Gritty and Witty Person
Grit ဆိုတာ အရာရာကို ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီ့ထက်ပြည့်စုံအောင်ပြောပါဦးမယ်။ Grit ဆိုတာ မျိုးရိုးဗီဇ (Genes) မှ ဆင်းသက်လာတာက တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်သလို၊ အတွေ့အကြုံ (Experience) ရဲ့လွှမ်းမိုးမှုလည်း ပါပါတယ်။ Grit မှာ အဓိကအားဖြင့် အပိုင်း (၂) ပိုင်း ပါပါတယ်။ ပထမတစ်ခုက ပြင်းပြတဲ့စိတ်ဆန္ဒ (Passion) နဲ့ နောက် တစ်ခုက ဇွဲလုံ့လဝီရိယ (Perseverance/Resilience) တို့ ဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ကိုယ်လုပ်တဲ့အလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ passion ကို compass နဲ့ ခိုင်းနှိုင်း ပြောဆိုတတ်ကြပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ Grit Level တက်လာအောင် ဘယ်လိုလုပ်ရမလဲ။ ဒီအချက် (၄) ချက်ကို သေချာဂရုစိုက်ပြီး စီမံဆောင်ရွက်ဖို့ လိုပါတယ်။
၁။ စိတ်ဝင်စားမှု (Interest)
Interest or Passion က ကိုယ်လုပ်နေတဲ့အလုပ်ကို စိတ်ပါလက်ပါ ပျော်ရွှင်စွာလုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။
၂။ လက်တွေ့လုပ်ဆောင်မှု (Practice)
ကိုယ်လုပ်နေတဲ့အလုပ်ကို တစ်နေ့ထက်တစ်နေ့ ပိုပြီးကောင်းမွန်လာအောင် နေ့စဉ်ကြိုးစား လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဒါက Perseverance လို့လည်း ပြောလို့ရပါတယ်။
၃။ ရည်ရွယ်ချက်ထားရှိမှု (Purpose)
ကိုယ်လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး တိကျပြတ်သားတဲ့ ရည်ရွယ်ချက် ရှိရပါတယ်။ စိတ်ဝင်စားစရာ ဖြစ်ပေမယ့် ရည်ရွယ်ချက်မရှိတဲ့အလုပ်ကို တစ်သက်လုံးတောက်လျှောက် လုပ်ဖြစ်မှာမဟုတ်ပါဘူး။
၄။ မျှော်လင့်ချက်ထားရှိမှု (Hope)
မျှော်လင့်ချက်ထားရှိမှု ဆိုတာ အပေါ်ကအချက် (၃)ချက်စလုံးမှာ ပါရမှာဖြစ်ပါတယ်။
အားလုံးခြုံပြီးပြောရရင် -
ကိုယ့်ရဲ့ Interest (စိတ်ဝင်စားတဲ့အလုပ်) ကိုရှာပါ၊ ပိုပြီးနက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားသွားအောင်၊ တစ်နည်းအားဖြင့် Passion ဖြစ်သွားအောင် လုပ်ဆောင်ပါ။ (စိတ်မဝင်စားတဲ့အလုပ်ဖြစ်နေရင်တောင် လုပ်သင့်လို့ ရွေးချယ်လိုက်ပြီဆိုရင် စိတ်ဝင်စားမှုရှိလာအောင် ကြိုးစားပါ။) အဲဒီအလုပ်ကို နေ့စဉ် စည်းစနစ်တကျ လုပ်ဆောင်တတ် (Practice) တဲ့ အလေ့အထဖြင့် ဆောင်ရွက်ပါ။ ကိုယ်လုပ်တဲ့အလုပ်က အဓိပ္ပာယ်ရှိပြီး ရည်ရွယ်ချက် (Purpose) ရှိပါစေ။ ကိုယ်လုပ်တဲ့အလုပ်တွေအပေါ်မှာ မျှော်လင့်ချက် (Hope) ထားတတ်အောင် ကိုယ့်ကိုယ်ကိုယ် သင်ယူပါ။
Wit (ဇဝနဉာဏ်၊ ဖြတ်ထိုးဉာဏ်ရှိခြင်း)
Wit ဆိုတာ ရောက်တဲ့နေရာနဲ့ လုပ်တဲ့အလုပ်တိုင်းမှာ မိမိအပါအဝင် တွေ့ကြုံရတဲ့သူတွေကို ပျော်ရွှင်အောင် လုပ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အချက် (၄) ချက် လိုပါတယ်။
၁။ ဖောက်ထွက်ပြီးတွေးပါ။ (Practice thinking outside the box)
၂။ သူတစ်ပါးပြောဆိုနေတာကို အမှန်အကန် ခံစားနားထောင်ပေးပါ။ (Really, truly listen)
၃။ စိတ်ခံစားမှုတည်ငြိမ်ပါစေ။ (Focus on having the right emotional state)
၄။ ကိုယ့်ကိုယ်ကိုယ် ဖြတ်ထိုးဉာဏ်ရှိမှဖြစ်မယ်ဆိုပြီး အတင်းတွန်းအားပေးနေတာမျိုးမလုပ်ပါနဲ့။ (Stop putting pressure on yourself)
ဒါကြောင့် Wit ဆိုတာကလည်း ပင်ကိုယ်ပါရမီ (Talent) ကြောင့် ဖြစ်နိုင်သလို၊ ကြိုးစားလေ့ကျင့်ရင်လည်း Experience ရှိလာတာနဲ့အမျှ အထိုက်အလျောက် ဖြစ်လာနိုင်ပါတယ်။
ကျွန်မတို့တစ်တွေ Gritty and Witty Persons များ ဖြစ်လာအောင် ကြိုးစားကြပါစို့။
(Ref: GRIT: Why passion and resilience are the secrets to success by Angela Duckworth)
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 day ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
1 day ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
4 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
4 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
6 days ago
