EV ကားများသည် ထုတ်လုပ်သူများအတွက် စွန့်စားရနိုင်ခြေများလာခြင်း။
Internal combustion engine (ICE) သည် နှစ် ၁၀၀ ကျော်ကြာအောင် ပုံမှန်တိုးတက်နေခဲ့ပြီး Ford Model T မှာလည်းမြန်ဆန်မှုရှိသလို ဆီစားသက်သာပြီး လုံခြုံမှုပေးနိုင်သည့်အတွက်ကြောင့် ၀ယ်ယူသုံးစွဲသူတိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းသောအတွေ့အကြုံကို ရရှိစေခဲ့ပါတယ်။ ယခုအခါ လျှပ်စစ်ကားများ (EVs) သည် ကားလောကအတွက် အခြေခံ အရွှေ့တစ်ခုဖြစ်လာနေလျက်ရှိပါတယ်။ ခရီးသည်တင်ယာဉ်များအတွက် ဒီဇိုင်းထုတ်လုပ်ပုံ၊ တည်ဆောက်ပုံနှင့် ထိန်းသိမ်းပုံများကတော့ ပိုမိုဆန်းသစ်သောပြောင်းလဲမှုများကို ဖြစ်စေသလို ထုတ်လုပ်သူတွေအတွက်ပါ စွန့်စားရနိုင်ခြေရှိသော ခေတ်တစ်ခု စတင်လာတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။
အသွင်ကူးပြောင်းမှုကို ဖြစ်စေသော အချက် ၃ ချက်
ဤအသွင်ကူးပြောင်းမှုကို ဖြစ်ပေါ်စေသော အဓိကအချက်သုံးချက်ရှိပြီး ပထမဆုံးအချက်မှာ ၀ယ်ယူသူများရဲ့ စိတ်၀င်စားမှုမြင့်တက်လာတဲ့ အရွှေ့များဘဲဖြစ်ပါတယ်။ ယနေ့အထိ၊ ကုန်ကျစရိတ်၊ အကွာအဝေး၊ အားသွင်းချိန်တို့နှင့်ပတ်သက်ပြီး စိုးရိမ်မှုများစွာရှိနေခြင်းက ကားဝယ်ယူသူများရဲ့လေးပုံတစ်ပုံလောက်သာ လျှပ်စစ်အပြည့်အဝသုံးရန် အလေးထားစဉ်းစားလာတဲ့အတွက်ကြောင့် EV ကားသုံးစွဲမှုမှာ အမှန်တကယ်ပင် နှေးကွေးနေလျက်ရှိပါတယ်။ အဆိုပါစိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ရန်အတွက် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်သော မော်ဒယ်အသစ်များဖြင့် အစားထိုးထုတ်လုပ်ရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းနှစ်ဆကျဆင်းသွားသည်ကို မြင်တွေ့နေရပါတယ်။
ဒုတိယအချက်မှာ ဘက်ထရီ တီထွင်ဆန်းသစ်မှုဘဲ ဖြစ်ပါတယ်။ ယခုအချိန်ထိ US EV ကားများရဲ့ ၉၀% တွင် လစ်သီယမ်-အိုင်းယွန်းကို တွေ့ရှိရသော်လည်း ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နှင့် ဘေးကင်းရေးကတော့ သုံးစွဲသူများရဲ့ လိုအပ်ချက်အားလုံးကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်ပါ။ ထို့ကြောင့် အစားထိုးဒီဇိုင်းများကို စိတ်ဝင်စားသည်မှာ သံ-နှင့် ဆာလာဖာများဖြင့်အခြေခံထားသော လစ်သီယမ်မျိုးကွဲများမှ ဆိုဒီယမ်-အိုင်းယွန်းနှင့် ဟိုက်ဒရိုဂျင်ဆဲလ်များအထိ အရှိန်မြှင့်ပြီး လုပ်ဆောင်နေလျက်ရှိပါတယ်။ ၎င်းတို့အားလုံးမှာတော့ ကိုယ်ပိုင်အားသာချက်နှင့် အားနည်းချက်များ ရှိကြပြီး၊ ထုတ်လုပ်သူများသည်လည်း သုံးစွဲသူများရဲ့အတွေ့အကြုံအပေါ် မူတည်ပြီး ရင်းနှီးမြှပ်နှံမှုကို စတင်ထုတ်လုပ်လာကြတာကိုတွေ့ရပါတယ်။
