" Work-From-Home အခြေအနေမှာ ဗီဒီယိုသင်ခန်းစာတွေနဲ့ အကျိုးရှိအောင် ဘယ်လို လေ့လာမလဲ "
အားလုံးသိကြတဲ့အတိုင်းပဲ COVID-19 ကပ်ရောဂါ လူများစွာအတွက် အတော်လေး အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ပုံမှန်ရုံးလုပ် ငန်းစဉ်ကိုးခုမှ ငါးခုလောက်အထိ (အားလုံးနီးပါး) သိသိသာ သာပြောင်းလဲသွားခဲ့ပါတယ်။လုပ်ငန်းကိစ္စတွေကို Zoom ခေါ်ဆိုမှုတွေနဲ့ webinars တွေကတစ်ဆင့် ဆက်သွယ်ခဲ့ကြပါတယ်။
အိမ်မှ အလုပ်လုပ်ခြင်းက ကာလတိုဖြေရှင်းချက်အစား အခရာကျတဲ့စနစ်တစ် ခု အသွင်ပြောင်းလဲလာခဲ့ပါတယ်။ မူလက အချိန်အနည်းငယ်သာ အသုံးချဖို့ရည်ရွယ်ထားခဲ့ပေမယ့် ယခုအခါ ယဉ်ကျေးမှုနဲ့ ခေတ်ရေစီးကြောင်းတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ Work-From-Home စနစ်ဟာသက်တောင့်သက်သာအရှိဆုံးနဲ့အဆင်ပြေဆုံးဖြစ်လာခဲ့ပါတယ်။
Work-From-Home စနစ်ထဲကနေ ဆက်စပ်ပြီးဖြစ်ပေါ်တဲ့ Online Meeting တွေ၊ Online Learningတွေ၊ ဗီဒီယိုတွေဟာ လူများ စွာရဲ့အချိန်တွေကို အချိန် ကုန် သက်သာစေခဲ့ပါတယ်။ အများစုကတော့ ဗီဒီယိုတွေကို သင်ခန်းစာလေ့ လာမူနဲ့ သင်ကြားပေးမူတွေမှာ အသုံးချလာကြပါတယ်။ နောက်ထပ်ကတော့ သက်တူရွယ်တူ အပေါင်းအသင်းတွေမှအစ အထက်လူကြီးတွေအထိ အပြန် အလှန်ဆက်သွယ်ခြင်းတွေကို အသုံးချ လာ ကြပါ တယ်။
Work-From-Home အခြေအနေမှာ ဗီဒီယိုတွေကို ဘယ်လိုအသုံးချကြမလဲ
သင်ဟာ သင့်စွမ်းရည်တွေနဲ့ ကျွမ်းကျင်မှုတွေကို အောင်မြင်လုပ်ဆောင်နိုင်ဖို့ တွေး နေမယ်ဆိုရင်တော့ ဒီနေရာမှာ သင့်အတွက် မြန်ကောင်းသက်သာဖြစ်စေမယ့်အရေးကြီးတဲ့ နည်းလမ်း တစ်ချို့ကို ဖော်ပြ ပေးပါ့မယ်။
၁။ ဗီဒီယို နမူနာတွေကို အသုံးပြုပါ။ (Use Video Templates)
သင်ဟာ ဗီဒီယိုတွေကိုမကြာခဏပြုလုပ်သူဆိုရင် ဗီဒီယို နမူနာပုံစံတွေကို အ သုံးပြုခြင်းဖြင့် သင်ရဲ့ အ လုပ်ဝန်ကို လျော့ချနိုင်ပါတယ်။ အင်တာနက်ပေါ်က လေ့လာစရာ ပလက်ဖောင်းများစွာက သင့် တီထွင်ကြဆမှုလေးပေါင်းပြီး ပိုကောင်းအောင်အသုံးချနိုင်မယ့်အခွင့်အရေးကို ပေးထားသလိုပါပဲ။ သင့်ဘက်က အကြံဉာဏ်စိတ်ကူးသစ်လေးထပ်ပေါင်းထည့်ရုံပါပဲ။ သင်လုပ်ရမှာက မူလကပေး ထားပြီး သားတွေကိုတည်းဖြတ်ပါ၊ သင့်စိတ်ကူးတွေကို ထပ်ထည့်ပါ။ အားစိုက်ထုတ်မှု အများအပြားမလိုအပ်ဘဲ သင့်မန်နေဂျာတွေ သို့မဟုတ် လုပ် ဖော်ကိုင်ဖက်တွေနဲ့ သင့်ဗီဒီယို ပရောဂျက်ကို မျှဝေလိုရပါတယ်။ အွန်လိုင်းက မ္ဘာကြီးဟာ အခွင့်အလမ်းတွေနဲ့ပြည့်နှက်နေပြီး အသစ်အသစ်သောအရာတွေက သင်ရဲ့ သင်ယူမှုနဲ့ဗဟုသုတတွေကိုတိုးမြင့်စေကာ သင့်လုပ်ငန်းကို ပိုမိုလွယ်ကူစေပါတယ်။
