Healthy student lifestyle ဖြစ်စေဖို့အတွက် အကြံပြုချက်များ
SFU ကျောင်းသားများ Healthy student lifestyle ဖြစ်စေရန် Tips များ ကျောင်းသား၊ ကျောင်းသူတွေဆိုတာ လူငယ်အရွယ်တွေဖြစ်တဲ့အလျောက် ပညာရေး၊ အချစ်ရေး၊ လူမှုရေးအစရှိတဲ့ အရေးတွေနဲ့ အမြဲပတ်သက် နေရတဲ့အလျောက် မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အမြဲဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို အမြဲဂရုစိုက်ပေးနေမှသာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ကျောင်းသားဘဝတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ အောက်ပါ အချက်လေးတွေအတိုင်း လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
၁။ လုံလောက်စွာ အိပ်ခြင်း
အိပ်ရေးမဝခြင်းဟာ အာရုံစူးစိုက်မှုအားနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အားအင်လျော့နည်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ၁ ရက်ကို ၇ နာရီမှ ၉ နာရီ အထိ အိပ်သင့်ပါတယ်။
၂။ မျှတအောင်စားခြင်း
အစာအုပ်စု ၃ ခုမှာ ပါတဲ့အတိုင်း အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်း စတာတွေကို မျှတစွာ စားပေးခြင်းက ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ အချိုတွေ အဆီများတဲ့ အစားအစာတွေကို လိုအပ်တာထက် ပိုမစားဖို့ အကြံပေးလိုပါတယ်။
၃။ လေ့ကျင့်ခန်းများလုပ်ပါ။
ခန္ဓာကိုယ်ပေါ့ပါးအောင် တစ်ရက်ကို ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် ၃၀ မျှ လုပ်ပေးသင့်ပါတယ်။ အချိန်ပေးနိုင်ရင် Gym ဆော့သင့်ပါတယ်။ Yoga, Zumba, Cardio စတာတွေကိုလည်း ပျင်းတဲ့စိတ်ကို ဖျောက်ပြီး ကိုယ့်ကျန်းမာရေးအတွက် ဆော့သင့်ပါတယ်။
၄။ လူအများနှင့် ဆက်ဆံပါ။
ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ ကောင်းမွန်စွာ ဆက်ဆံပြီး ပျော်ရွှင်အောင် နေထိုင်ပါ။ အဲ့ဒီလိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိခြင်းက ကိုယ့်ရဲ့ သောကတွေကို မျှဝေနိုင်သလို အကြံကောင်းဉာဏ်ကောင်းတွေ ရရှိနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေ လျော့နည်းစေပြီး ပျော်ရွှင်စေနိုင်ပါတယ်။
၅။ အချိန်ကိုစီမံပါ။
ကိုယ်တစ်နေ့တာ လုပ်ရမယ့် Taks တွေကို စာအုပ်ဖြစ်စေ၊ planner မှာဖြစ်စေ ခွဲထားခြင်းအားဖြင့်လည်း ကိုယ့်အတွက် အလုပ်တစ်ခုသက်သာစေပါတယ်။
၆။ အနားယူပါ။
တစ်နေ့တာမှာ အလုပ်လုပ်ပြီးတိုင်း ပုံမှန်အနားယူပါ။ စိတ်နဲ့ခန္ဓာကို Relax လုပ်ပေးခြင်းက အားရှိစေတဲ့အပြင် နောက်လုပ်ရမယ့်အလုပ်ကို ပိုလုပ်နိုင်ပြီး အကြံဉာဏ်ကောင်းတွေပါ ရနိုင်ပါတယ်။ အပေါ်ကအချက်တွေကို လုပ်ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေအတွက် ပိုမို အကျိုးရှိလာစေနိုင်မယ်လို့ ယူဆပါတယ်။
Min Thu Kha
SFU Media Club (Undergraduate Programme)
(BM batch – 26)
Latest Articles
တက္ကသိုလ်ပညာရေးကို ပြောင်းလဲနေသော AI
4 days ago
စီမံကိန်း အောင်မြင်ဖို့ စိတ်ခံစားမှုဖြစ်တဲ့ ဉာဏ်ရည် (EI) ရဲ့ အရေးပါမှု
5 days ago
Balance Scorecard- လုပ်ငန်းအောင်မြင်မှုအတွက် လေးနက်တဲ့ရှုထောင့် (၄) ရပ်
1 week ago
လုပ်ငန်းခွင်တွင် ဝန်ထမ်းများ စိတ်အားထက်သန်မှု၏ အရေးပါပုံ
1 week ago
Mumbai Dabbawala
1 week ago
