Creative Thinking, Critical Thinking and Systems Thinking
Thinking ဆိုတာ လူတွေရဲ့ဘဝမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သို့ပေမဲ့ thinking ဟာ အခက်ဆုံး အကြောင်းအရာဖြစ်တဲ့အတွက် လူတချို့ကပဲ thinking ကို ပြုလုပ်ကြတယ်လို့ Henry Ford က ပြောထားပါတယ်။ ကိုယ့်ကိုယ်ကို အတွေးအခေါ် အယူအဆ အဟောင်းထဲမှာပဲ တန်ဆာခံတစ်ယောက်လို ပိတ်ထားမလား၊ အတွေးအခေါ်အသစ်တွေနဲ့ လွတ်လပ်စွာဝေဖန် ပိုင်းခြား စဉ်းစားလုပ်ဆောင်မလားဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုသာလျှင် ဖြစ်ပါတယ်။ Creative thinking ဆိုတာ သမားရိုးကျလမ်းကြောင်းကခွဲထွက်ပြီး၊ အခြေအနေကို ရှုထောင့်ပေါင်းစုံ ကနေပြီး စဉ်းစားသုံးသပ်ဆုံးဖြတ် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ Creative thinking skills ရှိစေဖို့အတွက် creative လုပ်ချင်တဲ့ attitude နဲ့ confidence (လုပ်ချင်စိတ်နဲ့လုပ်ရဲဖို့) ရှိဖို့လိုပါတယ်။ သူတို့တွေဟာ listener နဲ့ communicator ကောင်းတွေဖြစ်ကြပြီး၊ open-minded ဖြစ်ကြတဲ့အတွက် အမှားလုပ်မိမှာ ဝေဖန်ခံရမှာ မကြောက်ကြပါဘူး။ သူတို့ရဲ့အမှားတွေနဲ့ အောင်မြင်မှုတွေကို သေချာစိစစ်ပြီး သင်ခန်းစာယူပြီး ပြုပြင်တတ်ကြပါတယ်။ အသိပညာဗဟုသုတရှိအောင် အမြဲကြိုးစားနေကြပြီး အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် အလိုက်သင့်ပြောင်းလဲ နိုင်စွမ်းရှိကြပါတယ်။ Creative thinking skills ကောင်းလာရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ပိုရှိလာခြင်း၊ ပြဿနာတွေကို အရင်ကထက်ပိုပြီး အဆင်ပြေအောင်ဖြေရှင်းလာနိုင်ခြင်း၊ ဆန်းသစ်တဲ့အတွေးအခေါ်တွေရှိလာခြင်း၊ သူများတွေနဲ့ ကွဲပြား ခြားနားစွာ စဉ်းစားလုပ်ဆောင်လာနိုင်ခြင်းတို့ကြောင့် သူများတွေရဲ့ယုံကြည်မှုကိုရရှိကြပြီး လုပ်ငန်းခွင်မှာ ပိုပြီး အောင်မြင်ကြပါတယ်။ Critical thinking ဆိုတာ တွေ့ကြုံရတဲ့အခြေအနေအရပ်ရပ်ကို ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ဝေဖန်ပြီး၊ ကျိုးကြောင်းဆီလျော်မှုရှိရှိ သုံးသပ်လုပ်ဆောင်ပြီးမှ၊ အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ Critical thinking skills ရှိတဲ့သူတွေဟာ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်နဲ့ ဆုံးဖြတ် နိုင်စွမ်းရှိကြပြီး အများတကာတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ရရှိကြပါတယ်။ Systems thinking ဆိုတာ ဟိုတစ်စ ဒီတစ်စဖြစ်နေတဲ့ အခြေအနေတွေကို အမြင်ကျယ်ကျယ်နဲ့ ပေါင်းစပ် ချိတ်ဆက်ပြီး ပုံစံတကျ၊ စနစ်တကျ စဉ်းစားသုံးသပ် ချိတ်ဆက်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ကျမပေးချင်တဲ့ message က - မြန်မာလူငယ်တွေမှာ creative thinking skills တွေ ရှိတာတွေ့ရပါတယ်။ တချို့အတွေးတွေဟာ silly ဒါမှမဟုတ် funny ဖြစ်နေတာလည်း ရှိနိုင်ပါတယ်။ ဒါကိုက creativity ရဲ့ စမှတ်ပါပဲ။ နည်းနည်းလေးပဲ ထပ်သွေးလိုက်ပါ။ စာများများဖတ်ပြီး ဓမ္မဓိဌာန်ကျကျနဲ့ ကျိုးကြောင်း ဆီလျော်မှုရှိရှိသုံးသပ်ဖို့ လုပ်ဆောင်သင့်ပါတယ်။ အဲဒီအခါမှာမဖြစ်နိုင်တဲ့အတွေးတွေကို ဖယ်ထုတ်လိုက်ရင် ကျန်တာတွေကတော့ ကိုယ့်အတွက်ပဲပေါ့။ အဲဒါတွေကိုမှ systems thinking နဲ့ အချိတ်အဆက်မိမိ ဆက်စပ် တွေးတောလုပ်ဆောင်မယ်ဆိုရင် တဖြည်းဖြည်းလမ်းကြောင်း မှန်ပေါ်ရောက်ပြီး အောင်မြင်မှု ရလာပါလိမ့် မယ်။ တစ်ဖက်ကလည်း external environment ရဲ့ PEST (political, economic, social, technological) တို့ကိုမျက်ခြေမပြတ်စေဘဲ ဘယ်အခြေအနေက ကိုယ့်အတွက် opportunities လဲ၊ threats ဖြစ်နေသလဲ ဆိုတာကို အမြဲသိနေအောင်လေ့လာထားပါ။ ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို အမြဲဆန်းစစ်နေပြီး personal SWOT analysis ကိုလုပ်ပြီး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်မယ် ဆိုရင်တော့ အောင်မြင်မှုက လက်တကမ်းအလိုကို ရောက်လာနိုင်ပါကြောင်း စေတနာကောင်းနဲ့ တိုက်တွန်း လိုက်ရပါတယ်။
Daw Aye Aye Win
B. Com (Hons), M.Com (YUE), Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
