စွန့်ဦးတီထွင်သူနဲ့ လုပ်ငန်းစတင်သူများအတွက် ဘဏ္ဍာရေးအရင်းအမြစ်များ
နိဒါန်း
မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူနဲ့ စွန့်ဦးတီထွင်လုပ်ငန်းများဟာ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးတိုးတက်မှုကို လက်ခံတဲ့ ပတ်ဝန်းကျင်မှာ ထွန်းကားလျက်ရှိပါတယ်။ သို့ပေမယ့်လည်း လုံလောက်တဲ့ ရန်ပုံငွေရရှိခြင်းက အဆိုပါလုပ်ငန်းများရဲ့ အောင်မြင်မှုနဲ့ ရေရှည်တည်တံ့မှုအတွက် အရေးကြီးလှပါတယ်။ ဒီဆောင်းပါးက မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ လုပ်ငန်းစတင်လုပ်ကိုင်သူများအတွက် ရရှိနိုင်တဲ့ ငွေကြေးအရင်း အမြစ်များကို စူးစမ်းလေ့လာပြီး သူတို့ရဲ့ ကြီးထွားမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ ရည်ရွယ်ပါတယ်။
Personal Savings (Bootstrapping)
မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်သူအများစုဟာ ကိုယ်ပိုင်စုဆောင်းငွေ ဒါမှမဟုတ် Bootstrapping ကို အားကိုးခြင်းနဲ့ သူတို့ရဲ့ Startup ခရီးကို စတင်ကြပါတယ်။ ဒီကိုယ်ပိုင်ငွေကြေးထောက်ပံ့မှုနည်းလမ်းရဲ့ အားသာချက်မှာ တည်ထောင်သူများအတွက် ငွေအရင်းအမြစ် အကန့်အသတ်ရှိပေမယ့်လည်း သူတို့ရဲ့လုပ်ငန်းများအပေါ် အပြည့်အဝထိန်းချုပ်နိုင်ခြင်း ဖြစ်ပါတယ်။ သို့ပေမဲ့ Bootstrapping ဟာ အစောပိုင်းအဆင့် လုပ်ငန်းစတင်ခြင်း များအတွက် အသုံးဝင်တဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပေမယ့်လည်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဘဏ္ဍာရေးငွေများ ပိုမိုလိုအပ်လာနိုင်ပါတယ်။
Angel Investors နဲ့ Venture Capital
Angel ရင်းနှီးမြုပ်နှံသူများနဲ့ အကျိုးတူအရင်းအနှီးကုမ္ပဏီများဟာ အရင်းအနှီးသာမက ကျွမ်းကျင်မှုနဲ့ စက်မှုလုပ်ငန်းချိတ်ဆက်မှုများကိုပါ ပံ့ပိုးပေးနိုင်တဲ့ Startups လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အိန်ဂျယ်ရင်းနှီးမြှုပ်နှံသူများနဲ့ အကျိုးတူအရင်းအနှီး ကုမ္ပဏီများဟာ မြင့်မားပြီး တိုးတက်မှုအလားအလာရှိတဲ့ Startups များမှာ ပမာဏများများ ရင်းနှီးမြှုပ်နှံကြလေ့ ရှိကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံသူများဟာ ပုံမှန်အားဖြင့်တော့ စေ့စေ့စပ်စပ် လုံ့လစိုက်ထုတ်လုပ်ဆောင်ကြပြီး သူတို့အတွက် ကုမ္ပဏီရဲ့ သိသာထင်ရှားတဲ့ ပိုင်ဆိုင်မှုရှယ်ယာတစ်ခု ပေးထားရမှာဖြစ်ပါတယ်။
ရန်ပုံငွေရှာဖွေခြင်း
Crowdfunding ဟာ မြန်မာနိုင်ငံမှာ သမားရိုးကျမဟုတ်တဲ့ ငွေကြေးထောက်ပံ့မှုနည်းလမ်းတစ်ခုအဖြစ် ရေပန်းစားလာပါတယ်။ Crowdfunding ဆိုသည်မှာ လူစုလူဝေးတစ်ခုထံမှ ငွေအနည်းငယ်စီကိုချေးယူခြင်းဖြင့် Fund ရှာတဲ့နည်းလမ်း ဖြစ်ပါတယ်။ Fund Myanmar နဲ့ Myanmar Crowdfunding တို့လို ပလက်ဖောင်းများက စွန့်ဦးတီထွင်သူတွေကို သူတို့ရဲ့ပရောဂျက်တွေ ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်ထံ ပြသခွင့်ပြုခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်းကို လွယ်ကူချောမွေ့စေပါတယ်။
Business Incubators နဲ့ Accelerators