တတိယအချက်ကတော့ Supply Chain ဘဲဖြစ်ပါတယ်။ EV ကားများသည် ICE ကားများထက်ချစ်ပ်များကို သုံးဆလောက် ပိုမိုအသုံးပြုနေရတဲ့အတွက်ကြောင့် နိုင်ငံရပ်ခြားမှ ပြုပြင်ပြီးထုတ်လုပ်ထားတဲ့ ပစ္စည်းများပေါ်တွင် မှီခိုနေရပါတယ်။ တရုတ်နိုင်ငံတစ်ခုတည်းကသာ ကမ္ဘာ့ဘက်ထရီထုတ်လုပ်မှုရဲ့ ၇၀% ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ယခုလက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှု၊ အခွန်အငြင်းပွားမှုများ၊ လက်ရှိလုပ်သားရှားပါးမှုများနှင့် Francis Scott Key Bridge ပြိုကျမှုကဲ့သို့သော ဒေသဆိုင်ရာဖြစ်ရပ်များနှင့်ဆက်စပ်တွေးကြည့်လိုက်ပါက EV ကားများရဲ့ Supply Chain များသည် ယခင်ကထက် ခန့်မှန်းရခက်နေပါတယ်။
စွန့်စားမှုများ မြင့်တက်လာခြင်း
ထုတ်လုပ်သူများအတွက် ရင်းနှီးမြှပ်နှံမှုမှ ပြန်လည်ရရှိနိုင်သော ငွေကြေးများမှာ အနည်းငယ်သာရရှိနေမှုကလည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်နေလျက်ရှိပါတယ်။ ICE နှင့် ဟိုက်ဘရစ်ယာဉ်များ မီးလောင်မှု မကြာခဏ ဖြစ်ပွားနေသော်လည်း၊ EV ကားများသည် ပိုမိုကြာရှည်စွာ လောင်ကျွမ်းလေ့ရှိ သောကြောင့် သုံးစွဲသူများရဲ့ ယုံကြည်မှုကိုလျော့နည်းစေပါတယ်။ ဤအန္တရာယ်ကို တုံ့ပြန်ရန်အတွက် ဝန်ထမ်းများက စက်ကိရိယာများကို ကောင်းမွန်စွာအသုံးပြုနိုင်ဖို့ သင်တန်းများတက်ရောက်ရန် လိုအပ်ပြီး မီးငြိမ်းသတ်ခြင်းဆိုင်ရာ အသိပညာများလည်း လိုအပ်ပါတယ်။ EV ကားများသည် ကွန်ရက်များ၊ cloud ပလပ်ဖောင်းများနှင့်ပေါင်းစပ်ထားသော ဆော့ဖ်ဝဲလ်စက်များဖြစ်ပါတယ်။ ကုဒ်အဆင့် ချွတ်ယွင်းချက်များရှိခဲ့ပါက ကားအတွက်ကုန်ကျစရိတ်များပြီး ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် တာဝန်ယူမှုဆိုင်ရာ တောင်းဆိုမှုများကိုလည်း ဖြစ်စေနိုင်ပါတယ်။
ကုန်ပစ္စည်းပြန်လည်သိမ်းဆည်းမှုမှာတောင် မတူကြပါဘူး။ ICE ယာဉ်ပျက်စီးမှုများနှင့် EV ကားပျက်စီးမှုကို နှိုင်းယှဉ်ကြည့်ပါက၊ EV ကားပြဿနာများအတွက်ကတော့ မကြာခဏဆိုသလို software update များနှင့် ဖာထေးနိုင်ပေမယ့် ICE ယာဉ်ပျက်စီးမှုအတွက်ကတော့ အနည်းငယ်ခက်ခဲမှုရှိနိုင်ပါတယ်။
National Highway Traffic Safety Administration (NHTSA) သည် အဆိုပါဖြစ်ရပ်များကို ပြန်လည်သိမ်းဆည်းခြင်းအဖြစ် အမျိုးအစားခွဲခြားထားသော်လည်း ကုန်ကျစရိတ်နှင့် သုံးစွဲသူအတွေ့အကြုံမှာ လုံးဝကွဲပြားနေလျက်ရှိပါတယ်။ သို့သော် အာမခံကုမ္ပဏီများနှင့် ထုတ်လုပ်သူများသည် ၎င်းတို့ရှေ့ဆက်သွားမည့် လျော့ပါးသက်သာစေရေး ဗျူဟာများနှင့်အတူ ကြုံတွေ့လာနိုင်သော အန္တရာယ်များကို ပြန်လည်ဆန်းစစ်ရန် တွန်းအားပေးနေလျက်ရှိပါတယ်။
ရှေ့သို့