၂။ ကိုးကားရန်အတွက် ဗီဒီယိုကွန်ဖရင့်တွေကို အလွယ်တကူ မှတ်တမ်တင်ကူးယူပါ။ (Easily Record Video Conferences for Reference)
ဗီဒီယိုကွန်ဖရင့်တွေဟာ 2020 ခုနှစ်ကတည်းက စံတစ်ခုဖြစ်လာပြီး တရားဝင်အစည်းအဝေးတွေ၊ ပရော် ဖက်ရှင်နယ်အစည်းအဝေးတွေအားလုံးကို အွန်လိုင်းမှာ လုပ်ဆောင်လာကြပါတယ်။ ဒါပေမယ့် ကောင်း မွန်တဲ့ ဗီဒီယိုကွန်ဖရင့်ခေါ်ဆိုမှုတစ်ခုရဖို့ဆိုရင် ကောင်းမွန်တဲ့ အင်တာနက်ချိတ်ဆက်မှုရှိရပါမယ်။ဒ့ါပြင် အစည်းအဝေးမှာ ဆွေးနွေးထားတဲ့ အရေးကြီးတဲ့အချက်တွေကိုအာရုံစူးစိုက်မှုရှိရပါမယ်။
ဒါပေမယ့် အမြဲတမ်း တော့ ထင်ထားသလို အဆင်ပြေနေမှာ မဟုတ်ပါဘူး။ တစ်ခုခု လွဲချော်သွားမူ သို့မဟုတ် ONLINE MEETING လုပ်နေချိန်မှာချိတ်ဆက်မှုပြတ်တောက်သွားမူမျိုးဖြစ်နိုင်ပါတယ်။ အစည်း အ ဝေးမှတ်တမ်းတွေကို မှတ်တမ်းတင်ဖို့ကူညီပေးတဲ့ ZOOMလိုမျိုး ဗီဒီယိုကွန်ဖရင့်ဆော့ဖ်ဝဲဟာ ကိုယ့်ရဲ့လုပ်ငန်းစဉ်နဲ့လေ့လာထားရှိမှုတွေကိုပြန်လည်ကြည့်ရှုဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။
၃။ လေ့ကျင့်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗီဒီယိုတွေကို အသုံးပြုပါ။ (Use Videos for Training and Development)
ဗီဒီယိုတွေက သင့်ကို ပိုမိုလေ့လာသင်ယူနိုင်ပြီး သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်စွာ အပြန်အလှန် ဆက်သွယ်နိုင်ဖို့ ကူညီပေးပါတယ်။ သင့်လုပ်ဖော် ကိုင်ဖက်တွေကို လေ့ကျင့်ပေးပြီး လမ်းညွှန်ပေးဖို့ အတွက် ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင်ပါတယ်။
၄။ ကျူတိုရီရယ်တွေ၊ လုပ်နည်းတွေနဲ့ အမေးအဖြေအခြေခံ ဗီဒီယိုတွေ ဖန်တီးပြီး သင့်ကိုယ်သင်နဲ့ အခြားသူတွေကို စွမ်းဆောင်ရည်ပိုကောင်းအောင် အသိပေးပါ။ (Inform Yourself and Others Better by Creating Tutorials, How-tos, and Q&A-based Videos)