စီးပွားရေးလုပ်ငန်းများ ပျိုးထောင်သူတွေနဲ့ အရှိန်မြှင့်တင်ပေးသူများဟာ ရန်ပုံငွေသာမက လုပ်ငန်းနဲ့ပတ်သက်ပြီး လမ်းညွှန်ပေးခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာ အခွင့်အလမ်းများနဲ့ အရင်းအမြစ်များကို ပံ့ပိုးပေးတဲ့ Startup များအတွက် ပြုစုပျိုးထောင်ပေးတဲ့ ပတ်ဝန်းကျင်ကိုပါ ပံ့ပိုးပေးပါတယ်။ Phandeeyar နဲ့ Impact Hub Yangon လို အဖွဲ့အစည်းများဟာ စွန့်ဦးတီထွင်မှုဆိုင်ရာ စိန်ခေါ်မှုများကို လမ်းညွှန်ပေးကာ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံ သူများနဲ့ ချိတ်ဆက်ပေးပါတယ်။
ဘဏ်ချေးငွေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ
သမားရိုးကျ ဘဏ်ချေးငွေများကို ရယူသုံးစွဲခြင်းက တင်းကျပ်တဲ့ ချေးငွေစံနှုန်းများကြောင့် လုပ်ငန်းစတင်သူ များအတွက် စိန်ခေါ်မှုဖြစ်နိုင်ပေမယ့်လည်း မြန်မာနိုင်ငံရှိ ငွေကြေးအဖွဲ့အစည်း အများအပြားက စွန့်ဦးတီထွင် ဂေဟစနစ်ရဲ့ အလားအလာကို အသိအမှတ်ပြုပြီး အံဝင်ခွင်ကျ ဘဏ္ဍာရေးဆိုင်ရာ ရွေးချယ်မှုများကို စတင်ပေးနေပြီဖြစ်ပါတယ်။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးဘဏ်များ၊ ဘဏ် မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများဟာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ၊ Startups များအတွက် ချေးငွေနဲ့ အကြွေးများ ပံ့ပိုးပေးကာ ရန်ပုံငွေကွာဟချက်ကို ပေါင်းကူးပေးနိုင်ပါတယ်။
နိဂုံး
မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်သူနဲ့ Startups တည်ထောင်သူများက သူတို့ရဲ့ ခရီးလမ်း ကွဲပြားခြားနားတဲ့ အဆင့်များကို ဖြည့်ဆည်းပေးတဲ့ ကွဲပြားတဲ့ ဘဏ္ဍာငွေဆိုင်ရာ ရွေးချယ်ခွင့်များကို ရရှိနိုင်မည်ဖြစ်ပါတယ်။ Bootstrapping နှင့် ကိုယ်ရေးကိုယ်တာစုဆောင်းမှုများ၊ အိန်ဂျယ်ရင်းနှီးမြှုပ်နှံသူများ၊ အကျိုးတူအရင်းအနှီး ကုမ္ပဏီများ၊ အစိုးရထောက်ပံ့ကြေးများ၊ လူစုလူဝေးရန်ပုံငွေနဲ့ မိတ်ဖက်လုပ်ငန်းများမှ စွန့်ဦးတီထွင်သူများဟာ သူတို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့အတွက် ငွေကြေးအရင်းအမြစ် အမျိုးမျိုးကို ရှာဖွေနိုင်ပါတယ်။ စွန့်ဦးတီထွင်သူများဟာ သူတို့ရဲ့ ရန်ပုံငွေလိုအပ်ချက်များကို ဂရုတစိုက် အကဲဖြတ်ဖို့၊ သင့်လျော်တဲ့ ဘဏ္ဍာရေးရွေးချယ်မှုများနဲ့ချိန်ညှိကာ မြန်မာနိုင်ငံရဲ့ တက်ကြွတဲ့ စွန့်ဦးတီထွင် စီးပွားရေးဂေဟစနစ်အတွင်း ရရှိနိုင်တဲ့ ပံ့ပိုးမှုနဲ့ ကျွမ်းကျင်မှုများကို အသုံးချဖို့ အရေးကြီးပါတယ်။ ဒါမှသာ မှန်ကန်တဲ့ငွေကြေးပံ့ပိုးမှုနဲ့ Startup များဟာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ကိုးကား
White, P. by T. and Richardson, P. by H. (2021) 14 top sources of funding for businesses - eh, Entrepreneur Handbook. Available at: https://entrepreneurhandbook.co.uk/sources-of-funds-for-business/ (Accessed: 29 July 2023).
Daw Thwe Thwe Aye
B.Com , M.Com (MEUE)
Meiktila University of Economics
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
