'' Cobra Effect and Pygmalion Effect in the Workplace ''
အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ဦးရွက်ပြုတဲ့အခါမှာ Strategy/ Policy ပိုင်းနဲ့ Operations ပိုင်းဆိုပြီး(၂) ပိုင်း ခွဲပြီးပြောပါ့မယ်။
'' Strategy/ Policy ပိုင်း ''
အဖွဲ့အစည်းတွေမှာ တစ်ခါတစ်ရံမှာ အပြုသဘောနဲ့ ပြဿနာတစ်ရပ်ကို ဖြေရှင်းတဲ့စနစ်တစ်ခုကို ချမှတ် လိုက်တာဟာ နောက်ပြဿနာတစ်ခုကို ဖြစ်ပေါ်သွားစေပါတယ်။ Cobra Effect ကို ကြားဖူးကြပါလိမ့်မယ်။ Cobra Effect ဆိုတာ မိမိရဲ့ပေါ်လစီကြောင့်၊ လုပ်ဆောင်ချက်ကြောင့်၊ ပြဿနာဖြေရှင်းပုံကြောင့်မမျှော်မှန်းထားတဲ့ အကျိုးဆက်ကို ရရှိဖြစ်ပေါ်သွားစေတယ်လို့ ပြောတာဖြစ်ပါတယ်။ ရည်ရွယ်ချက် ကောင်းပေမယ့်လည်း လက်ရှိအခြေအနေကို သေချာနားမလည်ဘဲနဲ့၊ ရှေ့နောက်မစဉ်းစားဘဲ (ဒါမှမဟုတ်) ရေရှည်အတွက်မစဉ်းစားဘဲ လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တစ်ခုကြောင့်၊ ရလာတဲ့ရလဒ်တွေက ရည်မှန်း ထားသလို ဖြစ်မလာတာမျိုးကို ပြောတာဖြစ်ပါတယ်။ အိန္ဒိယမှာမြွေအန္တရာယ်ကြောင့် မြွေဖမ်းပေးတဲ့ သူတွေကို ဗြိတိသျှအစိုးရက အခကြေးငွေ ချီးမြှင့်တဲ့ပေါ်လစီဟာ အခြေအနေအချိန်အခါကို သေချာ နားမလည်ဘဲလုပ်တော့ လူတွေက ဖမ်းစရာမြွေတွေ ကုန်သွားတဲ့အခါမှာ မြွေတွေကိုရှာပြီး မွေးကြတော့ တာကြောင့် မြွေတွေလျော့မသွားတဲ့အပြင် ပိုတောင်များလာကြောင်း တွေ့လိုက်ရပါတယ်။ ဟိုလူတွေက မြွေနဲ့ယဉ်ပါးကြတဲ့သူတွေများတာကိုး။
အလုပ်ခွင်မှာ ၀န်ထမ်းတွေနောက်ကျလို့ Fines ကောက်တဲ့စနစ်ဟာ တစ်ခါတစ်ရံမှာ Cobra Effect ကိုဖြစ်သွားစေနိုင်ပါတယ်။ လူတွေရဲ့စိတ်က မကောင်းမှုမှာ မွေ့လျော်တတ်တာကြောင့် ဒဏ်ကြေး ပေးလိုက်ရုံနဲ့ နောက်ကျလို့ရတယ်ဆိုတဲ့ စိတ်မျိုး၀င်သွားရင် …….
“ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးခါမှ ဆေးအတွက် ပိုလေး” သွားတာမျိုးပါ။ ဒါကြောင့်မို့လို့ တစ်ခုခုလုပ်တော့မယ်ဆိုရင် “ဘာကြောင့်လုပ်ရတာလဲ” ဆိုတာကို သေချာလေ့လာပြီး လိုချင်တဲ့အကျိုးဆက်ကိုရမရဆိုတာကို သေချာတွက်ချက်ရပါတယ်။ လိုချင်တဲ့အရာကို ရနိုင်တယ် ဆိုတော့မှ “ဘယ်လိုလုပ်ကြမလဲ” ဆိုတာကို သေချာတွက်ချက်ပြီး စနစ်တကျ လုပ်ဆောင်ရပါတယ်။ ဒါကြောင့် Stephen Covey က ဘာလုပ်လုပ် “Begin with the END in Mind” တဲ့။
Operations ပိုင်း
Operations တွေကို ဆောင်ရွက်ရမယ့်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ကြံ့ခိုင်ဖို့လိုပါတယ်။ Pygmalion Effect ဆိုတာက လူတစ်ယောက်အပေါ်မှာ မျှော်လင့်ချက် မြင့်မြင့်မားမားထားရင်၊ အဲ့လိုထားတယ်ဆိုတာကိုလည်း သူသိအောင်ပြောပြထားရင်၊ ကြိုးကြိုးစားစားလုပ်ကြမှာမို့၊ စွမ်းဆောင်ရည် မြင့်မားပြီး တော်လာမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါက ဂရိဒဏ္ဍာရီထဲက ပန်းပုဆရာ Pygmalion က သူထုလုပ်ထားတဲ့ ပန်းပုမင်းသမီးရုပ်လေးကို ချစ်ခင်စွဲလမ်းသွားလို့ Venus နတ်သမီးထံမှာ ပြင်းပြတဲ့ မျှော်လင့်ချက်နဲ့ ဆုတောင်းခဲ့လို့ ပန်းပုရုပ်ကအသက်၀င်လာတဲ့ပုံပြင်ကို အခြေခံထားတာပါ။ ဥပမာ Leader တစ်ယောက်က Follower ပေါ်မှာ Learning လုပ်ဖို့ အလွန်မျှော်လင့်တယ်ဆိုပါစို့။ သူကိုယ်တိုင်ကလည်း Follower က အားကျလာအောင် Learning ကို သေချာလုပ်ပါတယ်။ နောက်ဆုံးတော့ Follower က ကြိုးစားပမ်းစား Learning လုပ်တဲ့အဆင့်ထိ ရောက်လာပါလိမ့်မယ်။ အရေးကြီးတာက “လူရွေးမှန်” ဖို့ပါ။ မျိုးစေ့မကောင်းရင်တော့ ဘယ်လောက်ပဲ ရေလောင်းပြီးပေါင်းသင်ပါစေ၊ အပင်က မသန်စွမ်းနိုင်တာမို့ “လုပ်မယ်ဆိုရင်ဖြစ်အောင်လုပ်တတ်တဲ့စရိုက်လက္ခဏာရှိတယ်လို့ ယုံကြည်စိတ်ချရတဲ့သူ” “လုပ်နိုင် လုပ်တတ်တဲ့သူ” “လုပ်ချင်စိတ်ရှိတဲ့သူ” တွေကို ရွေးချယ်ဖို့လိုပါတယ်။ “ဘ၀င်မြင့်တတ်တဲ့သူ” တွေကို မရွေးချယ်မိဖို့ အလွန်အရေးကြီးပါတယ်။ မိမိတို့အဖွဲ့အစည်းမှာ အခြေအနေအချိန်အခါကို နားလည်ပြီး အခြေအနေအချိန်အခါနဲ့ သင့်တော်တဲ့ Strategy/ Policy တွေကိုချမှတ်နိုင်စွမ်းရှိပြီး၊ Adaptability ရှိသူ၊ Communication, Networking Skills ကောင်းတဲ့ဦးဆောင်သူတွေနဲ့ သင့်တော်မှန်ကန်ကြိုးစားတဲ့ Operations သမား Followers တွေရှိကြစေဖို့ ဆောင်ရွက်နိုင်ကြပါစေရန်ဆန္ဒပြုလျက် ….
Daw Aye Aye Win
B. Com (Hons), M.Com (YUE), Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 day ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
1 day ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
4 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
4 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
6 days ago