သင့်မှာ အခြားသူတွေကို အလုပ်လုပ်ရာမှာကူညီဖို့ သို့မဟုတ် သင့်လုပ်ငန်းအ တွက် ကမ်ပိန်း အသစ် တစ်ခုစတင်ဖို့ အကြံကောင်းရှိခဲ့ရင် အဲ့ဒီအကြံကို ရှင်းပြဖို့ဗီဒီယိုတွေကို အသုံးပြုနိုင်ပါတယ်။ ပြကွက် တွေ (Diagrams) ၊ ရှင်းပြချက်တွေ (Explanations) ၊ နမူနာတွေ (Examples) ၊ဂရပ်တွေ (Graphs)၊ ဇယား တွေ(Charts) ၊ ဂရပ်ဖစ်တွေ(Graphics)နဲ့ပုံဥပမာတွေ (llustrations)ကို ဒီယိုတစ်ခုပြုလုပ်ပြီး ရှင်းပြတာ က ပိုမိုအထောက်အကူဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
၅။ ပညာရပ်အသစ်တစ်ခုကို လေ့လာပါ။ (Learn a New Skill)
Work-From-Home လုပ်နေတဲ့အချိန်မှာ သင့်အရည်အချင်းတွေကို မြှင့်တင်ဖို့အတွက် ပညာရပ်အ သစ်တွေကို လေ့လာဖို့ အချိန်များစွာ ရရှိနိုင်ပါသေးတယ်။ ဗီဒီယိုတွေကနေ တစ်ဆင့် အွန်လိုင်းလေ့ ကျင့် မှုကို ကျင့်သုံးပါ။ ဒါ့အပြင် သင့်လက်ရှိလုပ်ငန်းခွင်ထဲမှာ သင့်ကို အထောက်အကူ ပေးနိုင်တဲ့နည်းလမ်းအ သစ်တွေနဲ့ အကြံဉာဏ်တွေကိုလေ့လာပါ။ ဥပမာအနေနဲ့ သင်ဟာ ဂရပ်ဖစ်ဖန်တီးနည်းကို လေ့လာမူ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ်အွန်လိုင်း ဗီဒီယိုတည်းဖြတ်မူအကြောင်းကို ဗီဒီယိုတွေအသုံးပြုပြီး တည်းဖြတ်နည်းကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဒီနေရာမှာ ဗီဒီယိုသင်ခန်းစာတွေကို ကြည့်ရှုပြီး အမျိုးမျိုးသောပညာ ရပ်အကြောင်းအရာတွေကိုလည်းသင်ယူနိုင်ပါတယ်။သင့်လုပ်ငန်းသို့မဟုတ် ကုမ္ပဏီ အတွက်ထိရောက်တဲ့ PRESENTATION ပြုလုပ်နည်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒီလို လေ့လာမူဟာ သင့်ကို အထောက်အကူဖြစ်စေပါတယ်။
၆။ VIDEO PLANNERS ကို အသုံးပြု၍ ပရောဂျက်အသစ်တစ်ခု စတင်ပါ။ (Start a New Project Using Video Planners)
သင့်မှာ ပရောဂျက်အသစ် သို့မဟုတ် အကြံဥာဏ်တစ်ခုရှိနေရင် အဲဒါကို အ ကောင်အထည်ဖော်ဖို့ ဗီဒီယိုတွေကို အသုံးပြုပါ။ ပရောဂျက်မှာ ပါဝင်သူတိုင်းနဲ့ ဆက်သွယ်မှုလွယ်ကူစေဖို့ အစီအစဉ်ဆွဲပါ။အဲ့ဒီနောက် သင်ဟာ SCREEN SHARING ပေးခြင်းနဲ့အတူ သင့်အစီအစဉ်တွေကို ဆွေးနွေး နိုင်ပါတယ်။ပြီး တော့သင့်လုပ်ဖော်ကိုင်ဖက်တွေကိုမေးခွန်းတွေနဲ့အကြံပြုချက်တွေအတွက်အီးမေးလ်ပို့နိုင်ပါတယ်။အဲ့ဒါမှ လူတိုင်းဟာ တူညီတဲ့ ပန်းတိုင်နဲ့ မျှော်မှန်းချက်တွေကို ပူးပေါင်းအဖြေရှာကာ ဘယ်လိုအောင်မြင်အောင်လုပ်ကြရမလဲဆိုတာ သိလာပါလိမ့်မယ်။
၇။ သင့်အဖွဲ့သားများနှင့် ဆက်သွယ်ရန် ဗီဒီယိုတွေကို အသုံးပြုပါ။ (Use Videos to Communicate With Your Team Members)
