'' အလုပ်ခန့်ထားဖို့ ဆုံးဖြတ်ချက်များအတွက် အလုပ်လျှောက်ထားသူများရဲ့ လူမှုမီဒီယာပရိုဖိုင်များကို အသုံးပြုခြင်း''
Recruiters များဟာ အလားအလာရှိတဲ့ အလုပ်လျှောက်ထားသူများကို သူတို့က ဘယ်သူဖြစ်တယ်ဆိုတာရယ်၊ သူတို့ရှာဖွေနေတဲ့အရာတွေကို သိရှိနိုင်ဖို့ သူတို့ရဲ့ လူမှုမီဒီယာပရိုဖိုင်များကို စစ်ဆေးနိုင်ပါတယ်။ Recruiters များက LinkedIn၊ Facebook၊ Twitter၊ Glassdoor၊ YouTube၊ Google+ Instagram နဲ့ Snapchat အပါအဝင် သူတို့ရဲ့ လူမှုမီဒီယာ စုဆောင်းရေးဗျူဟာများမှာ ချန်နယ်အမျိုးမျိုးကို အသုံးပြုကြပါတယ်။
'' Facebook Profiles မှ အလုပ်လျှောက်ထားသူများနဲ့ပတ်သက်ပြီး သတင်းအချက်အလက်များကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ ''
မကြာသေးမီနှစ်တွေအတွင်း အလုပ်လျှောက်ထားသူတစ်ဦးမှ ထောက်ပံ့ပေးတဲ့ သတင်းအချက်အလက်များကို သူ့ရဲ့ လူမှုရေးကွန်ရက် ဝက်ဘ်ဆိုက်များ ဒါမှမဟုတ် SNWs ပရိုဖိုင်ပေါ်မှာ ရရှိနိုင်တဲ့ သတင်းအချက်အလက်များန နှိုင်းယှဉ်ကြည့်ခြင်းဖြင့် HR ကျွမ်းကျင်သူများအကြား သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခု ရှိခဲ့ပါတယ်။ ဒီလမ်းကြောင်း ဟာ အနောက်နိုင်ငံနဲ့ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုမှာ ဦးဆုံးပေါ်လွင်လာခဲ့ပေမယ့်လည်း အလုပ်ခန့်အပ်သူများက အလုပ်လျှောက်ထားသူများရဲ့ SNWs ပရိုဖိုင်များထံကို ဝင်ရောက်ပြီး လျှောက်ထားသူများနဲ့ ပတ်သက်တဲ့ အချက်အလက် များကို စိစစ်ဖို့နဲ့ ရှာဖွေဖို့ တခြားကမ္ဘာတစ်ခွင်မှာလည်း အသုံးပြုလျက်ရှိပါတယ်။အမှန်ဆိုရရင် ဥပဒေနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ သက်ရောက်မှုများ ရှိနိုင်ဖွယ်ရှိတာကြောင့် ဒီလမ်းကြောင်းကို ကြိုဆို လက်ခံကြသလို တစ်ဖက်မှာလည်း စိုးရိမ်ပူပန်မှုများရှိနေပါတယ်။ လူသစ်စုဆောင်းသူများ၊ အလုပ်လျှောက်ထားသူများရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ အလုပ်လျှောက်ထားသူ လုံးဝ "သန့်ရှင်း" ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အလုပ်များအတွက် သင့်လျော်မှုဆိုင်ရာ အချက်အလက်အားလုံးကို သိလိုတာကြောင့် အဲ့ဒီလမ်းကြောင်းကို လိုလားကြပါတယ်။
Facebook ပရိုဖိုင်များမှ အလုပ်လျှောက်ထားသူများရဲ့ အချက်အလက်များကို အသုံးပြုခြင်းရဲ့ အားနည်းချက်များအလုပ်လျှောက်ထားသူများရဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ (SNWs) ပရိုဖိုင်များကို အသုံးပြုခြင်းက စိုးရိမ်စရာ ဖြစ်ပါတယ်။ အကြောင်းမှာ အလုပ်ခန့်အပ်သူများက အလုပ်လျှောက်ထားသူများရဲ့ သဘောတူညီချက်မပါဘဲ အဲ့ဒီလို ကိုယ်ရေးရာဇဝင်များကို အသုံးပြုခြင်းရဲ့ ဥပဒေကြောင်းအရ တရားဝင်အခြေခံမရှိတာကြောင့် ဖြစ်ပါတယ်။ဒါ့အပြင် အလုပ်ခန့်အပ်သူများက အလုပ်လျှောက်ထားသူများရဲ့ SNWs ပရိုဖိုင်များမှ အချက်အလက်များကို ယူပါက သူတို့ရဲ့ချဉ်းကပ်မှုဟာ ကျင့်ဝတ်သိက္ခာမဲ့တဲ့အပြင် စုဆောင်းရေးလုပ်ငန်းစဉ်မှာ အလေးအနက်ထား မလုပ်ဆောင်ခဲ့တဲ့ သဘော သက်ရောက်နိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် အလုပ်ခန့်အပ်သူများက ကျား/မ၊ လူမျိုး၊ လိင်စိတ်တိမ်းညွှတ်မှုနဲ့ တခြား ဝိသေသလက္ခဏာများအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံနိုင်ပါတယ်။
