" လုပ်ငန်းခွင်အတွင်း အကြံပြုချက်တောင်းဆိုရာမှာ ပြင်ဆင်သင့်တဲ့အချက်များ"
အလုပ်ခွင်အတွင်း အကြံပြုချက်တောင်းဆိုခြင်းက သင့်အလုပ်ကိုတိုးတက်ကောင်းမွန်စေဖို့ အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ စွမ်းဆောင်ရည် (performance) များ တိုးတက်လာစေဖို့ သက်ဆိုင်ရာ မန်နေဂျာများ၊ အကြီးအကဲများ၊ လုပ်ဖော်ကိုင်ဖက်များထံမှ ထိရောက်တဲ့ အကြံပြုချက်များ တောင်းဆိုဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့ရဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုများ တိုးတက်လာမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အကြံပြုချက်ရယူခြင်းရဲ့ အရေးကြီးမှုနဲ့ အကျိုးကျေးဇူးများကို စူးစမ်းလေ့လာပြီး အလုပ်ခွင်တွင်း အကြံပြုချက် တောင်းဆိုတဲ့အခါ ဘယ်လိုထိရောက်စွာ လုပ်ဆောင်ရမယ်နဲ့ပတ်သက်ပြီး အကြံပြုချက်တချို့ကို အောက်မှာဖော်ပြထားပါတယ်။
အကြံပြုချက်တောင်းဖို့ ဘာကြောင့် အရေးကြီးသလဲ?
အလုပ်ခွင်အတွင်း regular feedback ရရှိခြင်းက ဝန်ထမ်းများအတွက် အလွန်အရေးကြီးပါတယ်။ ဝန်ထမ်းများသည် သူတို့ရဲ့တာဝန်ဝတ္တရား၊ လုပ်ငန်းဆောင်တာများအပေါ် အမြဲတမ်းတိုးတက်ချင်စိတ် ရှိနေမှသာ လုပ်ငန်းခွင်အတွင်း အကြံပြုချက်များကို တောင်းဆိုကြမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အလားအလာရှိတဲ့၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းများဟာ သူတို့ရဲ့တိုးတက်မှုအတွက် အကြီးအကဲများထံမှ အပြုသဘော ဆောင်တဲ့၊ တိုးတက်စေလိုတဲ့ တုံ့ပြန်မှုများကိုလိုချင်ကြပါတယ်။ အကြီးအကဲ၊ စီနီယာ၊ မန်နေဂျာများထံမှ ရရှိလာတဲ့ လမ်းညွှန်မှုနဲ့ သွန်သင်မှုများအပေါ် အခြေခံပြီး ဆန်းသစ်ကောင်းမွန်တဲ့ လုပ်ငန်းခွင်အတွေ့ အကြုံများကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်း အကြီးအကဲ၊ မန်နေဂျာများကလည်း မိမိရဲ့လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအတွက် သူတို့ရဲ့ထင်မြင်ချက်နဲ့ အတွေးအခေါ်များကို လွတ်လပ်စွာဖော်ပြနိုင်ဖို့ လမ်းဖွင့်ထားပေးသင့်တယ်။ ဒါမှသာ ဆက်ဆံရေးကောင်းမွန်လာပြီး တစ်ဦးနဲ့တစ်ဦးအကြား လွတ်လပ်တဲ့အကြံပြုချက်များ ပေးနိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်း (regular feedback) ရရှိခြင်းရဲ့ အကျိုးကျေးဇူးများ
တချို့ဝန်ထမ်းကောင်းများဟာ မိမိတို့ရဲ့လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်မှုအတွက် regular feedback များကို အထက်လူကြီးများထံမှဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဖြစ်စေ တောင်းခံတတ်ကြပါတယ်။ လုပ်ငန်းခွင် အတွင်း ပုံမှန်တုံ့ပြန်မှုရရှိခြင်းမှ အောက်ပါအကျိုးကျေးဇူးများကိုရရှိနိုင်ပါတယ်။
