နည်းပညာဆိုင်ရာ ပြောင်းလဲမှုများအပေါ် လုပ်ငန်းများမှ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲမှုများလုပ်ဆောင်သင့်သော နည်းလမ်းများ
ယနေ့ခေတ် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေးတွင် နည်းပညာပြောင်းလဲမှုသည် ထူးခြားဆန်းကြယ်သည့်အရာမဟုတ်တော့ဘဲ အမြဲတစေ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။ AI နှင့် blockchainမှ ဇီဝနည်းပညာနှင့် အဆင့်မြင့် စက်ရုပ်များအထိ နည်းပညာသစ်များဟာ မကြုံစဖူးနှုန်းဖြင့် ပေါ်ထွက်လာပြီး လုပ်ငန်းများ၊ တန်ဖိုးကွင်းဆက်များနှင့် စားသုံးသူများရဲ့ မျှော်လင့်ချက်များကို အခြေခံကျကျ ပြောင်းလဲပစ်နိုင်ပါတယ်။ MNCs အတွက် သူတို့ရဲ့ ရှုပ်ထွေးသော ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများ၊ ကွဲပြားခြားနားသော စျေးကွက်များနှင့် အများအားဖြင့် ခိုင်မာနေပြီးသား လုပ်ငန်းဖွဲ့စည်းပုံများကြောင့် ဒီပြောင်းလဲမှုများအပေါ် တုံ့ပြန်ရန် စိန်ခေါ်မှုဟာ အလွန်ပင် ကြီးမားလှပါတယ်။ မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်အတွက် လုပ်ငန်းဆိုင်ရာ သင်ယူမှု နှင့် ပတ်ဝန်းကျင်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်း တို့ကို ဆောင်ရန် လိုအပ်ပါသည်။
လုပ်ငန်းဆိုင်ရာ သင်ယူမှုအတွက် မဖြစ်မနေလိုအပ်ချက်
လုပ်ငန်းဆိုင်ရာ သင်ယူမှုဆိုတာ လုပ်ငန်းတစ်ခုမှ အသိပညာများကို ရယူခြင်း၊ ဆောင်ရွက်ခြင်း၊ ဖြန့်ဝေခြင်းတို့မှတစ်ဆင့် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မှုများ ဖြစ်ပေါ်စေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နည်းပညာပြောင်းလဲမှုများကို ရင်ဆိုင်ရချိန်တွင် ခံနိုင်ရည်ရှိမှုရဲ့ အခြေခံအုတ်မြစ် ဖြစ်လာပါတယ်။ ခေတ်နောက်ကျနေသော လုပ်ငန်းပုံစံများ သို့မဟုတ် နည်းပညာဆိုင်ရာ အရည်အချင်းများကို ဆုပ်ကိုင်ထားသော ရပ်တန့်နေတဲ့ လုပ်ငန်းများဟာ ရှောင်လွှဲမရနိုင်ဘဲ နောက်ကျကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ထိရောက်သော လုပ်ငန်းဆိုင်ရာ သင်ယူမှုတွင် အဓိကအချက်များစွာ ပါဝင်တဲ့ အချက်များကို ဖော်ပြပေးထားပါတယ်
အခြေအနေကို နားလည်သဘောပေါက်ခြင်း (Sense-making)- Sense-makingဟာ ပြင်ပပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုလက္ခဏာများကို သိရှိပြီး နိုင်ငံစုံကုမ္ပဏီများအတွက် ဒေသအသီးသီးရှိ နည်းပညာတိုးတက်မှုများကို စောင့်ကြည့်ခြင်း၊ ၎င်းတို့ရဲ့ ဖြစ်နိုင်ခြေရှိသော အသုံးချမှုများကို နားလည်ခြင်းနှင့် လက်ရှိစျေးကွက်များ၊ သုံးစွဲသူအစုအဖွဲ့များနှင့် ပြိုင်ဆိုင်မှုဆိုင်ရာ အခြေအနေများအပေါ် သက်ရောက်မှုများကို နားလည်သဘောပေါက်ရန်လည်း အရေးကြီးပါတယ်။
