Assignment & Exam ဖြေဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့အချက်များ
ကျောင်းသား၊ကျောင်းသူတွေဟာ အထက်တန်းပြီးတဲ့အခါမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရဖို့ရာအတွက် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှာ ဆက်လက်တက်ရောက်ကြရပါတယ်။ တက္ကသိုလ်တက်နေစဥ်မှာ တစ်နှစ်ပြီးတစ်နှစ် ပြီးမြောက်အောင်မြင်ဖို့အတွက် သက်ဆိုင်ရာတက္ကသိုလ်က သတ်မှတ်ထားတဲ့ Assignments, Exams နဲ့ Projects များ လုပ်ဆောင်ကြရပါတယ်။ ဒါကြောင့် Assignments, Exams နဲ့ Projects တွေကို လုပ်ဆောင်ရာမှာ အခက်အခဲမရှိစေဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Lecture Videos တွေကို သေချာကြည့်ရှုနားထောင်ပါ။
ကိုယ်နဲ့သက်ဆိုင်ရာအတန်းအလိုက် ဘာသာရပ်အသီးသီးအတွက် တင်ပေးထားတဲ့ Lecture Videos တွေကို ကြိုတင်ကြည့်ရှုနားထောင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ Discussion ချိန်မှာ ဆရာ/ဆရာမနဲ့ အပြန်အလှန် ဆွေးနွေးနိုင်မှာပဲ ဖြစ်ပါတယ်။ Discussion ချိန်မှာ ဆရာ/ဆရာမတွေဟာ Lecture Videos မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ပြန်လည်သင်ကြားတာမဟုတ်ဘဲ ကျောင်းသားနဲ့ အပြန်အလှန်ဆွေးနွေးပြီး Lecture Videos မှာ နားမလည်တဲ့ အချက်တွေကိုသာ ပြန်လည်ရှင်းပြမှာ ဖြစ်ပါတယ်။ ဒါကြောင့် Lecture Videos ကိုမကြည့်ထားရင် ကျောင်းသားတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။
၂။ Discussion ချိန်မှာ ပါဝင်ဆွေးနွေးပါ။
Discussion ချိန်မှာ ဆရာ/ဆရာမတွေနဲ့အတူ ပူးပေါင်းပါဝင်ဆွေးနွေးပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကိုယ်သိထားတဲ့ အကြောင်းအရာတွေကို ပြန်လည်မှတ်မိစေနိုင်ပြီး အကြောင်းအရာအသစ်တွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်ဆွေးနွေးထားခြင်းဟာ Assignment & Examination တွေဖြေတဲ့ အခါမှာ များစွာအထောက်အကူပေးနိုင်ပါတယ်။
၃။ Deadline နီးမှ လုပ်တတ်တဲ့အကျင့်ကို ရှောင်ပါ။
Assignments တွေရေးတဲ့အခါ အချိန်ကပ်မှရေးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အချိန်ကပ်မှ လုပ်တာဟာ အမှားများပါသွားနိုင်သလို အရေးကြီးတဲ့အချက်တွေ ကျန်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ Deadline မတိုင်ခင် ရက်သတ္တပတ်အလိုကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ ရေးဖို့ရာအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် Textbooks, Lecture videos, website များကို ကိုးကားရေးသားပါ။ Websites များမှ တိုက်ရိုက် ကူးယူရေးသားတာမျိုး၊ သူငယ်ချင်းများထံမှ ကူးယူရေးသားခြင်းများကိုလည်း ရှောင်ကြဥ်ပါ။ Website များကို ကြည့်ပြီး ကိုးကားရေးသားပါက Citations and References များကို လည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။
၄။ Examination များအတွက် သေချာလေ့ကျင့်ပါ။
Accounting နဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေမှာဆိုရင် Assignment တင်မဟုတ်ဘဲ Exam ဖြေရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုဘာသာရပ်တွေမှာ ကျောင်းသားတွေအနေနဲ့ Assignment ဖြေနိုင်ရုံနဲ့ မလုံလောက်တော့ဘဲ Exam ကိုပါ အောင်မြင်အောင်ဖြေဖို့ လိုအပ်လာပါတယ်။ Assignment တွေပဲ ရေးသားတာများလာတဲ့အခါ ကျောင်းသားတွေဟာ Exam ဘက်မှာ အားနည်းလာတာကို တွေ့လာရပါတယ်။ Assignment မှာ ကောင်းမွန်စွာ ဖြေထားပေမယ့် Exam ကို မဖြေနိုင်တဲ့အခါ ကျောင်းသားတွေအတွက် နစ်နာမှုတွေ ရှိနိုင်ပါတယ်။ ဥပမာ- Assignment မှာ Distinction ထိရအောင် ကြိုးစားရေးထားပေမယ့် Exam မှာ Pass Grade ကို မမီတာမျိုး၊ Pass Grade ပဲရတာမျိုးဆိုရင် ကိုယ့်ရဲ့ Unit Grade တွေက လျော့ကျသွားနိုင်ပါတယ်။ Exam ကိုကောင်းမွန်စွာ ဖြေနိုင်ဖို့ရာအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် တွက်ရမယ့်ပုစ္ဆာတွေကို ထပ်ခါထပ်ခါ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။
၅။ လိုအပ်တဲ့ ပစ္စည်းကိရိယာများ အစုံအလင်ရှိပါစေ။
Assignment တင်တဲ့အခါမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာများကို အဆင်သင့်ပြင်ဆင်ထားဖို့ လိုပါတယ်။ Laptop အားရှိ၊ မရှိ၊ Window Update တင်ဖို့လိုမလို၊ Wifi လိုင်းကောင်း၊ မကောင်း စစ်ဆေးထားဖို့လိုပါတယ်။ Exam ဖြေတဲ့အခါမှာလည်း လိုအပ်တဲ့ ဘောပင်၊ ခဲတံ၊ ပေတံ၊ Calculator တို့ကို သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေအတိုင်း ကြိုးစားလိုက်နာနိုင်မယ်ဆိုရင် သက်ဆိုင်ရာဘာသာရပ်တွေမှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။
Daw Htet Pann Wai
B.Com (Q**), M.Com (MEUE)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
