ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ဖို့အတွက် သိသင့်သိထိုက်ရမည့် အချက်များ
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာတော့ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ နှင့် ခရီးသွားလာရေးအခန်းကဏ္ဍများတွင် ထင်ရှားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ဖို့ စဉ်းစားနေသူများအတွက် သိသင့်သိထိုက်ရမည့် အချက်အလက်များကို အောက်တွင် ဖော်ပြထားပါတယ်။
၁။ နေထိုင်ခွင့်နှင့် ဗီဇာလိုအပ်ချက်များ
ထိုင်းနိုင်ငံသို့လာရောက်ပြီး ရေရှည်နေထိုင်ဖို့အတွက် ပထမဆုံး စဉ်းစားရမည့် အချက်မှာ နေထိုင်ခွင့်နှင့် ဗီဇာလိုအပ်ချက်များဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရရှိရန် ဗီဇာအမျိုးအစားများစွာရှိပြီး၊ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်များနှင့် ကိုက်ညီသော ဗီဇာကို ရွေးချယ်ရန်လည်း လိုအပ်ပါတယ်။
- အလုပ်လုပ်ကိုင်ခွင့်ဗီဇာ (Non-Immigrant B Visa): ထိုင်းနိုင်ငံသို့လာရောက်ပြီး အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသူများအတွက် Non-Immigrant B Visa (Non-B) ကို လျှောက်ထားရန် လိုအပ်ပါတယ်။
- အလည်အပတ် ဗီဇာ (Tourist Visa): ထိုင်းနိုင်ငံမှာ လာရောက်လည်ပတ်ချင်သူများအတွက် Tourist visa ကိုလျှောက်ပြီးလာနိုင်ပါတယ်။ Tourist Visa မလျှောက်လိုပါက Arrival Visa ၁၄ ရက်ဖြင့်လည်း လာရောက်လည်ပတ်နိုင်ပါတယ်။
- ပညာသင်ကြားခွင့်ဗီဇာ (Non-Immigrant ED Visa): ထိုင်းနိုင်ငံသို့လာရောက်ပြီး ပညာသင်ကြားရန် စီစဉ်ထားသူများအတွက် Non-Immigrant ED Visa (ED) ကို လျှောက်ထားရန် လိုအပ်ပါတယ်။
- ပင်စင် ဗီဇာ (Retirement Visa): အသက် ၅၀ နှင့် အထက်ရှိသူများအတွက် ထိုင်းနိုင်ငံသို့ လာရောက်နေထိုင်လိုပါက Retirement visa ကို လျှောက်ထားနိုင်ပါတယ်။
- ရင်းနှီးမြှုပ်နှံမှုဗီဇာ (Investment Visa): ထိုင်းနိုင်ငံသို့လာရောက်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများအတွက် Investment ခေါ် Business Visa ကို လျှောက်ထားနိုင်ပါတယ်။
၂။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ
ထိုင်းနိုင်ငံရဲ့ စီးပွားရေးအခန်းကဏ္ဍကတော့ တည်ငြိမ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သောကြောင့်၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ရှိပါတယ်။
- ခရီးသွားလာရေးလုပ်ငန်း: ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားများအတွက် အထူးစိတ်ဝင်စားသော နိုင်ငံတစ်ခုဖြစ်ပြီး၊ ခရီးသွားလာရေးလုပ်ငန်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်လျက်ရှိပါတယ်။
- ပညာရေးနှင့် သင်ကြားရေးလုပ်ငန်း: ထိုင်းနိုင်ငံမှာ International ကျောင်းများနှင့် တက္ကသိုလ်များစွာရှိပြီး၊ စာသင်ကြားရေးလုပ်ငန်းတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာလုပ်ကိုင်နိုင်ပါတယ်။
၃။ နေထိုင်မှုစရိတ်
ထိုင်းနိုင်ငံရဲ့ နေထိုင်မှုစရိတ်က အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်မျှတပြီး နေထိုင်ဖို့အတွက် စဥ်းစားသင့်သည့် နိုင်ငံဖြစ်ပါတယ်။
