‘’ စီးပွားရေး လုပ်ငန်းများအတွက် PESTLE Analysis ရဲ့ အကျိုးပြုပုံများ ‘’
စီးပွားရေးလုပ်ငန်းခွင်တိုင်းအတွက် မိမိလုပ်ငန်းခွင်ကို ပြင်ပပတ်ဝန်းကျင်မှ သက်ရောက်လာမယ့် အချက် အလက်များကို လေ့လာစမ်းစစ်ရန်မှာ အလွန်အရေးကြီးလှပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းများ၊ business plan နဲ့ marketing plan များအပေါ်မှာ ပြင်ပပတ်ဝန်းကျင်မှ သက်ရောက်မှု ရှိလာနိုင်တဲ့ အချက်များကို PESTLE Analysis နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ PESTLE Political မိမိလုပ်ငန်းလုပ်တဲ့ နိုင်ငံရဲ့ အစိုးရက သတ်မှတ်ထားတဲ့ မူဝါဒများ၊ စည်းကမ်းများ၊ ဥပဒေများ၊ နိုင်ငံတစ်နိုင်ငံမှ အစိုးရက သတ်မှတ်ထားတဲ့ အခွန်၊ အုပ်ချုပ်ရေးနဲ့ တခြားမူဝါဒများ စတဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်များကို ခြုံငုံသုံးသပ်ကာ မိမိအဖွဲ့အစည်းအပေါ်မှာ ဘယ်လိုအကျိုးများ သက်ရောက်လာနိုင် တယ်ဆိုတာကို ကြိုတင်သုံးသပ်ထားဖို့ လိုအပ်လှပါတယ်။ Economic နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ နိုင်ငံရဲ့ငွေကြေးဖောင်းပွနှုန်း၊ ဘဏ်တိုးနှုန်းများ၊ စီးပွားရေး တိုးတက်မှု၊ ကျဆင်းမှု ၊ နိုင်ငံရဲ့ဝင်ငွေ၊ cash flow စီးဆင်းမှု စတာတွေကို ထည့်သွင်းစဥ်းစားပြီး မိမိလုပ်ငန်းအပေါ် ဘယ်လို impact တွေ သက်ရောက်လာနိုင်သလဲဆိုတာ သုံးသပ်ရပါမယ်။ Social မိမိပစ္စည်း ဖြန့်ချိထုတ်လုပ်မယ့် နိုင်ငံရဲ့ လူဦးရေ၊ ပညာရေး၊ ယဥ်ကျေးမှု ထုံးတမ်း၊ ပညာရေး အဆင့်အတန်းတို့ကလည်း လုပ်ငန်းများအပေါ်မှာ သက်ရောက်မှုရှိပြီး အင်မတန် အရေးပါလှပါတယ်။ Technology မိမိလုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံရဲ့ နည်းပညာ အသုံးချ တိုးတက်မှု၊ မိမိလုပ်ငန်းရဲ့ နည်းပညာအပေါ် မှီခိုအားထားရမှု၊ ပြောင်းလဲလာတဲ့ နည်းပညာအပေါ် စိန်ခေါ်မှုများ၊ နည်းပညာအသစ်များ တီထွင်ဖန်တီးမှုတို့ကိုလည်း လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။ Legal နိုင်ငံရဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ အချက်အလက်များ၊ အစိုးရနဲ့ ထုတ်ပြန်ကြေငြာတဲ့ အမိန့်များ၊ နိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ စတဲ့ အချက်အလက်များဟာ မိမိလုပ်ငန်းအပေါ် ဘယ်လောက်သက်ရောက်နိုင်သလဲဆိုတာ လေ့လာစမ်းစစ်ဖို့လည်း အင်မတန် အရေးကြီး လှပါတယ်။ Environment မိမိအဖွဲ့အစည်း အလုပ်လုပ်ကိုင်တဲ့ နိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြောင်းလဲမှု အချက်အလက်များ၊ စွန့်ပစ်ပစ္စည်း အညစ်အကြေးများနဲ့ ပတ်သက်တဲ့ ဖြေရှင်းမှုများ မှာလည်း လုပ်ငန်းအပေါ်မှာ သက်ရောက်နိုင်တဲ့ ပြင်ပ ရိုက်ခတ်မှုများမှာ ပါဝင်တာကြောင့် လုပ်ငန်းများ မစခင်ကတည်းက ကြိုတင်စဥ်းစား သုံးသပ်သင့်တဲ့ အချက်များပဲ ဖြစ်ပါတယ်။ လုပ်ငန်းများ ရေရှည်ရပ်တည်ဖို့နဲ့ အောင်မြင်မှုများကို ရရှိကာ လုပ်ငန်းခွင် ပြင်ပ ခြိမ်းခြောက်မှုများကို ကာကွယ်ပေးပြီး၊ အခွင့်အလမ်းကောင်းများကို ရယူနိုင်ဖို့ လုပ်ငန်းတိုင်းအတွက် အရေးကြီးလှပါတယ်။ နိုင်ငံတိုင်းမှာ SME လုပ်ငန်းပေါင်းများစွာ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်း အမျိုးအစားများစွာအတွက် SME လုပ်ငန်းများစွာ အစပြုလုပ်ကိုင်လျက်ရှိပါတယ်။ လုပ်ငန်းသစ်များစွာ ပေါ်ထွန်းလာသလို နောက်နှစ်အနည်းငယ် အကြာမှာလည်း အဲဒီလုပ်ငန်းငယ်များက မှေးမှိန်ပျောက်ကွယ် သွားကြသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများမှာပင် ဖြစ်ပွားလျက်ရှိပါတယ်။ ဒါကြောင့် SME လုပ်ငန်းတိုင်းမှာ စီးပွားရေး နည်းဗျူဟာများနဲ့အတူ၊ PESTLE Analysis နဲ့ SWOT analysis တို့ကို အကျိုးရှိရှိ အသုံးချခြင်းဖြင့် လုပ်ငန်းများ ရေရှည်ရပ်တည်ဖို့ အခွင့်လမ်းများရှိပြီး ပြင်ပမှ သက်ရောက် လာတဲ့ impact များကို ကြိုတင်ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။ Daw Ei Mon Soe ME-IT(TU-Mdy) MBA (SIU, Thailand)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
