“ ပိုက်ဆံစုဆောင်းဖို့အတွက် ရိုးရှင်းတဲ့ နည်းလမ်း (၈) ခု “
လူသားတွေ နေ့စဉ်လှုပ်ရှားရုန်းကန်နေရခြင်းက ငွေလိုခေါ်တဲ့ ပိုက်ဆံရဖို့အတွက်ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ငွေစုဆောင်းခြင်းနဲ့ ပတ်သက်ပြီး အခက်ဆုံးအရာမှာ အစပြုခြင်းပဲ ဖြစ်ပါတယ်။ သင့်ရဲ့ပိုက်ဆံကို ချွေတာစုဆောင်းဖို့အတွက် အောက်ဖော်ပြပါနည်းလမ်း (၈) ခု က ရေတိုနဲ့ ရေရှည်ပန်းတိုင်အားလုံးအတွက် အကူအညီပေးနိုင်ပါလိမ့်မယ်။
(၁) သင့်ကုန်ကျစရိတ်တွေကို မှတ်တမ်းရေးမှတ်ပါ။
ပိုက်ဆံကိုချွေတာစုဆောင်းဖို့ ပထမခြေလှမ်းမှာ သင်ဘယ်လောက်သုံးစွဲနေကြောင်း မိမိကိုယ်တိုင် သိရှိခြင်းပဲ ဖြစ်ပါတယ်။ ကုန်ကျစရိတ်အားလုံးကို မှတ်သားထားပါ။ ဆိုလိုတာက ကော်ဖီဆိုင်ထိုင်တာ၊ စျေးဝယ်ထွက်တာ၊ အိမ်သုံးပစ္စည်း၀ယ်တာအပြင် လစဉ်ပုံမှန်ကုန်ကျစရိတ်များကိုပါ မှတ်သားထားပါ။ သင့်ကုန်ကျစရိတ်များကို မှတ်တမ်းတင်ဖို့အတွက် စာအုပ်နဲ့ ခဲတံ၊ အခမဲ့သုံးလို့ရတဲ့ အွန်းလိုင်း အပ်ပလီကေးရှင်းများကို အသုံးပြုနိုင်ပါတယ်။
(၂) Budget တစ်ခု သတ်မှတ်ပါ။
Budget ဆိုသည်မှာ သင့်ရဲ့ဝင်ငွေနဲ့နှိုင်းယှဉ်ပြီး မိမိသုံးရမယ့်ငွေကို ဘယ်လောက်သုံးသင့်သလဲ ဒါမှမဟုတ် ဘယ်လောက်သုံးရမလဲဆိုတာကို ကြိုတင်သတ်မှတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါမှသာ ငွေကြေးသုံးစွဲမှုကို ကြိုတင်စီစဉ်နိုင်ပြီး အလွန်အကျွံ သုံးစွဲမှုမဖြစ်စေဖို့ ကန့်သတ်ထားနိုင်ပါလိမ့်မယ်။ အများစုက မိမိသုံးသင့်တဲ့ budget ကို ကြိုတင်သတ်မှတ်ထားမှုမရှိတဲ့အတွက် ပိုသုံးမိသွားကြခြင်း၊ ပိုက်ဆံမလုံလောက်ခြင်း စတဲ့ ပြဿနာတွေကို တွေ့နေရပါတယ်။
(၃) အသုံးစရိတ်ကို လျှော့ချဖို့ နည်းလမ်းတွေကို ရှာဖွေပါ။
သင်လိုချင်သလောက် ငွေကိုမစုဆောင်းနိုင်ဘူးဆိုရင် ကုန်ကျစရိတ်ကို လျှော့ချရမယ့်အချိန် ဖြစ်ပါတယ်။ အဓိက အရာများအတွက် သုံးတာမဟုတ်ဘဲ၊ မလိုအပ်ဘဲငွေထွက်နေတဲ့ ထွက်ပေါက်တွေကို ပိတ်ရမှာဖြစ်ပါတယ်။ ဥပမာ- night out ထွက်တာ၊ အပြင်အစာတွေ အရမ်းစားနေမိတာ စတဲ့အရာတွေကိုလျှော့ချဖို့ လိုပါတယ်။
(၄) တစ်ခုခုကိုမဝယ်ခင် သေချာစဉ်းစားပါ။
ပစ္စည်းတစ်ခုကို ဝယ်ယူတော့မယ်ဆိုရင် အဲ့ဒီပစ္စည်းသည် ကိုယ့်အတွက် အမှန်တကယ် လိုအပ်သလားဆိုတာကို စဉ်းစားပါ။ ဒီပစ္စည်းကို ဘယ်နေရာအတွက် သုံးမှာလဲ သေချာစဉ်းစားပါ။ အမှန်တကယ် မလိုအပ်တဲ့ ဝယ်ယူမှုများအတွက် အချိန်သုံးရက်ယူပြီး စဉ်းစားပါ။