Work-From-Home ဟာပူးပေါင်းဆောင်ရွက်မူနဲ့ ဆက်သွယ်ရေးကို အ ထောက်ကူပြုပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေအတွက် အ ရေးကြီးတဲ့ အချက်အလက်အားလုံးကို မှတ်သားထားနိုင်ပြီး သတင်းအချက်အ လက်ပေးနိုင်တဲ့ တင်ဆက်မှုတွေကိုလည်း ဖန်တီးလို့ရပါတယ်။
၈။ ဗီဒီယိုတွေကို အသုံးပြုပြီး အခြားသူတွေကို ဖျော်ဖြေပါ။ (Entertain Others Using Videos)
ဆိုရှယ်မီဒီယာ သို့မဟုတ် အီးမေးလ်မျှဝေခြင်းအတွက် တိုတိုနဲ့ ဟာသဆန်တဲ့ ဗီဒီယိုတွေက လူတွေကို ပျော်ရွှင်စေပါတယ်။ သင့်လုပ်ငန်းမှာရှိတဲ့လုပ်ငန်းခွင်ပျော်ရွှင်မူတွေကိုလည်း ပြသ နိုင်ပါတယ်။ အစည်း အဝေးတွေကျင်းပပုံ၊ ရယ်စ ရာကာတွန်းရုပ် ပုံတွေဖန်တီးပြီး သင့်မိတ်ဆွေတွေကို ပျော်ရွှင်ဖွယ်နည်း လမ်းတွေနဲ့ မျှဝေဆွဲဆောင်နိုင်ပါတယ်။ ဒီအခြေအနေဟာ အွန်လိုင်းမှာ အလုပ်လုပ်နေစဉ် ပျော်ရွှင်စရာ တွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။
၉။ အင်တာဗျူးကို အခြေခံထားသော ဗီဒီယိုကိုတင်ပါ။ (Post an Interview-based Video)
သင့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဒါမှမဟုတ် သင့်ကုန်အမှတ်တံဆိပ်နဲ့ လုပ်ငန်းအကြောင်း အင်တာဗျူး ထားတဲ့ မှတ်တမ်းဗီဒီယိုတွေကိုလူမူကွန်ယက် ပလပ်ဖောင်းတွေပေါ်မှာတင်ထားခြင်းဖြင့်သင့်အလုပ်ကို လူအများသိမြင်စေနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်မူကစျေး ကွက်ရှာဖွေရေးကို အထောက်အကူပြုနိုင်ပါ တယ်။
၁၁။ အမေးအဖြေကဏ္ဍတွေကို ဖြေကြားမှုပြုလုပ်ပါ။ (Answer FAQs)
သင့်ပရိသတ်တွေ၊ သင့်လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဗီဒီယိုတွေကနေ တစ်ဆင့် ဆက်သွယ်ပြီး သူတို့ရဲ့ စူးစမ်းချက်တွေ၊ မေးခွန်းတွေကို ရှင်းလင်းဖြေကြားမှုတွေလုပ်ဆောင်နိုင်ပါတယ်။ သင့်အလုပ်ပရိုဖိုင် Work Profile ၊ ကုမ္ပဏီရည်မှန်းချက်တွေနဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေကြားပေးနိုင်ပါတယ်။
နိဂုံး
ကပ်ရောဂါကာလအတွင်း အလုပ်တွေရဲ့ အားသာချက်၊ အားနည်းချက်များစွာကို တွေ့ကြုံနေရချိန်မှာ အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ထိခိုက်နိုင်ပါတယ်။ဒီလိုအခြေအနေမှာ အွန်လိုင်း သတင်းအချက်အလက်ဗီဒီယိုတွေကနေတစ်ဆင့်သင်ယူမှုကို မြှင့်တင်မယ် ဆိုရင် သင်ဟာ သင်ရဲ့ အလုပ်လုပ်နိုင် စွမ်းအားကို ဆုံးရှုံးတော့မှာ မဟုတ်ပါဘူး။