၁။ သင့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ ကူညီပေးခြင်း- ဥပမာ သင့်ရဲ့အလုပ်မှာ သင်အလုပ် လုပ်ဆောင်ပုံကို ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာကို အထက်လူကြီး၊ မန်နေဂျာ စတဲ့ တစ်စုံ တစ်ယောက်ကိုမေးတဲ့အခါ သူတို့မှ သင်ရည်ရွယ်ထားတဲ့ ပန်းတိုင်တစ်ခုကိုရောက်ရှိဖို့ အကြံဉာဏ်ကောင်းများ ပေးနိုင်ပါလိမ့်မယ်။
၂။ သင့်ရဲ့ career အတွက် အခွင့်အလမ်းကောင်းများပေါ် ပေါက်လာနိုင်ပါတယ်- တကယ်လို့ သင်က ရာထူးတိုးဖို့ ကြိုးစားနေပါက လုပ်ငန်းခွင်အတွင်း regular feedback ရရှိဖို့ တောင်းဆိုခြင်းက သင့်အတွက် အခွင့်အလမ်းကောင်းများ ယူဆောင်လာပေးနိုင်ပါတယ်။
၃။ လုပ်ဖော်ကိုင်ဖက်များထံမှ သင်ယူဖို့အခွင့်အရေးများရရှိခြင်း- သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ အထူးသဖြင့် မန်နေဂျာများနဲ့ ခေါင်းဆောင်များမှာ တခြားသူများကို ပြန်လည်မျှဝေပေးနိုင်တဲ့ အတွေ့အကြုံနဲ့ ဗဟုသုတ အများအပြားရှိပါတယ်။
အကြံပြုချက် တောင်းဆိုရာမှာ လိုက်နာသင့်တဲ့အချက်များ
လုပ်ငန်းခွင်အတွင်း regular feedback ရရှိခြင်းက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်း တစ်စုံတစ်ဦးထံမှ feedback ရယူဖို့ တောင်းဆိုရာမှာ မြန်ဆန်ထိရောက်မှုရှိစေဖို့ အောက်ဖော်ပြပါ အချက်များကို လုပ်ဆောင်နိုင်ပါတယ်။
1. Feedback တောင်းဆိုဖို့ သင့်လျော်တဲ့ အချိန်တစ်ခုကိုရှာပါ။
2. Feedback ပေးသူနဲ့ တွေ့ဆုံရမယ့် အချိန်ဇယားတစ်ခုကို သေချာသတ်မှတ်ပါ။
3. မေးမြန်းဖို့ မေးခွန်းများပြင်ဆင်ထားပါ။
4. မှတ်စုမှတ်ပါ၊ နားနဲ့ပဲနားထောင်နေခြင်းမျိုးမဟုတ်ဘဲ စာအုပ်ထဲမှာ လိုက်မှတ်သားထားပါ။
5. သင့်ကိုပေးလာတဲ့ feedback ကိုအခြေခံပြီး မိမိကိုယ်ကိုယ် ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ ဆိုတာကို အမြဲသင်ယူပါ။
6. Regular feedback တောင်းပါ - Regular feedback ရှိမှသာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဆင်ခြင် သုံးသပ်နိုင်ပြီး လုပ်ငန်းခွင်အတွင်း ထိထိရောက်ရောက် ကျွမ်းကျင်မှုရှိလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်အတွင်း သင့်အတွက် regular feedback ရရှိခြင်းက အလွန်အရေးကြီးပြီး အလုပ်ခွင်အတွင်း အစဉ်မပြတ် တိုးတက်မှုရှိစေဖို့ လမ်းပြပေးနိုင်ပါတယ်။
ဒီဆောင်းပါးကို Indeed Career Guide web page မှ Jamie Birt ရေးသားထားတဲ့ How to ask for feedback at the workplace ဆောင်းပါးမှ ဘာသာပြန်ရေးထားပါတယ်။
Daw Hlaing May Win
B.Com, MBA (Meikhtila University of Economics)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
