" Dubai's 1 % Man - Rizwan Sajan "
Dubai ရဲ့ 1% Man လို့ လူသိများကြတဲ့ Rizwan Sajan ရဲ့ ဇာတ်ကြောင်းဟာ တစ်ခုခုကိုပြောင်းလဲချင်တဲ့အတွက် ကိုယ့်ဘက်က Invest လိုက်တဲ့ Hard work တွေ၊ အဲ့ဒီပြောင်းလဲချင်တဲ့အရာ (Vision) ကို Determination အပြည့်နဲ့ ရအောင်လုပ်တာက အောင်မြင်ဖို့အတွက် အလွန်အရေးပါကြောင်း သက်သေတစ်ခုလို ရှိနေပါတယ်။ India မှ ဆင်းရဲတဲ့ရပ်ကွက်တစ်ခုမှာ ကြီးပြင်းခဲ့ပေမယ့် အရှုံးမပေးခဲ့ဘဲ Dubai က လူတွေအများကြီးရဲ့ဘဝကို ပြောင်းလဲ ပေးနိုင်ခဲ့တဲ့ real estate empire တစ်ခုကို ကြိုးစားတည်ထောင်ခဲ့ပါတယ်။ သူဟာ ဆင်းရဲသားဘ၀ကလာခဲ့ပေမယ့် ဘ၀ကို လုံး၀အရှုံးမပေးခဲ့ဘဲ သူစုမိခဲ့တဲ့ ငွေအနည်းငယ်နဲ့ 1975 ခုနှစ်က Dubai မှာအခြေချဖို့ ထွက်ခွာလာခဲ့ပါတယ်။
Dubai မှာ သာမန်အလုပ်သမားဘ၀နဲ့ စခဲ့ရပြီး လစာအနည်းငယ်သာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ Sajan ဟာ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် မမောမပန်း အလုပ်ကြိုးစားခဲ့ပြီး စုမိထားတဲ့ငွေတွေနဲ့ သူရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Danube Group ကို 1993 မှာ စတင်ခဲ့ပါတယ်။
Danube Group ဟာ အစမှာ အိမ်ဆောက်ပစ္စည်းရောင်း၀ယ်ရေးကို အဓိကလုပ်ကိုင်ခဲ့ပြီး Sajan ဟာ Dubai ရဲ့ Affordable Housing ရဖို့အတွက် ငွေကြေး Gap ဟာ အလွန်မြင့်ကြောင်းတွေ့ရှိပြီးနောက် သူ့ရဲ့ Revolutionary Plan တစ်ခုဖြစ်တဲ့ "1% Plan" ကို စတင်ခဲ့ပါတယ်။ ဒီ 1% system က အိမ်၀ယ်သူတွေကို စစချင်း အိမ်တန်ဖိုးရဲ့ 1% ကိုသာ ပေးချေစေပြီး ကျန်ငွေကို Installment များနဲ့ဆက်ရှင်းပြီး အိမ်ရာများကို ပိုင်ဆိုင်စေတဲ့ Innovative scheme တစ်ခု ဖြစ်ပါတယ်။ Sajan ရဲ့ ဒီလို Innovation ကြောင့် Dubai မှာ အိမ်ပိုင်ဆိုင်ချင်နေကြသူတွေရဲ့ အိပ်မက်တွေဟာ Reality တွေ ဖြစ်လာခဲ့ပါတယ်။ Danube Group ဟာ ဒီ Business method နဲ့ တဖြည်းဖြည်း Growth ရရှိလာပြီး Commercial tower တွေ၊ ကျောင်းတွေ၊ Hotel တွေ အစရှိတဲ့ Project အသစ်တွေကိုပါ တာ၀န်ယူလုပ်ကိုင်လာခဲ့ပါတယ်။ သူတို့ဟာ Dubai မှာ အိမ်ခြေပေါင်း 15,000 ကျော်ကို တည်ဆောက်ပြီးခဲ့ပြီး တခြား Middle east နဲ့ Asia နိုင်ငံတွေထိပါ ချဲ့ထွင်ပြီးပါပြီ။
Sajan ရဲ့ အောင်မြင်မှုတွေကို Financial terms တွေနဲ့သာမက သူ့ရဲ့ Community service တွေ Philanthropy activity တွေနဲ့ပါ တိုင်းတာလို့ ရပါတယ်။ သူဟာ Charity ပေါင်းများစွာတည်ထောင်ထားတဲ့အပြင် Education ပိုင်း၊ Healthcare ပိုင်းနဲ့ တခြား Social cause တွေမှာပါ တက်တက်ကြွကြွ ပါ၀င်သူတစ်ယောက် ဖြစ်ပါတယ်။ Rizwan Sajan ရဲ့ Story ဟာ တက်သစ်စ Entrepreneur တွေနဲ့ အခက်အခဲတွေ ကြုံရပြီး အရှုံးပေးချင်နေသူများ အတွက် Inspiration တစ်ခုလို ရှိနေပါတယ်။ သူဟာ အလုပ်ကြိုးစားရင်၊ Determination အပြည့်အ၀ရှိရင်၊ တစ်ခုခုကိုပြောင်းလဲချင်တဲ့ Burning desire တစ်ခုရှိရင် ဘာမဆိုဖြစ်နိုင်ကြောင်း သက်သေပြတဲ့ Living example တွေထဲက တစ်ယောက်ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ Sajan ရဲ့ Story ကိုကြည့်ပြီး
၁။ ကိုယ်လိုချင်တဲ့ Ambition တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ပါ။
၂။ အလုပ်ကြိုးစားပါ။ Successက အလွယ်တကူမလာတာကြောင့် Effort တွေအများကြီး၊ အချိန်အများကြီး ပေးရပါမယ်။
၃။ Innovate လုပ်ပါ။ Idea အသစ်တွေနဲ့ သူမတူထူးခြားနေရင် ပိုအောင်မြင်တတ်ပါတယ်။
၄။ ကိုယ်လိုချင်တဲ့ Success ရခဲ့ရင် Community အတွက်လည်း Positive deed တွေ Impact တွေ ပြန်ပေးပါ။
အစရှိတဲ့ သင်ခန်းစာတွေကို လေ့လာမှတ်သားလို့ရကြောင်းတင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
Min Ye Yint
SFU Media Club
(Undergraduate Programme)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