ဒီနေရာမှာ မူရင်းဆောင်းပါးအပြင်ထပ်ဖြည့်ပြောချင်တာလေးရှိပါတယ်။ ဒါက လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဆိုရင် လူအများအပြားက အွန်လိုင်းအသုံး ပြုမှုနဲ့ အွန်လိုင်း သင်ကြားခြင်း၊ လေ့လာခြင်း တွေကို များများစားစားလုပ် ဆောင်လာကြပါတယ်။ အခုအချိန်မှာ သင်ဟာ လမ်းပျောက်နေသူ ဆိုရင် လည်း သင့်ဝါသနာ၊ တီထွင်ဖန်တီးမှုတွေကို ဗီဒီယိုတွေ ဖန်တီးပြီး SOCIAL MEDIA မှာ မျှဝေရင်းနဲ့ သင့်အ ရည်အသွေးနဲ့ကိုက်ညီတဲ့လုပ်ငန်းတွေနဲ့လည်းချိတ်ဆက်လာနိုင်ပါတယ်။
လေ့လာသူတွေအနေနဲ့ကတော့ ဟိုအရင်က အပြင်မှာပဲ မျက်နှာစုံပြီး ဆရာနဲ့အနီးကပ်သင်ကြားမှသာ နားလည်တယ်လို့ ခံစားရပေမယ် အချိန်ကြာလာတာနဲ့အမျှ လူတွေဟာ အွန်လိုင်းက သင်ကြားမူတွေ ကို အသားကျလာပါတယ်။ သင်က ဗီဒီယို သင်ခန်း စာတွေနဲ့ မလေ့လာတတ်သူဆိုရင်တောင် အခုအချိန်မှာ ဒါကို အလေ့အကျင့်လုပ်ထား ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဗီဒီယိုသင်ကြားမှုဟာ အပြင်မှာလို အဝတ် စားဖိုး၊ စရိတ်စားခ၊ နေရာ ထိုင်ခင်းအတွက် ဘာမှမကုန်ကြဘဲ အချိန်တိုတိုအတွင်း လေ့လာလို့ရနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါ့ပြင် များစွာသော ဖန်တီးသူတွေကလည်း သူ့ထက်ငါပိုမို ကောင်းမွန်တဲ့ သင်ခန်းစာတွေကို ဖန်တီးနေကြတာဖြစ်တဲ့အတွက် ဗီဒီယိုသင်ခန်းစာတွေကို အထူးလေ့လာ သင့်ပါတယ်။
ဦးအောင်သူ
B.Com (Q***), M.Com (MEUE)
ယခုဆောင်းပါးသည် မူရင်းစာရေးသူ PAWAN KUMAR ၏ SPRINGWORKSBLOG တွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်စွဲဖြင့် ပါဝင်ရေးသားထားသော HOW TO STAY PRODUCTIVE USING CREATIVE VIDEOS IN A WORK-FROM-HOME SETTING ဆောင်းပါးကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
မူရင်းဆောင်းပါးကို
https://www.springworks.in/.../creative-videos-in-a-work.../ မှာ ဖတ်ရှုနိုင်ပါတယ်။
Latest Articles
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
4 days ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
4 days ago
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
1 week ago
နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
1 week ago
"တိတ်ဆိတ်ခြင်းနောက်ကွယ်က အသံ" (Silent Quitting)
1 week ago
