သင်ယူ · သုံးသပ် · သုံးစွဲ — Success Blueprint တစ်ခုဖြစ်တဲ့ Benchmarking
ယနေ့ခေတ် လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ဆိုတာ ရိုးရိုးရှင်းရှင်းနည်းလမ်းနဲ့တော့ မဖြစ်နိုင်တော့ပါဘူး။ ပြိုင်ဘက်တွေရဲ့ အရှိန်ကိုဖြတ်ကျော်ဖို့၊ ကိုယ့်အဖွဲ့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် သက်တမ်းမြင့်ပြီး အတည်ပြုခံထားရတဲ့ နည်းလမ်းတစ်ခုကတော့ Benchmarking ဖြစ်ပါတယ်။
Benchmarking ဆိုတာက သူများရဲ့ အောင်မြင်မှုနည်းလမ်းတွေကို
သင်ယူ၊ သုံးသပ်ပြီး၊ သုံးစွဲတတ်တဲ့သူတွေ အတွက် Success Blueprint တစ်ခု ဖြစ်ပါတယ်။
✔️ သူများအောင်မြင်တာကို “သင်ယူ”
✔️ ကိုယ့်အဖွဲ့နဲ့ကိုက်ညီမှုရှိ/မရှိ “သုံးသပ်”
✔️ ကိုယ့်အဖွဲ့မှာ တကယ်အသုံးဝင်အောင် “သုံးစွဲ”
ဒါက လုပ်ငန်းတိုးတက်မှုအတွက် ပြည့်စုံတဲ့ ရှုထောင့်တစ်ခုပဲ ဖြစ်ပါတယ်။
📌 Benchmarking ဆိုတာဘာလဲ?
Benchmarking ဆိုတာ "အောင်မြင်နေသူ/အဖွဲ့အစည်းတွေရဲ့ နည်းလမ်းကောင်းတွေကို လေ့လာပြီး ကိုယ့်အဖွဲ့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်တဲ့ လုပ်ငန်းစဉ်" ဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်းပြောရရင် —
"သူများက ဘယ်လိုလုပ်လို့အောင်မြင်နေလဲ သိ၊ သုံးသပ်၊ ပြီးတော့ ကိုယ့်အဖွဲ့မှာ အသုံးချ" ဆိုတာပါ။
📌 Benchmarking အမျိုးအစားများ
Benchmarking ဟာ တစ်ခုတည်းမဟုတ်ပဲ အမျိုးအစားပေါင်းများစွာရှိပါတယ်။ အောက်မှာဖော်ပြ ထားတာတွေ ကတော့ ထိရောက်တဲ့ Benchmarking မျိုးစုံပဲ ဖြစ်ပါတယ်။
၁။ Internal Benchmarking (ကိုယ်တွင်းနှိုင်းယှဉ်ခြင်း)
ကိုယ့်ဌာနထဲမှာ အထိရောက်ဆုံး အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရဲ့ နည်းလမ်းကို လေ့လာပြီး ကိုယ့်အလုပ်ပုံစံကို တိုးတက်အောင်ပြောင်းလဲခြင်း။
၂။ External Benchmarking (ပြင်ပနှိုင်းယှဉ်ခြင်း)
တခြားကုမ္ပဏီတစ်ခုရဲ့ အောင်မြင်တဲ့ Strategy တွေကို လေ့လာပြီး ကိုယ့်အဖွဲ့မှာ အသုံးချခြင်း။
၃။ Competitive Benchmarking (ပြိုင်ဆိုင်မှုနှိုင်းယှဉ်ခြင်း)
ကိုယ့်ဈေးကွက်ထဲက ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်/ဝန်ဆောင်မှုတွေကို လေ့လာ၊ နှိုင်းယှဉ်ပြီး ကိုယ့်ထုတ်ကုန်ကို တိုးတက်အောင်လုပ်ခြင်း။
၄။ Non-Competitive Benchmarking (မပြိုင်ဘဲနှိုင်းယှဉ်ခြင်း)
မတူညီတဲ့လူမှုကဏ္ဍက အဖွဲ့အစည်းတွေထဲက Best Practices တွေကို လေ့လာပြီး ကိုယ့်လုပ်ငန်းမှာ အသုံးချခြင်း။
၅။ Performance Benchmarking (စွမ်းဆောင်ရည်နှိုင်းယှဉ်ခြင်း)
ကိုယ့်အဖွဲ့ရဲ့ Sales Performance ကို Top Performer နဲ့ နှိုင်းယှဉ်ပြီး ဘယ်နေရာတွေ အားနည်းနေလဲ ဆန်းစစ်ခြင်း။
၆။ Practice Benchmarking (လုပ်ဆောင်မှုပုံစံနှိုင်းယှဉ်ခြင်း)
အောင်မြင်သူတွေရဲ့ Daily Routine, Workflow, Productivity Hacks တွေကို လေ့လာပြီး ကိုယ့်မှာ အသုံးချခြင်း။
📌 Benchmarking ကို ဘာကြောင့်အသုံးချသင့်လဲ?
✅ ကိုယ့်အဖွဲ့ရဲ့ အားသာချက် / အားနည်းချက်တွေကို သိနိုင်တယ်။
✅ ပိုမိုထိရောက်တဲ့ နည်းလမ်းအသစ်တွေ ရှာဖွေနိုင်တယ်။
✅ Best Practices တွေကို လေ့လာ၊ လိုက်နာနိုင်တယ်။
✅ Industry ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာတယ်။
📌 နေ့စဉ်ဘဝမှာ Benchmarking ကို ဘယ်လိုအသုံးချမလဲ?
🔹 အလုပ် – အောင်မြင်တဲ့လူတွေရဲ့ Skill / Methodology တွေကို လေ့လာ၊ အသုံးချ
🔹 ဘဝတိုးတက်ရေး – အလေ့အကျင့်ကောင်းတွေကို အတုယူ
🔹 ကျန်းမာရေး – ကျွမ်းကျင်သူတွေရဲ့ Diet & Fitness Routine ကို လေ့လာအသုံးချ
✅ နိဂုံးချုပ် ပြောရရင်
Benchmarking ဆိုတာ "အတုယူပြီး ပိုကောင်းအောင်လုပ်" ဆိုတဲ့ ရိုးရှင်းတဲ့သဘောတရားတစ်ခုပါ။
သင်ယူ ➤ သုံးသပ် ➤ သုံးစွဲ ဆိုတဲ့ ဒီ Success Blueprint ကို ကိုယ့်လုပ်ငန်းနဲ့ နေ့စဉ်ဘဝမှာ အသုံးချနိုင်ရင် — အောင်မြင်မှုဟာ သင့်ရဲ့ လက်တစ်ကမ်းမှာပါ။
References
Slack, N., Brandon-Jones, A. and Johnston, R. (2022) Operations Management. 10th Ed. Harlow: Pearson.
Hninn Pwint Oo
M.Com, B.Com** (MEUE)
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
