Unethical practices in the workplace?
Forgetting and Procrastinating ဆိုတဲ့ 'မေ့တတ်ခြင်းနှင့် အချိန်ဆွဲပြီး အလုပ်လုပ်ခြင်း' တို့သည် အလုပ်ခွင်မှာ ကျင့်ဝတ်မဲ့တဲ့လုပ်ဆောင်ချက်တွေဖြစ်မဖြစ်?
Forgetting
"မေ့တတ်တယ်၊ မေ့သွားတယ်" အလုပ်မှာ၊ အိမ်မှာ၊ နေတော်တော်များများမှာ 'မေ့သွားလို့' ဆိုတဲ့ ဆင်ခြေပေးတာကို အလွယ်တကူခွင့်ပြုတဲ့အလေ့အထမဖြစ်စေလိုပါ။ မေ့တတ်ရင် memory aids တွေဖြစ်တဲ့ planner တွေ reminder တွေသုံးဖို့ကြိုးစားပါ။ ဒါကိုအလွယ်လေး လျှော်ပေးလိုက်တာဟာ 'မေ့တယ် 'ဆိုတာကို' ဖြစ်လေ့ဖြစ်ထ' ရှိတဲ့ အရာတစ်ခုအဖြစ် လက်ခံလိုက်သလိုဖြစ်ပြီး၊ အလုပ်မပြီးတဲ့အခါမျိုးမှာ အမှန်အတိုင်း မပြောတော့ဘဲ လမ်းလွဲ လိုက်ပြီး လိမ်ညာပြီး အလွယ်တကူဘဲ 'မေ့သွားလို့' ဆိုပြီး ဆင်ခြေပေး လိုက်တာမျိုးဖြစ်သွား တော့၊ 'ရိုးသား၊ ကြိုးစားမယ် (Honesty, Hard-working)' တို့လိုမျိုး organizational value တွေကို ပုံပျက်သွားစေနိုင်ပြီး organizational behavior ကို ထိခိုက်သွားစေနိုင်ပါတယ်။ ဝန်ထမ်းဘက်ကကြည့်ရင်လည်း မေ့သွားလို့ဆိုတဲ့ဆင်ခြေဟာ ဥပဒေအရ အရေးယူနိုင်သည် အထိပြစ်မှုမမြောက်သည့်တိုင်အောင်၊ ကျင့်ဝတ်မဲ့တဲ့လုပ်ဆောင်ချက် (legal but unethical practice) ဖြစ်နေတဲ့အတွက် ရေရှည်မှာ ကိုယ့်ရဲ့ personal value ကို ထိခိုက်စေနိုင်လို့ အမြန်ပြုပြင်သင့်ပါတယ်။
Procrastinating
Procrastinatingအချိန်ဆွဲပြီး အလုပ်လုပ်တာမျိုးကလည်း ကျင့်ဝတ်နဲ့မညီပါဘူး။ ပင်ကိုယ် ဗီဇကိုက ဘာလုပ်လုပ် နှေးနေတာမျိုး ဖြစ်နိုင်ပါတယ်။ သို့သော် တတ်နိုင်သလောက် မိမိ ကိုယ်ကို လေ့ကျင့်ပြုပြင်သင့်ပါတယ်။ ခေတ်ကာလအခြေအနေကိုက Change Era ဖြစ်နေ တဲ့အတွက် ပြုပြင်ရမှာပါ။ သူများတွေ Fast-tracking တွေ multi-tasking တွေလုပ်နေချိန်မှာ ကိုယ်က slow motion လုပ်နေဖို့အဆင်မပြေပါ။ သူများလုပ်နိုင်သလောက်မလုပ်နိုင်ဘဲ သူများနည်းတူ လုပ်ခလစာရယူတယ်ဆိုတာ အချိန်အတိုင်းအတာတခုအထိပဲ ကောင်းပါ တယ်။ မဟုတ်ရင် အားနာစရာကောင်းတဲ့အပြင် ကျင့်ဝတ်နဲ့လည်းမညီပါဘူး။ ပြီးတော့ အလုပ်ကို တမင်သက်သက်အချိန်ဆွဲပြီး လုပ်တာမဟုတ်ရင်တောင်၊ ကိုယ့်ကိုယ်ကိုယ် procrastinating ဖြစ်နေမှန်းမသိရင်တော့၊ ဖြေးဖြေးအေးအေးလုပ်နေရင်းနဲ့ လုပ်စရာရှိတဲ့ အလုပ်တချို့ကို မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လုပ်တဲ့အလုပ်တိုင်းမှာ ကျင့်ဝတ်နဲ့ညီပြီး လိပ်ပြာသန့်စေဖို့အတွက် Procrastinating နဲ့ Forgetting ကို ရှောင်ကြဉ် ကြပါစို့။
Daw Aye Aye Win
B.Com (Hons), M.Com (YIE),
Diploma in English, M.A (International Business Studies) (Sophia University, Japan)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
