အွန်လိုင်းစျေးဝယ်ယူသူများအတွက် အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက်
သမ္မတ Donald Trump သည် တရုတ်သွင်းကုန်များအပေါ် တင်းကြပ်သောမူဝါဒများကို ယနေ့မှစတင်ပြီး ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် Shein နှင့် Temu မှစျေးဝယ်သူများက အနည်းငယ်သက်ပြင်းချနိုင်ခဲ့တာကိုတွေ့ရပါတယ်။
ပြီးခဲ့သော တနင်္လာနေ့က သမ္မတ Donald Trump သည် ဘေဂျင်းတွင် တရုတ်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် တရုတ်မှတင်သွင်းသော ကုန်ပစ္စည်းအားလုံးကို ၁၄၅% မှ ၃၀% အထိ လျှော့ချသည့် ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံသည် အမေရိကန် သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ထိုသို့လျှော့ချမှုများသည် ရက် ၉၀ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံသည် ရေရှည်သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းနေတဲ့အချိန်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံနှင့် ဟောင်ကောင်နိုင်ငံမှ တန်ဖိုးနည်း၊ ကုန်ပစ္စည်းများအား အခွန် ယာယီလျှော့ချရေးအတွက် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲမှ အထိရောက်ဆုံးသော လှုပ်ရှားမှုများထဲမှ တစ်ခုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဒေါ်လာ ၈၀၀ အောက် တန်ဖိုးရှိသော ကုန်ပစ္စည်းများ၊ Shein နှင့် Temu ကဲ့သို့ e-commerce များကို တရုတ်နိုင်ငံမှ စျေးသက်သက်သာသာဖြင့် US စျေးကွက်သို့ တင်ပို့ပြီး အမေရိကန်နိုင်ငံဆီကနေ အခွန်ကင်းလွတ်ခွင့်ကို ကာလကြာရှည်စွာ တင်ပို့နိုင်ဲခ့ပါတယ်။ ယခုနှစ်အစောပိုင်းတွင်၊ Trump သည် ဧပြီလအစမှာ တရုတ်နဲ့ ဟောင်ကောင်မှ တန်ဖိုးနည်း သွင်းကုန်များအပေါ် အခွန် ၃၀% ကောက်ခံရန် ရွှေ့ဆိုင်းလိုက်ပါတယ်။
အကောက်ခွန် တိုးမြှင့်ရာတွင်၊ တရုတ်အတွက် တန်ဖိုးနည်းသော ကုန်ပစ္စည်းများကို ၁၂၀% အထိ တိုးမြှင့်ခဲ့ပြီး အခြားရွေးချယ်စရာတခုကတော့ တရုတ်မှ တင်သွင်းသည့် တန်ဖိုးနည်း ကုန်ပစ္စည်းများ အတွက်၀န်ဆောင်မှုကို $100ဖြင့်ကောက်ခံနေလျက်ရှိပါတယ်။
သို့သော် မေလ ၁၂ရက်နေ့တွင် Trump သည် တရုတ်နိုင်ငံမှ တန်ဖိုးနည်း သွင်းကုန်များအတွက် အကောက်ခွန်နှုန်းထားကို မေလ ၁၄ ရက်နေ့တွင် ၅၄% သို့ လျှော့ချပေးခဲ့ပါတယ်။ ထို့အပြင် တန်ဖိုးနည်းသော သွင်းကုန်ပစ္စည်းများကို $၁၀၀ ဖြင့် ဆက်လက်ထားရှိသွားမည်ဖြစ်ပါတယ်။
အကောက်ခွန်စည်းမျဥ်းသစ်များသည် မတူညီသောလေကြောင်းလိုင်းများအတွက်လည်း ကွဲပြားစွာသက်ရောက်သွားမည်ဖြစ်ပါတယ်။ ၅၄% နှုန်းသည် USPS မှတဆင့် တင်ပို့မှုများအတွက်သာအကျိုးသက်ရောက်မည်ဖြစ်ပြီး DHL, FedEx, သို့မဟုတ် UPS ကဲ့သို့သောလုပ်ငန်းသုံးလေကြောင်းလိုင်းများသည်တန်ဖိုးနည်းသောပါဆယ်ထုပ်များအတွက် မူရင်း ၃၀% နှုန်းကို ပေးဆောင်ရလိမ့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးကျွမ်းကျင်သူများက Reuters သို့ပြောကြားခဲ့ပါတယ်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံမှ သွင်းကုန်အများစုသည် အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး၊ $၈၀၀ ထက်နည်းပါသော ကုန်ပစ္စည်းများကို USPS မှတစ်ဆင့် သင်္ဘောဖြင့် တင်ပို့သော်လည်း ၁၂.၅% ရာခိုင်နှုန်း အကောက်ခွန်ပေးဆောင်ရမည်ဖြစ်ပါတယ်။
အခွန် ကင်းလွတ်ခွင့်ကို မေလ ၂ ရက်နေ့အထိ ရပ်စဲခြင်းမပြုမီ ရက်ပိုင်းအလိုမှာတော့၊ အမေရိကန်ရှိ ဖောက်သည်များက Temu အပါအဝင် အချို့သောအွန်လိုင်းစတိုးများမှ ဖြတ်ပိုင်းများကိုတင်ကာ ထုတ်ကုန်ရဲ့ကုန်ကျစရိတ်ထက် ပမာဏာနည်းသော ၁၄၅% ဝန်းကျင်ရှိကြောင်းပြသသည့် အနေနဲ့ "သွင်းကုန်ကုန်ကျစရိတ်" ကိုထုတ်ပြခဲ့ပါတယ်။