အသိပညာ ရယူခြင်း (Knowledge Acquisition)- ပြောင်းလဲမှုတစ်ခုကို သိရှိတာနှင့် လုပ်ငန်းများက သက်ဆိုင်ရာ အသိပညာများကို လျင်မြန်စွာ ရယူရပါမယ်။ ပြည်တွင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D)၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၊ ဆန်းသစ်တီထွင်သော startup များအား ပေါင်းစည်းဝယ်ယူခြင်း သို့မဟုတ် ပြင်ပမှ အကြံဉာဏ်များရယူတဲ့ open innovation platform များပါ ပါဝင်နိုင်ပါတယ်။
အသိပညာ မျှဝေခြင်းနှင့် ဖြန့်ဝေခြင်း (Knowledge Sharing and Dissemination)- ရယူထားတဲ့ အသိပညာများကို လုပ်ငန်းတစ်လျှောက်လုံး ထိရောက်စွာ မျှဝေရပါမယ်။ ဌာနများ၊ ဒေသများ သို့မဟုတ် လုပ်ငန်းယူနစ်များအကြား ကန့်သတ်ချက်များ (silos)က ထိုလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ နိုင်ငံစုံကုမ္ပဏီများအတွက် ခိုင်မာသော ဆက်သွယ်ရေးလမ်းကြောင်းများ၊ ပူးပေါင်းဆောင်ရွက်မယ့် platformများနှင့် ပွင့်လင်းတဲ့ ဆွေးနွေးမှုနှင့် အကောင်းဆုံးအလေ့အကျင့်များကို မျှဝေခြင်းကို အားပေးတဲ့ ယဉ်ကျေးမှုတစ်ခု လိုအပ်ပါတယ်။
အသိပညာ အသုံးချခြင်း (Knowledge Utilization and Application)- သင်ယူမှုဟာ အရေးယူဆောင်ရွက်မှုအဖြစ် ပြောင်းလဲမှသာ တန်ဖိုးရှိပါတယ်။ လုပ်ငန်းများက နည်းပညာအသစ်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ငန်းပုံစံအသစ်များကို တီထွင်ရန်အတွက် အသိပညာအသစ်များကို အသုံးချနိုင်ရပါမယ်။ ထို့အပြင် မကြာခဏဆိုသလို စမ်းသပ်မှုများ၊ ပုံစံထုတ်လုပ်မှုများ (prototyping) နှင့် တွက်ချက်ထားသော စွန့်စားမှုများကို လက်ခံရန် ဆန္ဒရှိခြင်းတို့လည်း လိုအပ်ပါတယ်။
တုံ့ပြန်ချက်ပေးခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Feedback and Refinement)- သင်ယူမှုလုပ်ငန်းစဉ်က ထပ်ခါတလဲလဲ ပြုလုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ လုပ်ငန်းများဟာ သူတို့၏ တုံ့ပြန်မှုများရဲ့ ထိရောက်မှုကို အဆက်မပြတ် အကဲဖြတ်ရမယ်၊ အောင်မြင်မှုများနှင့် ကျရှုံးမှုများမှ သင်ယူရမယ်၊ သူတို့ရဲ့ မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ရပါမယ်။ ထိုတုံ့ပြန်မှုဟာ ဆက်လက်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မှုကို သေချာစေပါတယ်။
ပြည်တွင်းမှာသင်ယူမှုအပြင် နိုင်ငံစုံကုမ္ပဏီများဟာ သူတို့ရဲ့ မဟာဗျူဟာများနဲ့ ဖွဲ့စည်းပုံများကို နည်းပညာဆိုင်ရာ အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် တက်ကြွစွာ လုပ်ဆောင်ရမယ်။ ထိုပြောင်းလဲမှုများကို တုံ့ပြန်သည့်ပုံစံမျိုးမဟုတ်ဘဲ ကြိုတင်လုပ်ဆောင်သည့်ပုံစံမျိုးဖြင့် ပြုလုပ်သင့်ပါတယ်။
Microsoft ရဲ့ လုပ်ငန်းဆိုင်ရာ အသွင်ကူးပြောင်းမှု
