သင့်လုပ်ငန်းကို လူသိများထင်ရှားစေဖို့အတွက် လုပ်ဆောင်ရမယ့် အချက် (၅) ချက်
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်ရာမှာ ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာ ကြိုးစားအားထုတ်မှုနဲ့ မဟာ ဗျူဟာကျတဲ့ စီစဥ်မှုများစွာ လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ရာအတွက် အာရုံစိုက်ပြီးလုပ်ရမယ့် အရေးကြီးတဲ့ ကဏ္ဍများထဲမှ တစ်ခုကတော့ သင့်လုပ်ငန်းရဲ့ မားကတ်တင်း (Marketing) နဲ့ အမှတ်တံဆိပ် (Branding)တို့ပဲ ဖြစ်ပါတယ်။ ထိရောက်ကောင်းမွန်တဲ့ Brand Strategy တစ်ခုကို ဖန်တီးခြင်းဟာ သင့်ရဲ့ Customersတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရာမှာဖြစ်စေ၊ Customer Loyalty ကို တိုးမြှင့်လာစေဖို့နဲ့ သင့်လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့ရာအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု လူသိများထင်ရှားဖို့ရာအတွက် ပြုလုပ်ရမယ့်အချက်များကို မျှဝေပေးလိုက်ပါတယ်။
၁။ ထိရောက်ကောင်းမွန်တဲ့ Brand Strategy တစ်ခုကို တည်ဆောက်ပါ။
အောင်မြင်တဲ့ Brand Strategy တစ်ခုကို ဖန်တီးဖို့ရာအတွက် ပထမဆုံးခြေလှမ်းကတော့ ထူးခြားပြီး မှတ်မိစေနိုင်တဲ့ Brand Identity ကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့ Brand Identity ဟာ သင့်ကုမ္ပဏီရဲ့ တန်ဖိုးထားမှုများနဲ့ ရည်မှန်းချက်များကို စွဲမြဲစွာသိရှိစေနိုင်မယ့် Identity ဖြစ်ကြောင်း သေချာမှုရှိပါစေ။ ၎င်းဟာ သင့်ရဲ့လုပ်ငန်းကို ပြိုင်ဘက်များနဲ့ ကွဲပြားစေဖို့ ကူညီပေးနိုင်ပြီး သင့်လုပ်ငန်း အတွက် အလားအလာရှိတဲ့ Customer များအပေါ် ရေရှည်တည်မြဲတဲ့ အထင်ကြီးမှုကို ဖန်တီးပေးနိုင် ပါတယ်။ Customers တွေက သင့်ရဲ့ Brand ကို အမှတ်ရပြီး ခွဲခြားသိမြင်နိုင်လေလေ သူတို့အတွက် Product or Service ကို လိုအပ်တဲ့အခါ သင့်ရဲ့ Brand ကို ပြန်လည်မှတ်မိနိုင်ခြေ ပိုများလေလေပါ။ သင့်လုပ်ငန်းအတွက် တမူထူးခြားတဲ့ Logo, Color Scheme & Slogan ကို ဖန်တီးခြင်းဟာ Customer တွေအတွက် သင့်ရဲ့ Brand ကို ရေရှည်မှတ်မိစေနိုင်ပြီး တခြားပြိုင်ဘက်လုပ်ငန်းတွေကြားမှာ ထင်ရှားစေဖို့ရာအတွက် ကူညီပေးနိုင်ပါတယ်။
၂။ သတင်းထောက် (Reporter) များနဲ့ ဆက်ဆံရေးကို မြှင့်တင်ပါ။
ဒုတိယခြေလှမ်းကတော့ Reporter များနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ရမှာဖြစ်ပြီး ၎င်းတို့အတွက် သင့်လုပ်ငန်းကို မီဒီယာမှာ Cover ဖြစ်ဖို့ အခွင့်အလမ်းပိုမိုရရှိစေဖို့ ဖြစ်ပါတယ်။ ဒီဆက်ဆံရေးကို ထူထောင်ဖို့ရာအတွက် ပြည်တွင်းသတင်းထောက်များ၊ အယ်ဒီတာများနဲ့ မီဒီယာများထံ ဆက်သွယ်ဖို့လိုပါတယ်။ ဒီအဆင့်ကို Networking, Press Event & Conference များတက်ရောက်ခြင်း ဒါမှမဟုတ် သတင်းထောက်များနဲ့ တွေ့ဆုံမေးမြန်းခြင်းကနေတစ်ဆင့် လုပ်ဆောင် နိုင်ပါတယ်။ မီဒီယာများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားခြင်းက သင့်ရဲ့ Brand ကို လူအများအာရုံစိုက်မှု ပိုမိုရရှိစေဖို့အတွက် အခွင့်အလမ်းကောင်းများကို ရရှိမှာ ဖြစ်ပါတယ်။
၃။ Social Media Platform များကို အသုံးချပါ။
သင့်ရဲ့ လုပ်ငန်းကို မြှင့်တင်တဲ့အခါမှာ Social Media ကို Powerful Tool တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ သင့်လုပ်ငန်းရဲ့ ထုတ်ကုန်အသစ်များ ဒါမှမဟုတ် ဝန်ဆောင်မှုအသစ်များကို ကြော်ငြာဖို့၊ Customer များရဲ့ အကြံပြုချက်များနဲ့ တခြားအရာများကို ဆွေးနွေးဖို့ Twitter, Facebook, & Instagram ကဲ့သို့ Social Media Platform များကို အသုံးပြုပါ။ ဒီနည်းလမ်းက သင့်ရဲ့ လုပ်ငန်းအကြောင်းကို လူအများ လျင်လျင်မြန်မြန် သိရှိစေမယ့်အပြင် သင့်ရဲ့လုပ်ငန်းအတွက် အလား အလာရှိတဲ့ Customers တွေကိုပါ ထိတွေ့ နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
