S + O = P
S + O = P
Bill Gates က ကိုယ့်ကိုယ်ကိုယ် ဒီလောက်အောင်မြင်ရင်တော်ပြီပေါ့ဆိုပြီး “ကျေနပ်ရောင့်ရဲ” သွား ရင်ဖြစ်စေ၊ ငါဘာပဲလုပ်လုပ် ခုလိုပဲ အမြဲအောင်မြင်နေမှာပဲလို့ ”ဘဝင်မြင့်” သွားရင်ဖြစ်စေ၊ သင်ကျရှုံးသွားလိမ့်မယ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် အမြဲ challenge လုပ်နေပါ၊ reinvent လုပ်နေပါတဲ့။ ဒီနေ့ခေတ်လို အပြိုင်အဆိုင် အလွန်များပြီး မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့အခြေအနေအောက်မှာ အလုပ် လုပ် နေကြတဲ့သူတွေအဖို့ “S” နဲ့ “O” တို့ကို ပိုင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ လူတိုင်းပြေးနေရတဲ့ ဒီနေ့ခေတ်မှာ သင်စိတ်ပါပါ၊ မပါပါ ပြေးနေရမှာပါပဲ။ ကိုယ့်ဘာသာကိုယ် ရောင့်ရဲ တင်းတိမ်ပြီး ရပ်နေရင်လည်း သူများရဲ့ပြေးလမ်းကြောင်းမှာ ကန့်လန့်ခံနေသလိုဖြစ်ပြီး သူများတိုက်ချ သွားပါလိမ့်မယ်။ မဟုတ်တာ၊ မှားတာ ဘာမှမလုပ်မိလည်း၊ “ရပ်” နေမိတဲ့အတွက်ကို ကျရှုံးသွားနိုင်ပါတယ်။ ”နိုကီယာ” ကို သတိပြုပါ။ (We didn’t do anything wrong, but we failed somehow.) ဒါကြောင့် ဒီခေတ်ထဲမှာ အလုပ်လုပ်နေသူအားလုံး “ပြေး” နေကြဖို့ အလွန်လိုပါတယ်။
နည်းစနစ်တကျ ဘယ်လိုပြေးကြမလဲ?
S – Strategy လိုပါတယ်။ ကိုယ့်ရဲ့ အနာဂါတ်ပန်းတိုင် (Vision) ကိုရောက်ဖို့အတွက် ကိုယ့်အတွက် သွားရမယ့် အသင့်တော်ဆုံးလမ်းကြောင်းဖြစ်တဲ့ Strategy ကို ရှာဖို့လိုအပ်လာပါပြီ။ ဒီနေရာမှာ ကိုယ် ခုရောက်နေတဲ့နေရာ၊ ခုလုပ်နေတဲ့အလုပ်တွေကို (current situations) သေချာနားလည်ဖို့လည်း အရေးကြီးပါတယ်။ ဒါမှသာ “ဘယ်ကနေ ဘယ်ကိုသွားမလဲ” (where/ what) ဆိုတာကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ “ဘယ်သွားမလဲ” ဆိုတာကိုသိပြီးရင် “ဘယ်လိုသွားမလဲ” ဆိုတဲ့လမ်းကြောင်းကို ရှာရပါတယ်။ ဒီအတွက်ကို PESTEL Analysis ဆိုတဲ့ external environment (world, country, industry levels) ကို scanning လုပ်ပြီးရင်၊ ဘယ်အရာတွေက ကိုယ့်အတွက် opportunities နဲ့ threats တွေ ဖြစ်လာနိုင်သလဲဆိုတာ ခန့်မှန်းတွက်ချက်ရပါတယ်။ ထိုနည်းတူ competitor analysis နဲ့ self-analysis တွေ လုပ်ပြီးတော့လည်း ကိုယ့်ရဲ့ strengths နဲ့ weaknesses တွေကို သိအောင်လုပ်ရပါတယ်။ ဒါကိုတော့ SWOT Analysis ဆိုပြီး သိကြပါတယ်။ Strategy ရေးဆွဲဖို့ SWOT Analysis မဖြစ်မနေ လုပ်ရပါတယ်။ Strategy က realistic ဖြစ်ဖို့တော့ လိုပါတယ်။ ထိုနည်းတူ သူများနဲ့လည်း different/unique ဖြစ်နေဖို့ အရေးကြီးပါတယ်။
O – Operations ပိုင်နိုင်ဖို့ လိုပါတယ်။ Strategy ကောင်းပေမယ့် Operations မပိုင်နိုင်ရင် “အိတ်ပေါက်နဲ့ ဖားကောက်” နေသလိုပဲံ ဖြစ်နေပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ ပြောနေကြတဲ့ “Lean operations” နဲ့ “Kaizen Approach” တွေ ကို သေချာကျင့်သုံးဖို့ လိုပါတယ်။ Strategy ကောင်းပြီး operations မနိုင်ရင် ဒီ strategy ကို အင်မတန် နှမြောစရာကောင်းလှပါတယ်။ operations ကို သေချာပိုင်နိုင်ရင် တော်တန်ရုံ strategy နဲ့လည်း ယှဉ်ပြိုင်နိုင်ပါတယ်။ efficient operations (lean operations) ကို လျှော့တွက်လို့မရပါ။ ဒီတော့ different/ unique strategy နဲ့ efficient operations ဖြစ်အောင် လုပ်ဆောင်ကြပြီး၊ လက်တွေ့ ကျကျ PERFORMANCE ကောင်းတဲ့လုပ်ငန်းတွေဖြစ်လာအောင် “S” နဲ့ “O” တို့ကို ဟန်ချက်ညီညီ ကြိုးစား လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
မည်သည့်ကဏ္ဍအတွက်မဆို ဒီသဘောတရားများကို လက်တွေ့အသုံးပြုနိုင်ပါတယ်။ အားလုံးတိုးတက် အောင်မြင်ကြပါစေ။
Daw Aye Aye Win
B. Com (Hons), M.Com (YUE), Diploma in English, M.A (International Business Studies), (Sophia University, Japan)
Latest Articles
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 week ago
ကောင်းမွန်တဲ့ AI Tool တစ်ခု ဘယ်လိုဖန်တီးရမလဲ
1 week ago
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
2 weeks ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
2 weeks ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
2 weeks ago
