"Does working hard really make you a good person "
ဒီတစ်ခေါက် မျှဝေပေးမယ့် TED Talk discussion ကတော့ Dr. Azim Shariff တင်ပြဆွေးနွေးခဲ့တဲ့ "Does working hard really make you a good person " အလုပ်ကို ကြိုးကြိုးစားစားလုပ်ခြင်းက တကယ်ပဲ သင့်ကို လူကောင်း တစ်ယောက် ဖြစ်စေပါ့မလားဆိုတာပဲ ဖြစ်ပါတယ်။Dr. Azim Shariff ကတော့ University of British Columbia ကျောင်းဆင်း PHD ဘွဲ့ရ Social Psychologist ဖြစ်ပြီး စိတ်ပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သုတေသနပြုလုပ်နေတဲ့ သုတေသနပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
Dr Azim Shariff က ဥပမာတစ်ခုနဲ့ အစချီပါတယ်။ "တကယ်လို့ အလုပ်မှာ သင့်ရဲ့အလုပ်အကုန်လုံးကို အခကြေးငွေမယူဘဲ အချိန်မြန်မြန်နဲ့ Quality အကောင်းဆုံးလုပ်ပေးတဲ့ Software ရှိတယ်ဆိုပါစို့၊ သင့်အလုပ်ရှင် ကလည်း သဘောကောင်းကောင်းနဲ့ ရွေးချယ်စရာနှစ်ခုပေးမယ်။ အလုပ်မလာဘဲ အိမ်မှာနေပြီး လစာယူမလား၊ ဒါမှမဟုတ် အိမ်မှာမနေဘဲ အလုပ်လာလုပ်ပြီး လစာယူမလား။ကျွန်တော်တို့အကုန်လုံးနီးပါးကတော့ အိမ်မှာနေပြီး လစာရတာကိုပဲ ရွေးကြမှာပေါ့။ ဒါပေမဲ့ တချို့အတွက်တော့ ဒီလိုမဟုတ်ပြန်ပါဘူး။ အလုပ်လုပ်မယ်ဆိုတာကို ရွေးမယ့်လူတစ်စုလည်း ရှိနေပြန်ပါသေးတယ်။"
အပေါ်ကပြောခဲ့သမျှဟာ Azim က သူရဲ့သုတေသနအဖွဲ့၀င်တွေကို စမ်းသပ်မေးမြန်းခဲ့တဲ့ Scenario တစ်ခုပါ။ စမ်းသပ်ချက်ထဲမှာတော့ Jeff ဆိုတဲ့ပုဂ္ဂိုလ် ဘယ်ဟာကိုရွေးမလဲဆိုတာကို ဖြေခိုင်းခဲ့တာပဲဖြစ်ပါတယ်။ တချို့ကလည်း အိမ်မှာအနားယူမယ်၊ တချို့ကလည်း အလုပ်လာလုပ်မယ်ဆို ရွေးကြပါတယ်။ Jeff ရဲ့ အလုပ် လုပ်ခြင်းအပေါ် ကွဲပြားတဲ့အမြင်တွေလည်း ရှိကြပြန်ပါတယ်။ Jeff အလုပ်လုပ်လိုက်တာက ဘာမှထူးခြားမှုမရှိ၊ စက်နဲ့လုပ်တဲ့ ရလဒ်နဲ့အတူတူဖြစ်ပေမယ့်လည်း လူတိုင်းက Jeff ကို သီလရှိတဲ့လူအဖြစ် မြင်ကြပါတယ်။ ဘာလို့ပါလဲ။ သူ့ရဲ့ ရှာဖွေတွေ့ရှိချက်ကို Azim က ဆက်ပြောပါတယ်။ "လူတွေက ကြိုးစားအားထုတ်မှုတစ်ခုခုရဲ့ ရလဒ်ကိုကြည့်တာထက် ကိုယ်ကျင့်တရားပေတံနဲ့ တိုင်းတာရတာကို ပိုအားသာကြပြီး သူတတ်နိုင်သလောက် လုပ်ထားတာပဲဆိုတဲ့ အမြင်မျိုးရှိကြလို့ပဲ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့အမြင်မဟုတ်ဘဲ နိုင်ငံတိုင်း လူမျိုးတိုင်းမှာရှိကြတဲ့အမြင်မျိုးဖြစ်ပါတယ်။ အလုပ်ကြိုးစားလုပ်တဲ့လူဟာ အကျင့်ကောင်းတယ်၊ လူကောင်းဖြစ်နိုင်တယ်ဆို သတ်မှတ်လိုက်ကြသလို လူကောင်းတစ်ယောက်ရဲ့စံနှုန်းအဖြစ် လက်ခံကြတာလည်း အများပါပဲ။ ဒီထက်ပိုဆိုးတာကတော့ ခေတ်စနစ်နဲ့အတူပြောင်းလဲတိုးတက်လာတဲ့အလုပ်တွေပါ။ အလုပ်တွေဟာ ဘာ efforts မှမရှိဘဲ Hard working အလုပ်ကြိုးစားလုပ်ခြင်းဆိုတဲ့အရာပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချလာတာကြောင့် ၀န်ထမ်းတွေဟာ ဘ၀ Identity နဲ့ career အတွက် အားထုတ်ဖို့ရာ မလုပ်နိုင်ကြတော့ပါဘူး။ ဒီလိုပြောလို့ Hard working ဟာ အရေးမပါတာမဟုတ်ပါဘူး။ Hard working ဟာ အဓိပ္ပာယ်ရှိတဲ့ hard working ဖြစ်ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ရလဒ်ကောင်းရှိကိုရှိရပါမယ်။ ဒါပေမဲ့ သမိုင်းတစ်လျှောက် လူသားတွေ တည်ဆောက်ခဲ့တာတစ်ခုဖြစ်တဲ့ ကျင့်၀တ်သီလနဲ့ ကိုယ်ကျင့်တရား အခြေခံအုတ်မြစ်တွေဟာ ကျွန်တော်တို့ကို အလုပ်ကြိုးကြိုးစားစားလုပ်ဖို့နဲ့ အလုပ်ကြိုးစားတဲ့လူတွေကို လေးစားတတ်ဖို့ သင်ပေးထားခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
Azim က ဆက်ပြောပါတယ်။ ဒီလို Hard Working ရဲ့အဓိပ္ပာယ်ကို လွဲမှားနေကြတဲ့အတွက် ကျွန်တော့်သုတေသန စာသင်ခန်းရဲ့ culture ကိုလည်း ပြောင်းပြီးတဲ့နောက် ကျောင်းသားတွေကိုလည်း အလုပ်ပိုလုပ်တာကိုပြဖို့ ပြိုင်ဖို့ ကြွားဖို့ထက် ဘာရလဒ်ကို ထုတ်လုပ်နိုင်လဲဆိုတာက အရေးကြီးကြောင်း ရှင်းပြခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်တာတစ်ခုက ဒီလိုအရိုးစွဲနေတဲ့ အမြင်က ဘယ်လောက်အထိပြုပြင်မရဖြစ်နေပြီလဲ။ ထိုနည်းတူ ကျွန်တော်တို့ရဲ့ culture ဟာလည်း မဟုတ်တာကို အသားပေးမြင်တတ်တာပေါ်မူတည်ပြီး တည်ဆောက်ခဲ့သလို ဖြစ်နေပါတယ်။
"အကယ်၍သာ ကျွန်တော်တို့ဟာ အလုပ်ဘယ်လောက်လုပ်တယ်ဆိုတာထက် ဘာရလဒ်ကိုရရှိအောင် လုပ်နိုင် ခဲ့တယ်ဆိုတာနဲ့သာ ရှုမြင်တိုင်းတာကြမယ်ဆိုရင် ကျွန်တော်တို့အားလုံးဟာ အဓိပ္ပာယ်ပြည့်၀တဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်မှာ အမှန်ပါပဲ။" လို့ Azim က ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ Azim ပြောတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ အလုပ်ခွင်၊ ကျောင်းပတ်၀န်းကျင်မှာ အလုပ်ကိုအချိန်ပြည့်လုပ်နေတဲ့ လူတွေဟာ ရလဒ်တစ်ခုခုကို ရရှိအောင်လုပ်ယူပေးနိုင်ခဲ့ကြပြီလား။ တကယ်လို့ မရဘဲနဲ့ လုပ်နေကြ တယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ အမြင်တွေကိုပြောင်းကြဖို့ လိုအပ်နေပြီဆိုတာကိုပဲ ပြောကြားရင်း ဒီတစ်ပတ်ရဲ့ Ted Talk review ကို ဒီမှာတင် အဆုံးသတ်လိုက်ရပါတယ်။
https://www.ted.com/talks/azim_shariff_does_working_hard_really_make_you_a_good_person/transcript
Paing Soe Myat
SFU Media Club
Undergraduate Programme
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