လုပ်ငန်းဆိုင်ရာ သင်ယူမှုနှင့် ပတ်ဝန်းကျင်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းမှတစ်ဆင့် နည်းပညာပြောင်းလဲမှုများကို အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့သော အကောင်းဆုံးဥပမာမှာ Microsoft ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ Microsoft ဟာ ၎င်းရဲ့ Windows operating system နှင့် Office suite နဲ့ ကိုယ်ပိုင်Computer Software Market ကို လွှမ်းမိုးထားခဲ့ပါတယ်။ ဒါပေမယ့် open-source software၊ cloud computing နှင့် Mobile Device များ ပေါ်ထွက်လာခြင်းက လုပ်ငန်းအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အစပိုင်းမှာတော့ Microsoft ဟာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် ရုန်းကန်ခဲ့ရပါတယ်။ Company က Mobile နှင့် cloud နည်းပညာများကို လက်ခံကျင့်သုံးဖို့ နှေးကွေးခဲ့ပြီး အခွင့်အလမ်းများကို လက်လွတ်ခံခဲ့ရကာ ခေတ်နောက်ကျကျန်နေတယ်လို့ အမြင်များရှိခဲ့ပါတယ်။ Satya Nadella ရဲ့ ခေါင်းဆောင်မှုအောက်မှာ Microsoft ဟာ လုပ်ငန်းဆိုင်ရာ သင်ယူမှုနှင့် ပတ်ဝန်းကျင်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် နည်းပညာ အသွင်ကူးပြောင်းမှုကို စတင်ခဲ့ပါတယ်။ ပြောင်းလဲနေသော နည်းပညာ အရှိန်အဟုန်ကို သည် Mobile ဦးစားပေး၊ Cloud-ဦးစားပေး" မဟာဗျူဟာသို့ ပြောင်းလဲခြင်း၊ Open Source ကို လက်ခံကျင့်သုံးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အသွင်ကူးပြောင်းမှု၊ ဝယ်ယူခြင်းနှင့် ပေါင်းစည်းခြင်း strategy ဆိုပြီး Microsoft သည် LinkedIn နှင့် GitHub ကဲ့သို့သော ကုမ္ပဏီများကို စျေးကွက်ဝေစုအတွက်သာမက သူတို့ရဲ့ အရည်အချင်းများ၊ နည်းပညာများနှင့် ဖြည့်စွက်လုပ်ငန်းပုံစံများအတွက်ပါ မဟာဗျူဟာမြောက် ဝယ်ယူခဲ့သည်။ Microsoft သည် cloud infrastructure နှင့် ဝန်ဆောင်မှုများအတွက် သူတို့ရဲ့ Azure cloud platform မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ထိုကဲ့သို့ ကြိုတင်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မှုများသည် သူတို့ကို လျင်မြန်စွာ တိုးတက်နေသော စျေးကွက်မှာ ဦးဆောင်သူအဖြစ် ရပ်တည်စေခဲ့ပါတယ်။ စဥ်ဆက်မပြတ် ပြန်လည်ပြင်ဆင်ခြင်းတို့မကတစ်ဆင့် လုပ်ငန်းဆိုင်ရာ သင်ယူမှုများကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် Microsoftဟာ PC Software Company ကြီးမှ cloud နှင့် AI ကုမ္ပဏီတစ်ခုအဖြစ် အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပါတယ်။
Daw Ei Mon Soe
ME-IT (TU Mdy)
MBA Shinawatra University Thailand (International Program)
Latest Articles
မက်ဒေါ်နယ်က Ansoff Matrix Strategy ကို အသုံးချပြီး ဈေးကွက်ကို ဘယ်လိုသိမ်းပိုက်ခဲ့သလဲ
1 day ago
အရည်အချင်းတိုးတက်မှုတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောင်းလဲမှုတွေကြားမှာ အောင်မြင်စွာရပ်တည်ပါ
2 days ago
ဝန်ထမ်းများ အလုပ်အား ကျေနပ်မှုအပေါ် သက်ရောက်မှုရှိသော အချက်များ
3 days ago
ကုန်ပစ္စည်းစာရင်းစီမံရာတွင် ABC စနစ်အသုံးပြုခြင်း
4 days ago
“ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေတဲ့ Green Building အကြောင်း”
1 week ago
