'' ခေါင်းဆောင်များအတွက် Psychodynamic နည်းလမ်း ''
ခေါင်းဆောင်မှုပညာလို့ပြောရင် လူတိုင်းနဲ့စိမ်းမယ်မထင်ပါဘူး။ ခေါင်းဆောင်မှုမှာအမျိုးမျိုးသော နည်းလမ်းများ သီအိုရီများနဲ့ ပြုလုပ်နိုင်ကြောင်းလည်း ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ အဲ့အထဲမှာမှ ခေါင်းဆောင်မှုမှာ စိတ်ပိုင်းဆိုင်ရာ Psychodynamic နဲ့ ချဉ်းကပ်ပုံဟာ ကျွန်တော်တို့ ယခုအချိန်အထိ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ခေါင်းဆောင်မှု ဆိုင်ရာ အခုနည်းလမ်းများနဲ့မတူဘဲ တစ်မူထူးခြားပါတယ်။
Psychodynamic ဦးဆောင်မှုပုံစံဟာ ခေါင်းဆောင်နဲ့ နောက်လိုက်ကြား ဆက်ဆံရေးနဲ့ ဆက်နွှယ်နေပြီး ခေါင်းဆောင်နဲ့ နောက်လိုက်ရဲ့ တစ်ဦးချင်း ကိုယ်ရည် ကိုယ်သွေး စရိုက်လက္ခဏာများလည်း သီးခြားစီ ဖြစ်နေပါတယ်။ Psychodynamic ဦးဆောင်မှုပုံစံမှာ ခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားများကို အသုံးချကာ နောက်လိုက်များရဲ့ ကိုယ်ရည်ကိုယ်သွေးများနဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေကို ဆုံးဖြတ်ခြင်း၊ လမ်းပြခြင်း ဖြစ်ပါတယ်။ Psychodynamic နည်းလမ်းမှာ လူတွေရဲ့ အတ္တ(Ego) တွေကို နားလည်ထားဖို့လည်း လိုအပ်ပါတယ်။
ယေဘူယျအနေနဲ့ မိဘအခြေအနေမှာဖြစ်တဲ့ အတ္တ၊ ဆင်ခြင်တုံတရားရှိတဲ့အရွယ်ရဲ့ အခြေအနေမှာဖြစ်တဲ့ အတ္တ၊ ကလေးဘဝမှာ ဖြစ်တဲ့အတ္တတို့ ဖြစ်ပါတယ်။ အဲ့ဒီကမှ ခေါင်းဆောင် ဒါမှမဟုတ် နောက်လိုက်များရဲ့ အတ္တအခြေအနေပေါ် မူတည်ပြီး မိမိရယူလိုတဲ့ ရည်ရွယ်ချက်ကို ဖန်တီးရယူကြမှာ ဖြစ်ပါတယ်။ Psychodynamic ချဉ်းကပ်မှုအပေါ် အခြေခံပြီး အတ္တဖြစ်တည်ရာ အခြေနေများမှ အခြေခံထားတဲ့ အဓိက အယူအဆတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းလာခဲ့တဲ့ အခြေနေတွေကို နားလည်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ဟာ ဖြတ်သန်းလာတဲ့ ကလေးဘဝမှစ အရွယ်ရောက်တဲ့အထိ အဖြစ်အပျက်များမှ အမျိုးမျိုးသော Personality တွေကို ကြုံတွေ့သိရှိခြင်းပဲ ဖြစ်ပါတယ်။ Personality များစွာမှ obsessive Personality လူမျိုးဟာ ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းများနဲ့ စည်းကမ်းများကို လိုက်နာခြင်း၊ နှစ်သက်ခြင်းအမျိုးစားပဲဖြစ်ပါတယ်။
သူတို့က ဆက်ဆံရေးကို သိပ်တန်ဖိုး မထားတတ်ဘဲ အလုပ်ကိုပဲ အရမ်းအာရုံစိုက်လေ့ ရှိပါတယ်။ Narcissistic personality လူမျိုးကတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုများမှာ မိမိကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရည်မှန်းချက်တစ်ခုနဲ့ ပန်းတိုင်ရောက်ဖို့ လမ်းကြောင်းကို မိမိကိုယ်တိုင်ကပဲ စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒါကြောင့် တခြားသူတွေရဲ့ အကြံပြုချက်များ၊ အကြောင်းအရာများကို စိတ်မ၀င်စားတတ်ကြပါဘူး။ အစွန်းရောက်ဆန်တဲ့ လူမျိုးပါပဲ။ အစွန်းရောက်သူတွေဟာလည်း အလုပ်ကို အာရုံစိုက် စိတ်နှစ်ထားလေ့ ရှိကြပေမယ့်လည်း ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေး တိုးမြှင့်မှုကို တန်ဖိုးမထားတတ်ကြပါဘူး။
နောက်ထပ် အမျိုးအစားကတော့ Marketing personality လူမျိုး ဖြစ်ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမှုများ ရှိကြပါတယ်။ အများစုကတော့ ပန်းတိုင်တစ်ခုအောင်မြင်ဖို့နဲ့ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ရည်ရွယ်ချက်အတွက်ကို ဦးတည်တတ်ကြပြီး အလုပ်ပြီးမြောက်မှုနဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထားတဲ့ ပြည့်စုံကောင်းမွန်တဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ သူတို့ဟာ အရည်အချင်း ပြည့်မီတဲ့ လူတစ်ဦးဖြစ်လာမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုတွေကိုလည်း တန်ဖိုးထားကြပါတယ်။ ဒီအမျိုးအစားများထဲက တချို့ကတော့ အပြုသဘော ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ အဓိပ္ပာယ်ကို ရည်ညွှန်းနိုင်ပေမယ့်လည်း ဒီကိုယ်ရည်ကိုယ်သွေးတစ်ခုစီရဲ့ အကျိုးဖြစ်ထွန်းမှုနဲ့ မဖြစ်ထွန်းတဲ့ ပုံစံများအကြား ကွဲပြားမှုကို နားလည်ထားရင် အကျိုးရှိစွာ အသုံးချတတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Psychodynamic approach ကို နားလည်အောင်ကြိုးစားပြီး ကျွန်တော်တို့တွေ သိသင့်တာကတော့ အတ္တအခြေနေတွေကို မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဘယ်လိုဆက်စပ်ရမလဲဆိုတာပါပဲ။ ဥပမာအနေနဲ့ ပြုစုပျိုးထောင်ပေးတဲ့ မိဘအခြေအနေမှာ အစွန်းရောက်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျွန်တော်တို့ ဘယ်လိုမြင်နိုင်သလဲ။ နောက်တစ်ခုသိရမှာက လူတွေရဲ့ အတ္တအခြေအနေတွေ ပြောင်းလဲလာတာကြောင့် လူတစ်ဦးတစ်ယောက်ရဲ့ Personality အမျိုးအစားဟာလည်း အတိအကျ ရှိမနေဘဲ ပြောင်းလဲနေနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
Baylor Education Website မှာ ရေးသားထားတဲ့ Mark Garrison ၏ Psychodynamic Leadership Theory ဆောင်းပါးမှ ကိုးကားရေးသားထားပါတယ်။
U Zin Lwin Thant
B. Act, M. Act (MU
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
