင်မက လက်တွေ့ပါ တိုးတက်လာစေရန် "How to develop a business plan" ခေါင်းစဉ်ဖြင့် Strategy First University ၏ President ဖြစ်သူ ဆရာဦးအောင်ချစ်ခင် မှ 4.10.2022. 5.10.2022 နှင့် 6.10.2022 ထိ လက်တွေ့ သင်တန်းလေးကို မြေနီကုန်းပြည်လမ်းကျောင်း၌ ပြုလုပ်ခဲ့ပါသည်။
"How to develop a business plan" workshop ကို On Campus လာရောက်တက်ရောက်သူ ၁၃၀ ကျော်နှင့် Online မှ ကျောင်းသား ၁၆၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ဒီ Workshop လေးမှာ အဓိကဆွေးနွေးသွားတာကတော့ Product (သို့) Service တစ်ခုရဲ့ Business Ideas တွေကို စဉ်းစားပြီး ဈေးကွက်ထဲမှာ ဘယ်လိုမျိုးရောင်းချသွားမလဲဆိုတာ၊ စျေးကွက်သုတေသနပြုထားမှု နဲ့ အနာဂတ် ပြိုင်ဘက်များနဲ့ အနေအထားကို ကြိုတင် ကာကွယ်ပြင်ဆင်မှု၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု (Operations), ဘဏ္ဍာရေးဆိုင်ရာ စီမံချက် (Finance) စတဲ့ အကြောင်းအရာများကိုလက်တွေ့ ကျကျ ဆွေးနွေးဖြစ်ခဲ့ပါသည်။ ဒါ့အပြင် လုပ်ငန်းတိုင်းဟာ စီးပွားရေးလုပ်တာ နဲ့ လုပ်ငန်းတစ်ခုရဲ့ အကျိုးအမြတ်တစ်ခုကို ကြည့်တာမဟုတ်ပဲ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုတာဝန်ယူခြင်း (Corporate Social Responsibility) ကိုပါ တာဝန်ယူတတ်အောင် သင်ကြား ပို့ချပေးခဲ့ပါသည်။
Latest Articles
တက္ကသိုလ်ပညာရေးကို ပြောင်းလဲနေသော AI
4 days ago
စီမံကိန်း အောင်မြင်ဖို့ စိတ်ခံစားမှုဖြစ်တဲ့ ဉာဏ်ရည် (EI) ရဲ့ အရေးပါမှု
5 days ago
Balance Scorecard- လုပ်ငန်းအောင်မြင်မှုအတွက် လေးနက်တဲ့ရှုထောင့် (၄) ရပ်
1 week ago
လုပ်ငန်းခွင်တွင် ဝန်ထမ်းများ စိတ်အားထက်သန်မှု၏ အရေးပါပုံ
1 week ago
Mumbai Dabbawala
1 week ago