ဒီတော့ ကုန်ထုတ်လုပ်မှုကို ဘယ်လိုတုံ့ပြန်သင့်သလဲ? ပထမ အရေးကြီးဆုံးကတော့ တိုးတက်ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်မှာ ဦးဆောင်နိုင်စွမ်းရှိသော မန်နေဂျာများကို အခွင့်အာဏာပေးခြင်းဖြင့် ၎င်းတို့ရဲ့ကုမ္ပဏီအတွင်းမှာ ပိုမိုကျယ်ပြန့်အားကောင်းသော ချိတ်ဆက်မှုစနစ်တစ်ခု ဖြစ်လာစေဖို့လိုအပ်ပါတယ်။ ဆက်လက်ပြီးတော့ Research and Development၊ operations ၊ IT နှင့် သက်ဆိုင်သူများအားလုံးကို ချိတ်ဆက်ပေးသည့်စနစ်တစ်ခုဖန်တီးပေးရန်လည်းလိုအပ်ပါသေးတယ်။
ထုတ်လုပ်သူများအနေဖြင့် Data အသုံးပြုခြင်းဆိုင်ရာမှာလည်း တိုးတက်ပြောင်းလဲဖို့လိုအပ်ပါတယ်။ ICE ကားများနှင့်မတူဘဲ၊ EV ကားကုမ္ပဏီများသည် ၎င်းတို့ရဲ့ ဆုံးဖြတ်ချက်ချခြင်းနှင့် အစီအစဉ်ရေးဆွဲခြင်းများတွင် နောက်ပြန်ဆုတ်ရန် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့်၊ ၎င်းတို့သည် အရည်အသွေးမကောင်းသော ကားများကို စီစိဖော်ထုတ်ရန်နှင့် ပြန်လည်သိမ်းဆည်းဖို့လိုအပ်ခဲ့ပါက Data အချက်အလက်များကိုမှီခိုပြီး လုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းခွင်ပိုမိုတိုးတက်လာစေဖို့ရန်အတွက် Supply Chain Data အချက်အလက်များကို အခြေခံပြီး အသုံးပြုသင့်သလို မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာများကို ပိုမိုကောင်းမွန်လာစေရန် Smart ကျသောဒေတာများကို အသုံးချဖို့လည်းလိုအပ်ပါတယ်။
နောက်ဆုံးအနေဖြင့် EV ကားများသည် ကျွန်ုပ်တို့ရဲ့လမ်းများနဲ့ ကျွန်ုပ်တို့ရဲ့စက်ရုံများတွင် မကြာခဏမြင်တွေ့လာရသည်နှင့်အမျှ ခရီးသည်တင်ယာဉ်စျေးကွက်ကို ထုတ်လုပ်မှုနည်းလမ်းသစ်များနှင့် အနည်းငယ် စွန့်စားပြီး လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။ ဒီဖက်ခေတ်သစ်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီတွေများကတော့ နောက်ကိုပြန်လှည့်မကြည့်ဘဲ ရှေ့ကိုသာ မျှော်ကြည့်ပြီး EV ကားများကို ဒီထက်မက ပိုမိုထုတ်လုပ်နိုင်ဖို့ရန် မျက်စိကျနေလျက်ရှိပါတယ်။
Lisa Caldwell ရဲ့ EVs Are Rewiring Risk for Manufacturers ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာပြန်ဆိုထားပါသည်။
Source: https://www.forbes.com/sites/lisacaldwell/2025/06/03/evs-are-rewiring-risk-for-manufacturers/
U Ah Zer Zar Sar
Lecturer, Strategy First Int’t College
Latest Articles
ကုန်ကျစရိတ်လျော့ – ထိရောက်မှုတိုး : Lean နည်းဗျူဟာ
1 week ago
ငွေကြေးကုန်ကျမှုမများဘဲ လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်မယ့် Growth Hacking Marketingရဲ့ လျှို့ဝှက်ချက်
1 week ago
လုပ်ငန်းခွင်တွင်းက တိတ်ဆိတ်သော ပြိုင်ပွဲ/တိုက်ပွဲ
2 weeks ago
နေ့စဉ်ဘဝမှာ Critical Thinking ကို ဘယ်လိုအသုံးချမလဲ
2 weeks ago
"တိတ်ဆိတ်ခြင်းနောက်ကွယ်က အသံ" (Silent Quitting)
2 weeks ago
