အိမ်မှနေပြီး အလုပ်လုပ်ခြင်းက အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ သက်ဆိုင်ပါသလား?
အိမ်မှနေပြီး အလုပ်လုပ်တဲ့ အတွေ့အကြုံရှိသူများဟာ ဒီအယူအဆတွေကို ထောက်ခံကြပါတယ်။ အိမ်မှနေပြီး အလုပ်လုပ်ခြင်းသဘောတရားကို လက်ခံတဲ့ အကြီးတန်းအမှုဆောင်အရာရှိများက ဒီအဆိုပြုချက်များကို အားပေးမြှင့်တင်ပါတယ်။ တစ်ဖက်မှာလည်း ရုံးတက်အလုပ်လုပ်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဆိပ်အတောက်တွေကို အိမ်မှနေပြီး အလုပ်လုပ်ခြင်းက တခြားနည်းလမ်းတစ်ခုနဲ့ ဖြေရှင်းပေးစွမ်းနိုင်တယ်လို့ ယုံကြည်ရပါတယ်။Armando Del Bosque က အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ယဉ်ကျေးမှုက ကျွန်ုပ်တို့ ချစ်မြတ်နိုးတဲ့အရာတွေကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်သလို အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဝန်ထမ်းများနဲ့လည်း ကင်းကွာမှုမရှိစေဖို့နဲ့ အတားအဆီးများစွာကို ကျော်လွှားနိုင်ဖို့ ကူညီပေးပါတယ်။အိမ်မှနေပြီး အလုပ်လုပ်ခြင်းက သစ္စာရှိမှုကို တိုးပွားစေနိုင်မယ့် အတိုင်းအတာအထိ ယဉ်ကျေးမှုတစ်ရပ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ Betsy Dickson က သူရဲ့ အိမ်မှနေပြီး အလုပ်လုပ်ခြင်းပုံစံပြောင်းလဲမှုကို ယခုလို မှတ်ချက်ပေးခဲ့ပါတယ်။
“ငါ့အလုပ်ရှင်က ငါ့ကို အိမ်မှာအလုပ်လုပ်ခွင့်ပြုတယ်။ လွတ်လပ်မှု၊ လိုက်လျောညီထွေမှုနဲ့ တိုးတက်လာတဲ့ ကုန်ထုတ်စွမ်းအားဆိုတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို အဖြေရှာစေခဲ့တယ်”။
Joan De Souza ကလည်း သူနဲ့ သူရဲ့ မိတ်ဆွေများကို အိမ်မှနေပြီး အလုပ်လုပ်ခြင်းကို အဆိုပြုထောက်ခံခဲ့တယ်။ ဘာလို့လဲဆိုတော့ တချို့အလုပ်များဟာ အိမ်မှနေပြီး အလုပ်လုပ်ခြင်းက ပိုပြီးသင့်လျော်တယ်လို့ ထင်မြင်ယူဆခဲ့ခြင်းကြောင့် အကြံပြုခဲ့တယ်လို့ Joan De Souza က ပြောဆိုခဲ့ပါတယ်။ သူပြောသလိုပါပဲ၊ အလုပ်ခွင်မှာ ညီညွတ်စွာ လုပ်ကိုင်နိုင်မှု မရှိခြင်း၊ အခြေအနေဆိုးရွားတဲ့ ပတ်ဝန်းကျင်ကို ကိုင်တွယ်ဖြေရှင်းနိုင်မှုမရှိခြင်း၊ မလိုလားအပ်တဲ့ပြဿနာတွေကြောင့် အိမ်မှနေပြီး အလုပ်လုပ်ခြင်းက အလုပ်လည်ပတ်မှုကို ပိုမိုအားကောင်းစေပါတယ်။ အိမ်မှနေပြီး အလုပ်လုပ်ခြင်းက အဆိပ်အတောက် ဖြစ်စေတဲ့ ယဉ်ကျေးမှုကို ရှောင်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ အိမ်မှနေထိုင်ပြီး အလုပ်လုပ်ခြင်းနဲ့ပတ်သက်ပြီး Alison Leuders ရဲ့ မှတ်ချက်တွေထဲမှ ကျွန်တော်သဘောကျရတဲ့ အကြောင်းရင်းတွေကတော့
၁။ အချိန်ကုန် ငွေကုန်သက်သာပြီး အလုပ်သွားစရာမလိုအပ်ခြင်း
၂၊ အရင်က ကျွန်တော့်ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး မတော်မလျော် မှတ်ချက်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လည်းတွေ့စရာမလိုခြင်း
၃။ လုံခြုံရေးအတွက်လည်း စိတ်ပူစရာမလိုဘဲ ညနေပိုင်းအလုပ်လုပ်ရတာတွေက လိုက်လျောညီထွေမှု ဖြစ်စေပါတယ်။
Adrian Zicari က အိမ်မှနေပြီး အလုပ်လုပ်ခြင်းက အလုပ်သမားအင်အား (ဒါမှမဟုတ်) ယဉ်ကျေးမှုတစ်ခုကို တိုးချဲ့ခြင်းမဟုတ်ကြောင်း အကြံပြုခဲ့တယ်။
Adrian Zicari ပြောသလိုပဲ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ယဉ်ကျေးမှုတွေဟာ ပုံမှန်အသစ်အတိုင်း အလုပ်တွေကို ထိန်းထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါဟာ နည်းပညာပိုင်းဆိုင်ရာ ပြသာနာမဟုတ်ပေမယ့် စီမံခန့်ခွဲရေးတစ်ခုပါ။ နည်းပညာက ယနေ့ခေတ်မှာ အနည်းနဲ့အများ တိုးတက်လျက်ရှိပါတယ်။ သို့ပေမဲ့ ကျွန်တော်တို့ မရရှိနိုင်သေးတဲ့အရာ (ကိစ္စတော်တော်များများမှာ) တွေကတော့ အတွေးအမြင်အသစ်တွေပဲ ဖြစ်ပါတယ်။
By James Heskett (Harvard Business School) ရဲ့ Does remote work mix with organizational culture? ကို Ah Zer Zar Sar မှ ဆီလျော်စွာ ဘာသာပြန်ဆိုထားပါတယ်။
U Ah Zer Zar Zar
DBL.LLB.BARS , MBA ( Assumption University, Thailand)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