၄။ Influencer များရဲ့ အရှိန်အဝါကို အသုံးချခြင်း။
Influencer များကို အသုံးချခြင်းဟာ သင့်ရဲ့ Brand နဲ့ ပတ်သက်တဲ့ အချက်အလက်များကို ဖြန့်ဝေဖို့နဲ့ Customer အသစ်များ ရရှိဖို့ရာအတွက် ကူညီပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၎င်းကို Influencer များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ သင့်လုပ်ငန်းရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများ ပါဝင်တဲ့ အကြောင်းအရာများကို မျှဝေခြင်း ဒါမှမဟုတ် Sponsored Post များမှတစ်ဆင့် ရရှိနိုင်ပါတယ်။ Influencer များနဲ့ အလုပ်လုပ်တဲ့အခါ ဒီအကြံပြုချက်များကို မှတ်သားထားပါ။
လေ့လာဆန်းစစ်ပါ။ သင့်ရဲ့ Brand အတွက် သင့်လျော်မှု ရှိ၊မရှိ ဆုံးဖြတ်ဖို့ရာအတွက် အတူလက်တွဲလုပ်ဆောင်ဖို့ စဥ်းစားထားတဲ့ Influencer များကို လေ့လာဖို့လိုပါတယ်။ သင် Target ထားတဲ့ Market နဲ့ ကိုက်ညီမှု ရှိ၊မရှိ သေချာသိရှိစေဖို့အတွက် ၎င်းတို့ရဲ့ Followers, Content နဲ့ Engagement Rate များကို ကြည့်ရှုပါ။
ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပါ။ Influencer များနဲ့ ကောင်းမွန်တဲ့ လူမှု ဆက်ဆံရေး တစ်ခုကို မတည်ဆောက်ဘဲ အတူလက်တွဲမလုပ်ပါနဲ့။ အတူလက်တွဲ မလုပ်ဆောင်ခင်မှာ အချင်းချင်းသိခွင့်ရဖို့အတွက် Social Media ကနေတစ်ဆင့် ၎င်းတို့နဲ့ချိတ်ဆက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပါ။
ရှင်းလင်းတဲ့ မျှော်မှန်းချက်များကို သတ်မှတ်ပါ။ သင်နဲ့ Influencer များဟာ Payment Terms, Deadlines, Content Requirements အစရှိတဲ့ မျှော်လင့်ချက်များ၊ စည်းမျဥ်းများနဲ့ ပတ်သက်ပြီး သဘောထားတူညီစွာ ရှိနေကြောင်း သေချာမှုရှိပါစေ။
Incentive များဖြင့် ကမ်းလှမ်းပါ။ Influencer များဟာ ၎င်းတို့ရဲ့ အချိန်ကို တန်ဖိုးထားပြီး သူတို့ရဲ့ ဝန်ဆောင်မှုအတွက် သင့်လျော်တဲ့ Compensation ပေးတဲ့ Brand များနဲ့ အတူ လက်တွဲလုပ်ကိုင် လိုကြပါတယ်။ Influencer များကို သင်နဲ့ ပူးပေါင်းဖို့ ဆွဲဆောင်နိုင်ဖို့ရာ အတွက် Discounts or Exclusive Offers များကို လုပ်ဆောင်နိုင်ရန် စဥ်းစားပါ။
၅။ Local Event များမှာ ပူးပေါင်းပါဝင်ပါ။
နောက်ဆုံး အနေနဲ့ Local Event များမှာ ပါဝင်ခြင်းဟာ သင့်ရဲ့လုပ်ငန်းကို မြှင့်တင့်ဖို့ နဲ့ Market ကို ချဲ့ထွင်ဖို့ရာအတွက် နောက်ထပ် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ Brand & Services တွေကို ပြသနိုင်ဖို့ရာ အတွက် ကုန်စည်ပြပွဲများ၊ ကွန်ဖရင့်များကဲ့သို့သော ပွဲများကို တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ဒေသမှာပွဲများကို လက်ခံကျင်းပခြင်းဟာ Customer များနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ ကူညီပေးနိုင်ပြီး သင့်ရဲ့ Brand နဲ့ ၎င်းတို့အား အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ချိတ်ဆက်နိုင်ဖို့ရာ အခွင့်အလမ်းပေးနိုင်ပါတယ်။
www.forbes.com မှ Brittany Bettini ရေးသားသော Five Tips To Make Your Business Stand Out ဆောင်းပါးကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါတယ်။
Daw Htet Pann Wai
Meiktila University of Economics
Latest Articles
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
2 days ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
6 days ago
Halo Effect: သင့်ရဲ့ဆုံးဖြတ်ချက်တွေကို တိတ်တဆိတ် ထိန်းချုပ်နေသူ
1 week ago
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
3 weeks ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
3 weeks ago
