Professional Development က ဆရာ၊ ဆရာမများအတွက် ဘာကြောင့်အရေးကြီးတာလဲ?
ကျွန်မတို့ ဆရာ၊ ဆရာမတွေဆိုတာ တခြားသူတွေကို ဗဟုသုတတွေ၊ပညာရပ်တွေ ပေးနေတဲ့သူ၊ ပညာရပ်ပိုင်းဆိုင်ရာမှာ တိုးတက်အောင် လုပ်ဆောင်ပေး၊မျှဝေပေးနေတဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့် ကျွန်မတို့အနေနဲ့ မိမိပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ကိုလည်း အချိန်နဲ့တပြေးညီ တိုးတက်အောင် လုပ်ဆောင်နေဖို့ လိုပါတယ်။ ဆရာတစ်ယောက်ဟာ တစ်ချိန်လုံး စာသင်ပြီး အချိန်တွေကုန်သွားလို့ မဖြစ်ပါဘူး။ မိမိ Professional Development အတွက် စာဖတ်ဖို့၊ လေ့လာလေ့ကျင့်ဖို့၊ သင်တန်းတွေတက်ဖို့ ကိုယ်ပိုင်အချိန်ချန်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်မတို့ ပညာမျှဝေနေရတဲ့ တပည့်တွေနဲ့ ကျွန်မတို့ကြားမှာ Generation Gap ရှိတာကြောင့်မို့ ခေတ်နဲ့အညီ တိုးတက်နေတဲ့ ပညာရပ်တွေအပြင် နည်းပညာပိုင်းဆိုင်ရာတွေကိုပါ လေ့လာလိုက်စားသင့်ပါတယ်။ ဒါမှသာ ကျွန်မတို့နဲ့ တပည့်တွေရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ၊ ပညာရေးစနစ်တွေ မတူတဲ့အခါမှာ သူတို့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာမှာ နောက်ကျန်မနေခဲ့ဘဲ သူတို့နဲ့ကိုက်ညီတဲ့ လိုအပ်ချက်ကို ပေးနိုင်မှာ ဖြစ်ပါတယ်။
အခုလို တိုးတက်ပြောင်းလဲနေတဲ့ ပညာရေးခေတ်ထဲမှာ ဆရာ၊ ဆရာမများအနေနဲ့ လေ့လာသင်ယူမှုတွေကို ရပ်နေလို့မရပါဘူး။ စာသင်နေတာကြာနေပြီမို့ အသစ်သင်ယူစရာ မလိုတော့ ဘူးဆိုတဲ့ အတွေးတွေကိုလည်း ဖယ်ရှားသင့်ပါတယ်။ ကျွန်မတို့ ဆရာဖြစ်လာတာ ဘယ်လောက်ပဲ ကြာကြာ လိုအပ်တဲ့ ပညာရပ်တွေကို ဆည်းပူးရင်း ကိုယ့်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေကို အစဥ်တစိုက် တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတွေဟာလည်း ကျွန်မတို့အတွက် ကောင်းကျိုးတွေ ရရှိမှာ အသေအချာပဲ ဖြစ်ပါတယ်။ Professional Development က သင့်ဘဝအတွက်ပေးမယ့် ကောင်းကျိုးတွေကို အနည်းငယ် မျှဝေပေးချင်ပါတယ်။
၁။ Professional Development က ကိုယ့်ရဲ့ Career အတွက် ဘာကအရေးကြီးတယ်ဆိုတာ သိအောင် လုပ်ပေးနိုင်ပါတယ်။ မိမိအတွက် ပညာရပ်အသစ်တွေကိုသင်ယူရင်း အတန်းထဲမှာ အသုံးချဖို့ နည်းလမ်းအသစ်တွေ၊ မတူညီတဲ့ ခေါင်းစဥ်အသစ်တွေ၊ အတွေးအမြင်သစ်တွေကို ရရှိစေတဲ့အတွက် ကိုယ့် Career အတွက် Professional Development က အရမ်းအသုံးဝင်တယ်ဆိုတာ တဖြည်းဖြည်း ပိုသိမြင်လာစေပါတယ်။ မိမိကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုမိုတိုးလာစေပါတယ်။
၂။ Professional Development လုပ်ခြင်းက မိမိကိုယ်တိုင်အတွက်၊ မိမိအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုသာမက ကျွန်မတို့ရဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ အနာဂတ်အတွက်ပါ ရင်းနှီးမြှုပ်နှံ နေတာဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် Professional Development တိုးတက်အောင်လုပ်ပြီး ကျွန်မတို့မွေး ထုတ်လိုက်တဲ့ တပည့်များဟာ နောင်တစ်ချိန်မှာ ကျွန်မတို့ထက် ပိုမိုတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
၃။ Professional Development လုပ်ခြင်းဖြင့် မိမိတို့ရဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ ဆက်ဆံရေး တိုးတက်ရုံသာမက သူတို့ရဲ့အောင်မြင်မှု တိုးတက်လာတဲ့ အတိုင်းအတာတစ်ခုအထိ သက်ရောက်စေမှာ ဖြစ်ပါတယ်။ ပညာရပ်အသစ်၊ နည်းပညာအသစ်များကို လေ့လာခြင်းဖြင့် ကျောင်းသားများရဲ့ ပြောင်းလဲလာတဲ့ သင်ယူမှုပုံစံနဲ့ Teaching Method အသစ်များကိုပါ လေ့လာနိုင်ပါသေးတယ်။
၄။ Professional Development လုပ်ခြင်းဖြင့် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အဆင်ပြေ လာစေပါတယ်။ ကျွန်မတို့ ဆရာ/ဆရာများသည် ကိုယ်သိထားတဲ့ ဗဟုသုတတွေကို အားလပ်ချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် မျှဝေရင်း ဗဟုသုတလည်း တိုးလာသလို ခင်မင်ရင်းနှီးမှု လေးစားမှုတွေပါ တိုးလာနိုင်ပါတယ်။
Personal Development တိုးတက်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေထဲကမှ (၇) ချက်ကို ရွေးထုတ်ပြောချင်ပါတယ်။
၁။ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ တက်ရောက်ခြင်း။
၂။ မိမိစိတ်ပါဝင်စားသည့် ခေါင်းစဥ်ဖြင့် စာတမ်းပြုစုခြင်း။
၃။ဆရာ/ဆရာများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများတက်ခြင်း။
၄။မိမိကိုယ်ကိုယ် Coaching လုပ်ခြင်း။
၅။မိမိ စိတ်ပါဝင်စားသော ဘာသာရပ် Online class တန်းများတက်ခြင်း။
၆။ ယခုထက်ပိုမြင့်တဲ့ ဘွဲ့လွန်သင်တန်းများဆက် ၍တက်ရောက်ခြင်း။
၇။ခေတ်နဲ့အညီ နည်းပညာရပ်များလေ့လာခြင်းတို့ ဖြစ်ပါတယ်။
Referencce_https://www.my-avanti.com/why-is-professional-development-important-for-teachers/
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