သန်းကြွယ်သူဌေးကဲ့သို့ စျေးဝယ်ခြင်းမှသည် လယ်သမားကဲ့သို့ ဈေးဝယ်ခြင်းအထိ” ဟု Reddit တွင် ပို့စ်တင်ခဲ့တာကိုတွေ့မြင်ရပါတယ်။ (UCLA နှင့် Yale မှ စီးပွားရေးပညာရှင်များရဲ့ သုတေသနပြုချက်အရ ဝင်ငွေနည်းသော စာတိုက်များသည် ဝင်ငွေပိုမိုမြင့်မားသော zip codes များထက် တရုတ်နိုင်ငံမှ တင်သွင်းလာသော သွင်းကုန်များရဲ့ ကုန်ကျစရိတ်ထက် သိသိသာသာ ပိုကြီးကြောင်း ဖော်ပြထားပါတယ်။) အမေရိကန်ရှိ Customer အချို့ကတော့ ၎င်းတို့သည် Walmart ကဲ့သို့ လက်လီရောင်းချသူများထက် တရုတ်မှ လက်လီရောင်းချသူများထံသို့ ၀ယ်ယူအားပေးလိုကြသည်ဟု အချို့သောဖောက်သည်များက ပြောနေကြတာကို တွေ့ရပါတယ်။
Shein နှင့် Temu တို့သည် တရုတ်နိုင်ငံအပေါ် Trump ရဲ့အကောက်ခွန်စည်းမျည်းများ အသက်ဝင်ပြီးနောက် အမေရိကားတွင် ရောင်းအား သိသိသာသာကျဆင်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ Bloomberg ရဲ့ ဆန်းစစ်ချက်တစ်ခုအရ Shein ရဲ့ ထိပ်တန်း အလှအပနှင့် ကျန်းမာရေး ထုတ်ကုန်ရဲ့ ပျမ်းမျှစျေးနှုန်းသည် ဧပြီလ ၁၅ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ နှစ်ဆကျော် မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ Temu သည် တရုတ်နိုင်ငံမှ ၎င်းတို့ရဲ့ တင်ပို့မှုများကို ခေတ္တရပ်ဆိုင်းလိုက်ပြီး အခွန်မဆောင်မီ တရုတ်နိုင်ငံမှ တင်သွင်းလာသော အမေရိကန်ရှိ ဂိုဒေါင်များမှ စာရင်းများကို ရောင်းချရန် စတင်ပြောင်းရွှေ့ခဲ့ပါတယ်။ အမေရိကန်ဈေးကွက်ရှိ ပြည်တွင်းကုန်သည်များထံမှ ကုန်ပစ္စည်းများ ရောင်းချခြင်းသို့ ပြောင်းလဲမည်ဟု ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုန်သွယ်မှုစည်းမျဉ်းအသစ်အပေါ်အခြေခံ၍ Temu ရဲ့ပုံစံကိုမည်သို့ ပြုပြင်ပြောင်းလဲမလည်း ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။
သို့သော်၊ Shein နဲ့ Temu ကဲ့သို့သော ဖက်ရှင်၀က်ဆိုဒ်များသည် အခွန်အခများနှင့် အခြားအကောက်ခွန်ကြေငြာချက်များကို ရှောင်လွှဲခြင်းအားဖြင့် စျေးနှုန်းချိုသာစွာ အမေရိကန်သို့ နေ့စဉ်တင်သွင်းနေလျက်ရှိပါတယ်။ De minimis စည်းမျဉ်းအရ ဈေးဝယ်သူများသည် ယခင်က ၎င်းတို့၀ယ်နေကြဖြစ်သော ပိုက်ဆံအိတ်များအတွက် ၀ယ်ယူရမည့်တန်ဖိုးများမှာ စည်းကြပ်ခွန်များမသက်ရောက်မီကထက် အနည်းငယ်ပို၍၀ယ်ယူရမည့် သဘောရှိပါတယ်။ တရုတ်နိုင်ငံမှ တန်ဖိုးနည်း သွင်းကုန်များအတွက် တန်ဖိုးနည်းအကောက်ခွန်များ လျှော့ချရေး နောက်ဆုံးအမိန့်သည် ရက် ၉၀ အတွင်းသာ အကျိုးသက်ရောက်မှုရှိသောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူနှစ်ရပ်စလုံးသည် နောက်လာမည့်အကြောင်းအရာများနှင့်ပတ်သက်၍ မသေချာမရေရာမှုများအောက်တွင် ဆက်လက်လည်ပတ်နေစေမည်ဖြစ်ပါတယ်။
Miranda Jeyaretnam ရဲ့ What the U.S.-China Trade Deal Means for Online Shoppers
ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါသည်။
Source: https://time.com/7285316/us-china-trump-tariff-rates-de-minimis-low-value-imports/
U Ah Zer Zar Sar
Lecturer, Strategy First Int’t College
LLB (Dagon University), BA (Religious Studies) (Myanmar Institute of Theology)
DBL (Yangon University), MBA (Assumption University of Thailand)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
