အပြုံးနှင့်အပျော်
အပြုံးနှင့်အပျော် (ဘဝရဲ့ပျော်ရွှင်မှု) ဆိုတာ ဆက်စပ်နေပါတယ်။ ဦးဆောင်သူတစ်ယောက် (အိမ်/ အလုပ်) အနေနဲ့ မိမိအပါအဝင် အဖွဲ့ဝင်အားလုံးစိတ်တူကိုယ်တူ ပျော်ရွှင်စွာနဲ့ performance ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ‘ပြုံး’ဖို့ လိုပါတယ်။
၁။ အပြုံးဆိုတာ communication means တစ်ခုအဖြစ် တစ်ကမ္ဘာလုံးမှာ လက်ခံထားကြပါတယ်။
၂။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ‘ပြုံး’ပါ။
အပြုံးဆိုတာ ကူးစက်တတ်ပါတယ်။ Penn State University ရဲ့သုတေသနတွေ့ရှိချက်အရ အပြုံးဆိုတာ စပြီးပြုံးသူကိုရော ပြုံးပြခံရသူတွေကိုပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးကို ရရှိစေပါတယ်။ အပြုံးတစ်ချက်ဟာ ချောကလက်အတောင့် 2000 စားလိုက်တာနဲ့တူညီစွာ ဦးနှောက်ကို လှုံ့ဆော်နိုင်ပေးတဲ့အတွက် နှစ်ဦးနှစ်ဖက် အဝလွန်ရောဂါကိုကာကွယ်ပြီးသား ဖြစ်သွားတာပေါ့နော်။ ပြီးတော့ cortisol လို stress ကို တိုးပွားစေတဲ့ဟော်မုန်းတွေကို လျှော့ချနိုင်သလို endorphins လို စိတ်ခံစားမှုအားကောင်းစေတဲ့ ဟော်မုန်းကို တိုးပွားစေပြီး blood pressure ကိုလည်း လျော့ကျစေတဲ့အပြင် facial muscles ကြောင့် လူကိုလည်း နုပျိုစေပါတယ်။
၃။ Positive thinker/ doer တွေ ဖြစ်စေဖို့အတွက် ပြုံးဖို့ လိုပါတယ်။
ပြုံးနေစဉ်မှာ negative တစ်ခုခုကို တွေးကြည့်ပါ။ အပြုံး (အစစ်) မပျက်ဘဲ negative တစ်ခုခုကို တွေးနိုင်ဖို့ဆိုတာ တော်တော်ပင်ပန်းပါတယ်၊ အတွေးနဲ့အလုပ်မကိုက်လို့ပါ။ ပြုံးတယ်ဆိုတာ မိမိရဲ့ ဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ ‘အားလုံးအဆင်ပြေပါတယ်’ လို့ သတင်းပို့နေတာဖြစ်ပါတယ်။ ပြုံးခြင်းကြောင့် စိတ်စေတနာကောင်းတွေ ဖြစ်ပေါ်စေနိုင်ပြီး ကံကြမ္မာကောင်းတွေ ကြုံတွေ့လာရနိုင်ပါတယ်။
၄။ ပျော်ရွှင်မှုဆိုတာ တကူးတကလိုက်လံရှာဖွေနေရတာမျိုးမဟုတ်ပါ၊ အဲ့ဒီပျော်ရွှင်မှုကို လက်ခံလိုက်တာနဲ့ ကိုယ်ပိုင်တဲ့အရာဖြစ်လာပါပြီ။
၅။ Wayne State University က ကျောင်းသားဟောင်းတွေရဲ့ ဓာတ်ပုံတွေကို နှစ်ပေါင်းများစွာ သုတေသနပြုချက်အရတွေ့ရှိချက်မှာ၊ အပြုံးရဲ့ပမာဏ (နည်းနည်းပြုံး/ များများပြုံး/ စိတ်ပါလက်ပါပြုံး) က အဲဒီလူတွေရဲ့ သက်တမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေကြောင်း ဖော်ပြထားပါတယ်။ (longevity is linking to the power of smiling.)
၆။ Charles Darwin ရဲ့ facial feedback response theory မှာ ဖော်ပြထားတာကတော့ ‘ပျော်ရွှင်မှုတစ်ခုခုကြောင့်ပြုံး’ တယ်ဆိုတာထက်၊ ‘ပြုံးရယ်မှုကြောင့်ပိုပြီးပျော်ရွှင်’ ရတယ်ဆိုပြီး ဖော်ပြထားပါတယ်။
၇။ ကျွန်မတို့တစ်လျှောက်လုံးလက်ခံကျင့်သုံးခဲ့ကြတဲ့ ‘ပျော်တဲ့အခါမှာပြုံး’ ကြပါတယ်။ ခုတော့ ‘အပြုံး ကြောင့်ပျော်’ ကြပါစို့။
If we want to be happier, Smile More!
Ref: Ron Gutman’s The hidden power of smiling
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies),
(Sophia University, Japan)
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
