"ခရမ်းချဥ်သီးလေးကပေးတဲ့ အချိန်စီမံခန့်ခွဲခြင်းအကြောင်း"
ကျွန်မတို့ လူတော်တော်များများဟာ “Procrastination” အချိန်ဆွဲတဲ့ အကျင့်ကို အမြဲလိုလို လုပ်ဖြစ်နေတတ်ပါတယ်။ ကျွန်မတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ပြီးမြောက်ချင်တဲ့ ရည်မှန်းချက်တွေကိုလုပ်ဖို့ စဥ်းစားနေပေမယ့်လည်း ကျွန်မတို့တစ်တွေရဲ့ အချိန်ဆွဲတတ်တဲ့အကျင့်ကြောင့် ရည်မှန်းချက်တွေဟာ ကိုယ်နဲ့အဝေးမှာ ကျန်နေခဲ့တတ်ကြပါတယ်။
ကျွန်မတို့ရဲ့ ဒီအလေ့အထတွေ၊ ပြဿနာတွေကို ‘’Pomodoro Technique’’ ဟာ အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီနည်းစနစ်ကို အီတလီလူမျိုး Francesco Cirillo လို့ခေါ်တဲ့ University ကျောင်းသားတစ်ယောက်က ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာ စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူဟာ University တက်နေတုန်းမှာ ကျောင်းစာထဲကို အာရုံစူးစိုက်ဖို့ အင်မတန် ခက်ခဲခဲ့ပါတယ်။ သူဟာ သူ့အတွက် နည်းလမ်းရှာရင်း Kitchen ထဲက ခရမ်းချဥ်သီးပုံ Timer လေးကို သုံးပြီး 10 minutes rules ကို လိုက်နာပြီး “ Pomodoro Method” ဆိုတာ ဖြစ်ပေါ်လာတာပါ။ Pomodoro ဆိုတာ အီတလီ ဘာသာစကားမှာ ခရမ်းချဥ်သီးလို့ အဓိပ္ပာယ်ရပါတယ်။ Time Management method တွေထဲက “Pomodoro technique” ဟာ လူသုံးများပြီး အရမ်းအသုံးဝင်တဲ့ tools တစ်ခု ဖြစ်ပါတယ်။
“Pomodoro technique” မှာ အဆင့် (၅) ဆင့် ပါဝင်ပါတယ်။ ကျွန်မတို့တစ်တွေ လိုက်နာရမယ့် အချက်လေးတွေကတော့
၁။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်၊ ပြီးမြောက်ချင်တဲ့ အလုပ်တစ်ခုကို ရွေးချယ်ပါ။
၂။ ပြီးရင် ၂၅ မိနစ် သတ်မှတ်လိုက်ပါ။
၃။ အဲ့ဒီ ၂၅ မိနစ်အတွင်းမှာ သေချာ အာရုံစူးစိုက်ပြီး အလုပ်လုပ်ပါ။
၄။ အချိန်ပြည့်သွားတာနဲ့ ၅ မိနစ်ခန့် အနားယူပါ။
၅။အဆင့် (၂) အတိုင်း ထပ်လုပ်ပါ။ ၂၅ မိနစ် အချိန်သတ်မှတ်ပြီး စုစုပေါင်း (၄) ကြိမ် လုပ်ရမှာ ဖြစ်ပါတယ်။
စုစုပေါင်း (၄) ကြိမ်လုပ်ပြီးသွားတာနဲ့ မိနစ် ၂၀ ကနေ နာရီဝက်ခန့် အနားယူလိုက်ပါ။ အနားယူပြီးတာနဲ့ အဆင့် (၂) အတိုင်း ပြန်လုပ်ပါ။ ဒါမှသာ အလုပ်လုပ်တဲ့နေရာမှာ သေချာအာရုံစိုက် နိုင်ပြီး ပင်ပန်းနွမ်းနယ်မှုလည်း မဖြစ်စေဘဲ Productivity အားကောင်းကောင်းနဲ့ လုပ်နိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးအချက်တဲ့ အချက်ကတော့ ၄ ကျော့ လုပ်တဲ့အခါမှာ ကြားထဲက အနားယူချိန် (၅မိနစ်) လေးတွေဟာ လိုအပ်လို့ လုပ်ထားတာပါ။ အဲ့ဒါကို မနားဘဲ တောက်လျောက်လုပ်မယ်ဆိုရင် အာရုံ စူးစိုက်နိုင်စွမ်းလျော့သွားတတ်ပါတယ်။ ဘယ်အချိန်နားပြီး ဘယ်အချိန် အလုပ်လုပ်ရမယ်ဆိုတာ ကိုလည်း တိကျစွာ မခွဲခြားနိုင်တော့ပါဘူး။ အနားယူတဲ့အချိန်မှာ ဘာမှမလုပ်ဘဲ ဒီအတိုင်းနေပါ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကို အနားပေးရမှာ ဖြစ်ပါတယ်။