အလုပ်လျှောက်ထားသူများဟာ သူတို့ရဲ့ Facebook နဲ့ SNWs ပရိုဖိုင်များမှာ တင်တဲ့ သတင်းအချက်အလက်များရဲ့ privacy and sanctity ကို ထိခိုက်စေပါတယ်။ လူသစ်စုဆောင်းသူများက ပရိုဖိုင်များကို ဝင်ရောက်ပြီးတာနဲ့ ပြင်ပအဖွဲ့ အစည်းများမှ အချက်အလက်များ ဖောက်ထွင်းဝင်ရောက်နိုင်ပြီး ပေါက်ကြားနိုင်တာကြောင့် လုံခြုံရေး အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် အလုပ်ခန့်အပ်သူနဲ့ အလုပ်လျှောက်ထားသူ ပါတီနှစ်ရပ်စလုံးကို ကာကွယ်ဖို့ သင့်လျော်တဲ့ အကာ အကွယ်များ ရေးဆွဲထားပြီး ဒီလုပ်ငန်းစဉ်ကို စေ့စေ့စပ်စပ် လိုက်နာပါက အားလုံးရဲ့ အကျိုးအတွက် ဖြစ်ပါတယ်။
'' Recruiters လုပ်နိုင်တဲ့အရာနဲ့ အလုပ်လျှောက်ထားသူများက ဘယ်လိုသတိထားဖို့ လိုအပ်ပါသလဲ။ ''
အလုပ်လျှောက်ထားသူများရဲ့ SNWs ပရိုဖိုင်များကို ဝင်ရောက်စုဆောင်းသူများရဲ့ အားသာချက်များနဲ့ အားနည်းချက်များကို ဆွေးနွေးထားပါတယ်။ ဆက်လက်ပြီး ဆွေးနွေးတင်ပြလိုတာက အလုပ်လျှောက်ထားသူများဟာ လက်ရှိသတင်းအချက်အလက်ခေတ်မှာ မိမိနဲ့ မိမိတို့ရဲ့ မိတ်ဆွေများနဲ့ ပတ်သက်တဲ့ ဘယ်လိုအသေးစိတ်အချက် အလက်ကိုမဆို ဘယ်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်တယ်ဆိုတဲ့ အချက်ကို အလုပ်လျှောက်သူများ သတိပြုသင့်ပါတယ်။ဒါ့အပြင် အမေရိကန်နိုင်ငံမှာ အလုပ်ရာထူးများစွာအတွက် အလုပ်လျှောက်ထားသူများက မူးယစ်ဆေးဝါး စစ်ဆေးမှုခံယူဖို့ လိုအပ်ပြီး သူတို့ခန္ဓာကိုယ်အတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့သက်ဆိုင်တဲ့ သဲလွန်စများကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရမှာဖြစ်တယ်။ ဒါ့ကြောင့် အလုပ်လျှောက်ထားသူများအတွက် အထူးသတိ ထားရမယ့် အချက်မှာ လွန်ခဲ့တဲ့ နွေရာသီမှာ သူတို့လုပ်ဆောင်ခဲ့တဲ့ အရာတွေကို အထူးသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အလုပ်များအတွက် လျှောက်ထားတဲ့အခါမှာ သူတို့ဟာ သူတို့လုပ်ဆောင်ခဲ့တဲ့ အရာများကို ထုတ်ဖော်ပြောဆိုခြင်းမပြုခြင်းက ပိုမို ကောင်းမွန်ပါတယ်။
လူသစ်စုဆောင်းသူများအတွက် အကြံပေးချက်စကားမှာ သူတို့ဟာ အလုပ်ခန့်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်များချဖို့ အလုပ်လျှောက်ထားသူများရဲ့ SNW ပရိုဖိုင်သာမက ပြုလုပ်နေကြ သီးခြားအေဂျင်စီများမှ နောက်ခံစစ်ဆေးမှုများကိုပါ မှီခိုသင့်ပါတယ်။
"Prachi Juneja" မှရေးသားပြီး အတွေ့အကြုံရှိ ပါမောက္ခအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် Management Study Guide Content Team မှ ပြန်လည်သုံးသပ်ထားတဲ့ “Using Social Media Profiles of Job Applicants for Hiring Decisions” ဆောင်းပါးကို Daw Thwe Thwe Aye မှ ဆီလျော်စွာပြန်ဆိုထားပါတယ်။
References
Juneja, P., 2022. Using social media profiles of job applicants for hiring decisions. Management Study Guide.
Daw Thwe Thwe Aye
Meiktila University of Economics
Latest Articles
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
4 hours ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
10 hours ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
1 day ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
2 days ago
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
3 weeks ago