- နေထိုင်စရိတ်: ဘန်ကောက် ဖူးခက် ချင်းမိုင် စသည့် မြို့ကြီးတွေမှာ နေထိုင်စရိတ် မြင့်မားပြီး၊ အခြားသော ပြည်နယ်ဒေသများမှာတော့ စရိတ်သက်သက်သာသာဖြင့်နေထိုင်နိုင်ပါတယ်။
- စားသောက်စရိတ်: စားသောက်စရိတ်မှာ အလွန်သက်သာလှပြီး၊ ဈေးနှုန်းချိုသာသော စားသောက်ဆိုင်ပေါင်းများစွာ ရှိပါတယ်။
- သယ်ယူပို့ဆောင်ရေး: သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်ပါက အနည်းငယ်စျေးကြီးပြီး၊ ဘတ်စ်ကား၊ ရထား၊ နှင့် မော်တော်ဆိုင်ကယ်များဖြင့်လည်း အလွယ်တကူ သွားလာနိုင်ပါတယ်။
၄။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာမခံ
ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပြီး အာမခံ၀ယ်ထားခြင်းမရှိပါက ဆေးကုသမှုစရိတ် အလွန်စျေးကြီးပါတယ်။
- အစိုးရဆေးရုံများ: အစိုးရဆေးရုံများကတော့ ဈေးနှုန်းချိုသာပေမယ့် ၀န်ဆောင်မှုပေးရာမှာတော့ အဆင်မပြေမှုများရှိတတ်ပါတယ်။
- ပုဂ္ဂလိကဆေးရုံများ:ပုဂ္ဂလိကဆေးရုံများသည် ဈေးနှုန်းအရမ်းကြီးတဲ့အတွက် ၀န်ဆောင်မှုပေးရာမှာတော့ နိုင်ငံတကာအဆင့်မှီလုပ်ဆောင်ပေးလျက်ရှိပါတယ်။
- အာမခံ: အာမခံနှင့်ပတ်သက်ပါက ကျန်းမာရေးအတွက်၀ယ်ယူထားသင့်ပါတယ်။ ကျန်းမာရေးအာမခံ ၀ယ်ယူထားခြင်းမရှိပါက ဆေးကုသရာတွင် ငွေကြေးကုန်ကျမှုအရမ်းများပါတယ်။
၅။ ဘာသာစကား
ဘာသာစကားဆက်သွယ်ပြောဆိုမှုအတွက်ကတော့ ထိုင်းဘာသာစကားကို အဓိကအသုံးပြုသော်လည်း၊ အင်္ဂလိပ်ဘာသာစကားများကိုလည်း နေရာတိုင်းတွင် အလွယ်တကူပြောဆို ဆက်သွယ်နိုင်ပါတယ်။ သို့သော် ထိုင်းဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်ပါက ပိုမိုအဆင်ပြေပါတယ်။
၆။ ပညာရေး
နိုင်ငံတကာမှ ကျောင်းသားများအတွက် ပညာရေးနှင့်ပတ်သက်ပြီးအခွင့်အလမ်းများစွာ ရှိသလို နိုင်ငံတကာ ကျောင်းများနှင့်ချိတ်ဆက်ထားသောကြောင့် Exchange Program များစွာလည်း ဖန်တီးပေးထားလျက်ရှိပါတယ်။ Exchange Program များစွာရှိသောကြောင့် နိုင်ငံတကာမှ ကျောင်းသားများသည် ထိုင်းနိုင်ငံသို့ လာရောက်ပြီး ပညာသင်ကြားလျက်ရှိပါတယ်။ သင်ကြားရေးမှာလည်း နိုင်ငံတကာမှ ဆရာ ဆရာမများကို ခန့်အပ်ထားလျက်ရှိပြီး International Program များမှာလည်း အောင်မြင်လျက်ရှိပါတယ်။ မြန်မာပြည်မှ ကျောင်းသားပေါင်းမြောက်များစွာ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ယူလျက်ရှိပါတယ်။
Sources:
- https://www.immigration.go.th/ (Thailand Immigration Bureau)
- https://www.moc.go.th/ (Ministry of Commerce, Thailand)
- https://www.numbeo.com/cost-of-living/in/Bangkok
- https://www.moph.go.th/ (Ministry of Public Health, Thailand)
- https://www.pacificprime.com/ International Health Insurance for Expats in Thailand
- https://www.tourismthailand.org/ (Tourism Authority of Thailand)
- https://www.moe.go.th/ (Ministry of Education, Thailand)
- https://www.royalthaipolice.go.th/ (Royal Thai Police)
U Ah Zer Zar Sar
Lecturer, Strategy First Int’t College
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
