The Bottom Billion - Paul Collier
ယနေ့ မျှဝေသွားချင်တယ့် ခေါင်းစဉ်ကတော့ TED Talk discussion မှာ ကမ္ဘာ့စီးပွားရေးလောကကို တလှုပ်လှုပ်ဖြစ်သွားစေခဲ့တဲ့ the Bottom Billion စာအုပ်ကိုရေးသားခဲ့သူ စီးပွားရေးပညာရှင် ပါမောက္ခ Paul Collier ဆွေးနွေးခဲ့တဲ့ “ Bottom Billion “ ပဲဖြစ်ပါတယ်။ Bottom Billion ဆိုတဲ့အဓိပ္ပာယ်ကဘာပါလဲ။ ပါမောက္ခ Paul ရဲ့အဆိုအရ the Bottom Billion ဆိုတဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ဖွံ့ဖြိုးစဲ နိုင်ငံအောက်ချေလူတန်းစားသန်းထောင်ချီဟာ ဆင်းရဲတွင်း၀ယ် သက်ဆင်း ကျရောက်နေရပါတယ်။ ဒါဆို ဒီလူတွေကိုကယ်တင်ဖို့ရာ ဘယ်လိုလုပ်ကြမလဲ။ ဘာလို့ကယ်တင်သင့်သလဲ။ Paul ရဲ့ပြောကြားချက်ကတော့ ရှင်းပါတယ်။ အချင်းချင်းမှီခိုနေကြရတဲ့ ကမ္ဘာကြီးဖြစ်တာမို့လို့ တစ်ဖက်ဟာဆင်းရဲလွန်း၊ တစ်ဖက်ဟာချမ်းသာလွန်း ဖြစ်လာတဲ့အခြေအနေဟာ အနာဂတ်မှာ ဆိုးကျိုးတွေကိုပဲ သယ်ဆောင်လာစေမှာဖြစ်တဲ့အတွက် ကမ္ဘာကြီးကို သမမျှတတဲ့ သာယာတဲ့နေရာတစ်ခု ဖြစ်လာအောင် ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ တစ်ချိန်က အမေရိကန်ပြည်ထောင်စုဟာ ဒုတိယကမ္ဘာစစ်ပြီး ဥရောပ နိုင်ငံတွေကို ဆင်းရဲမှုပပျောက်ရေးကူ ညီပေးခဲ့သလိုမျိုး Compassion ကိုယ်ချင်းစာတရားနဲ့ Self-interest ကိုယ်ကျိုးစီးပွားကို ပေါင်းစပ်အသုံးချပြီး ကူညီကြဖို့ပါပဲ။ ဒါတင်ပဲလားဆိုမဟုတ်သေးပါဘူး။
ဆင်းရဲတဲ့နိုင်ငံတွေကရော ဘာကြောင့်ဆင်းရဲရပါသလဲ။ နှစ်ရာနဲ့ချီကြာမြင့်ခဲ့တဲ့ ကိုလိုနီစနစ်အပြင် သူ့ရဲ့ ဆိုးမွေဖြစ်တဲ့ "resources curse" လို့ခေါ်တဲ့ သယံဇာတကျိန်စာကြောင့်ပါပဲ။ မြေအောက်သယံဇာတတွေကို ဈေးတံဆိပ်ကပ်ထုတ်ရောင်းခြင်းဟာ နိုင်ငံတွေကို အမှန်စင်စစ် ရေတိုမှာ ချမ်းသာစေပါတယ်။ အထူးသဖြင့် အာဖရိက နိုင်ငံတော်တော်များများဟာလည်း ထိုနည်းကိုကျင့်သုံးခဲ့ကြပြီး ရေတိုမှာ အတော်အသင့် ဖွံ့ဖြိုးတဲ့နိုင်ငံတွေဖြစ်လာကြပေမယ့်လည်း ကုဋေရှစ်ဆယ်သူဌေးသားဥပမာအတိုင်း တကယ်လည်း သယံဇာတတွေ ကုန်သွားတဲ့အခါမှာတော့ စီးပွားကပ်ဆိုက်မှု ပြည်တွင်းပြဿနာပေါင်းစုံကို ကြုံကြရပြီး ပိုမိုပျက်စီးခြင်းငါးပါးစို က်ရတဲ့အခြေအနေကို ရောက်ရှိသွားပါတော့တယ်။
ဒါဆို ဒီနွံထဲကနေဘယ်လိုရုန်းထွက်ရမလဲ။
အကောင်းဆုံးကတော့ မြေအောက်မြေပေါ် Assests သယံဇာတတွေကို အားကိုးနေတာမျိုးထက် လူ public ကို သိဉာဏ်ဖွင့်ပေးခြင်း၊ တစ်နည်းပြောရရင် ပညာရေးတိုးတက်အောင်လုပ်ပေးခြင်း စတာတွေဟာ တကယ့် ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ကို တွန်းပို့စေရာမှာ အခရာကျသလို တကယ်လည်းထိရောက်တယ်ဆိုတာ Global North လို့ခေါ်တဲ့ ကမ္ဘာမြောက်ပိုင်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ သက်သေထူလျက်ရှိပါတယ်ဆိုပြီး အဆုံးသတ်အနေနဲ့ တင်ပြဆွေးနွေးထားပါတော့တယ်။
နိဂုံးချုပ်အနေနဲ့ Paul ရဲ့ တင်ပြဆွေးနွေးချက်ထဲက အကြိုက်ဆုံးအနေနဲ့ စကားစုကိုပြောပါဆိုရင် "Poverty is not intrinsically a trap" “ ဆင်းရဲမှုသည် ပင်ကိုယ်အားဖြင့် ထောင်ခြောက်မဟုတ် တစ်နည်း လွတ်အောင်ရုန်းထွက်နိုင်တဲ့ အရာတစ်ခုဖြစ်တယ်” ဆိုတာပါပဲ။ စာဖတ်သူအပေါင်းတို့လည်း ဒီ စကားစုကို လက်ကိုင်ထားရင်းဘ၀မှာ ကြုံရသမျှ ခက်ခဲဆင်းရဲမှု အကြောင်းအရာအားလုံးကို မလွတ်မြောက်နိုင်ဘူးလို့ မတွေးဘဲ ရုန်းထွက်ကြဖို့တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ Ted Talk Review ကို ဒီမှာပဲ အဆုံးသတ်လိုက်ရပါတယ်။
Paing Soe Myat
(Undergraduate Programme)
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