(၅) ငွေကြေးစုဆောင်းဖို့အတွက် ပန်းတိုင်များချမှတ်ပါ။
သင်က 9-5 အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတစ်ယောက်ဆိုရင် 50/30/20 budgeting rule ကို အသုံးပြုပါ။ တစ်လဝင်ငွေအားလုံးရဲ့ 50 % ကို မဖြစ်မနေ လိုအပ်တဲ့အရာတွေအတွက်သုံးပါ။ 30 % ကို ဖျော်ဖြေမှု၊ အစားအသောက်၊ shopping များအတွက် အသုံးပြုပါ။ နောက်ဆုံး 20 % ကို saving အတွက် မဖြစ်မနေစုပါ။
၆။ ရေရှည်အတွက် ငွေကြေးကို ရင်းနှီးမြှုပ်နှံပါ။
ဥပမာ-သင့်မှာ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ စတဲ့ ရေရှည်စီမံကိန်းများရှိတယ်ဆိုရင် အဲ့အတွက် ငွေကြေး ပမာဏတစ်ခုကို သတ်သတ်မှတ်မှတ်စုဆောင်းပါ။ ငွေကိုလက်ထဲပဲထားခြင်း၊ ဘဏ်မှာစုခြင်းထက် တစ်နေရာရာမှာ ရင်းနှီးမြှုပ်နှံပါ။ ရေရှည်အတွက် ငွေကြေးကိုလက်ထဲထားခြင်းထက် ရင်းနှီးမြှုပ်နှံမှုက ပိုပြီးသင့်လျော်မှန်ကန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဥပမာ- အိမ်ခြံမြေလုပ်ငန်း၊ trading စတဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှု တစ်ခုလုပ်နိုင်ဖို့ ကြိုးစားပါ။
(၇) ငွေကြေးနဲ့ ပတ်သက်တဲ့စာအုပ်များကိုဖတ်ပါ။
သင့်ဘဝရည်မှန်းချက်များအတွက် ငွေစုနိုင်ဖို့ ငွေကြေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အတွေးအခေါ်များရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်တဲ့ စာအုပ်များ ဖတ်တဲ့အလေ့အကျင့်ကို ပြုလုပ်ပါ။ ဥပမာ- The psychology of money, the millionaire fast lane စတဲ့ စာအုပ်များကို ဖတ်နိုင်ပါတယ်။
(၈) တိုးတက်မှုကို ပြန်လည်သုံးသပ်ပါ။
နောက်ဆုံးအနေနဲ့ မိမိငွေကြေးရဲ့ တိုးတက်မှု၊ စီးဆင်းမှုကို ပြန်လည်သုံးသပ်ပါ။ ဒါမှသာ မိမိရဲ့ ငွေကြေး စီမံခန့်ခွဲမှုက ထိရောက်မှုရှိ၊မရှိဆိုတာကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ငွေကြေးစုဆောင်းမှု နည်းလမ်းများစွာ ရှိပါတယ်။ အဲ့အချက် တွေထဲကမှ သင့်အတွက် အမှန်တကယ် အလုပ်ဖြစ်တဲ့ နည်းလမ်းများကိုရှာဖွေပြီး ငွေကြေးစုဆောင်းမှု လမ်းစဉ်ကို ဖြည်းဖြည်းချင်းစတင်ပါ။
Better Money Habits website မှာ ဖော်ပြထားတဲ့ 8 simple ways to save money ဆောင်းပါးကို ကိုးကားရေးသားထားပါတယ်။
Daw Hlaing May Win
B.Com , MBA (Meikhtila University of Economics)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