“Pomodoro Technique” ဟာ စိတ်ပူပန်မှုလည်း လျော့ကျနေပါတယ်။ ယခုခေတ် ကျွန်မတို့ လူတော်တော်များများ Social Media ပေါ်မှာ အချိန်ကုန်လာတာ များပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လူတွေဟာ လုပ်စရာ အလုပ်တွေလည်း မပြီး၊ စိုးရိမ်ပူပန်မှုတွေသာ ပိုများလာပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံးနည်းလမ်းဟာ “Pomodoro Technique” ကို သုံးတဲ့ အလေ့အကျင့်လေး လုပ်ပေးမယ်ဆို ရင် လုပ်ငန်းခွင်အတွင်းမှလူများ၊ စာလေ့လာနေတဲ့ ကျောင်းသား/သူများအတွက် အင်မတန် အထောက် အကူဖြစ်စေမှာ ဖြစ်ပါတယ်။
“Pomodoro Technique” အတွက် လုပ်ဖို့ အကောင်းဆုံးအချိန်က မနက်ပိုင်းအချိန်ပါပဲ။ မနက်ပိုင်းမှာ နည်းစနစ်ကိုအသုံးချတာဟာ လူတွေအတွက် အလုပ်အတွင်ဆုံး အချိန်အဖြစ် လေ့လာ တွေ့ရှိခဲ့ရပါတယ်။ အမြဲတမ်းလုပ်သွားဖို့က မိမိအပေါ် မူတည်ပါတယ်။ ကိုယ့်ရဲ့ရည်ရွယ်ချက် တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ များသောအားဖြင့် တစ်နေ့ (၂) ကြိမ်ခန့် လုပ်ပေးနိုင်ပါတယ်။ အလုပ်တွေတောက်လျှောက်လုပ်နေရလို့ အလုပ်မှာ စိတ်မပါဘူးဆိုရင်လည်း “Pomodoro Technique” စနစ်ကို ကျင့်သုံးနိုင်ပါသေးတယ်။
ဒါကြောင့် “Pomodoro Technique” ဟာ လူတွေအတွက် အထောက်အကူဖြစ်နေတဲ့ Tool တစ်ခု ဖြစ်ကြောင်း လေ့လာမှုတွေ အများကြီးကလည်း သက်သေပြနေပါတယ်။ ယခုခေတ်မှာ Pomodoro နည်းစနစ်ကို Phone Application တွေထဲမှာပါ ထည့်သွင်းအသုံးပြုနိုင်နေပြီဖြစ်တာကြောင့် Mobile Appတွေကနေတစ်ဆင့် လက်တွေ့မှာ သုံးနိုင်နေပြီဖြစ်ပါတယ်။ ကိုယ့်ရဲ့ အာရုံစူးစိုက်နိုင်မှုကို ပိုမိုတည်ဆောက်နိုင်အောင်လည်း “Pomodoro Technique” ကို ကျွန်မတို့ရဲ့ နေ့စဥ်ဘဝမှာ အမြဲကျင့်သုံးနေသင့်ပါတယ်။
Reference: https://todoist.com/productivity-methods/pomodoro-technique
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
4 days ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
4 days ago
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
1 week ago
နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
1 week ago
"တိတ်ဆိတ်ခြင်းနောက်ကွယ်က အသံ" (Silent Quitting)
1 week ago
