Impression Management (IM)
IM ဆိုတာ လူတွေက ကိုယ့်ကိုမြင်တဲ့အမြင် (impression) ကို လွှမ်းမိုးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဥပမာ - ကိုယ့်ရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းလို့ အပြစ်တင်ခံရတာမျိုးကို ရှောင်ရှားလိုတဲ့အခါနဲ့ အမှားလုပ်မိလို့ ခွင့်လွှတ်မှုကို တောင်းခံတဲ့အခါမှာသုံးတဲ့ “ဆင်ခြေပေးခြင်းနဲ့ တောင်းပန်ခြင်း” စတဲ့ နည်းလမ်းများ ပါဝင်ပါတယ်။ IM မှာ သုံးလေ့ရှိတဲ့ နည်းလမ်း (၄) မျိုးကတော့ …
၁။ Exemplification - အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေအပေါ်မှာ အချိန်ပေးပြီး သစ္စာရှိစွာ ပေးဆပ်လုပ်ဆောင်နေတယ်လို့ ထင်ခံရတဲ့အပြုအမူတွေနဲ့ လုပ်ဆောင်နေတာမျိုး ဖြစ်ပါတယ်။ အလုပ်ကိုစောလာပြီး နောက်ကျမှပြန်တာမျိုး၊ သူများစောင့်ကြည့်နေမှန်းသိနေရင် ပိုပြီးကြိုးစား ပြတာမျိုး၊ ပေါ်လွင်ထင်ရှားပြီး နာမည်ကောင်းရနိုင်တဲ့အလုပ်မျိုးမှာ volunteer လုပ်ပေးခြင်း စတဲ့ပုံစံမျိုး ဖြစ်ပါတယ်။
၂။ Ingratiation - တခြားသူတွေဖြစ်စေချင်တဲ့ social qualities တွေကို ကိုယ့်မှာရှိကြောင်းပြတဲ့ပုံစံမျိုးနဲ့ လူတွေကို လွှမ်းမိုးတာဖြစ်ပါတယ်။ ဥပမာ - လူတွေက ချီးကျူးခံချင်နေတဲ့အခါမှာ ချီးကျူးပေးတာမျိုး၊ သူတို့ပြောတာကို ရယ်စေချင်ရင် (စိတ်မပါသည့်တိုင်အောင်) ရယ်မောပေးတာမျိုး ဖြစ်ပါတယ်။
၃။ Self-Promotion – ကိုယ့်ရဲ့အရည်အချင်းတွေကိုဖော်ပြပြီး လွှမ်းမိုးတဲ့နည်းလမ်းပါ။ ကိုယ့်ရဲ့အောင်မြင်မှုနဲ့ အရည်အချင်းတွေကို လူတွေကိုပြောပြတာမျိုး၊ ကိုယ့်ရဲ့ diploma certificates တွေ၊ ဆုတံဆိပ်တွေကို အများမြင်အောင် ပြသထားတာမျိုးနဲ့ တစ်ဆင့်စကားနဲ့ ကိုယ့်အရည်အချင်းတွေကို လူတွေသိသွားအောင် လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။
၄။ Intimidation - ကိုယ်ဖြစ်စေချင်တာကို ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်တဲ့လူတွေကို၊ ကိုယ်သာ ဆန္ဒရှိရင် သူတို့ကို နစ်နာသွားအောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပါဝါရှိကြောင်းပြပြီး လွှမ်းမိုးတဲ့နည်းဖြစ်ပါတယ်။ ဥပမာ - ဘယ်သူကတာဝန်မကျေလို့ ဘယ်လိုတွေအပြစ်ပေးလိုက်ကြောင်းကို တခြားလူတွေကို ပြောပြတာမျိုး ဖြစ်ပါတယ်။
ကဲ .. leader/ manager တစ်ယောက်အနေနဲ့ သူများဆီက impression ရအောင် ဘယ်နည်းလမ်းကို သုံးချင်ပါသလဲ?
Ref: Leadership in Organization by Gary Yukl
Aye Aye Win
B. Com (Hons), M.Com (YUE),
Diploma in English,
M.A (International Business Studies),
(Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
