‘’ အောင်မြင်ပျော်ရွှင်လုပ်ငန်းခွင် ‘’
‘’ အောင်မြင်ပျော်ရွှင်လုပ်ငန်းခွင် ‘’
စီးပွားရေးလုပ်ငန်းတွေအတွက် ကိုယ့်ရဲ့ target customer တွေရဲ့ value ကို သိဖို့အလွန်အရေးကြီးပါတယ်။ အဲဒီ target customer တွေရဲ့ value ကလည်း အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသေးတယ်။ ဒါကြောင့် customer နဲ့ relationships ကောင်းဖို့ သိပ်အရေးကြီးပါတယ်။ အဲဒီ customer တွေရဲ့ value ပေါ်မူတည်ပြီး ကိုယ့်လုပ်ငန်းရဲ့ critical success factors (or) key success factors (CSFs) တွေကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ CSFs တွေကို အများကြီးထားစရာမလိုပါဘူး၊ မနိုင်မနင်းဖြစ်မှာစိုးလို့ပါ။ တစ်ပိုင်တစ်နိုင် (၅) ချက် (၆) ချက်လောက်ဆိုရပါပြီ။ ဒါတွေကိုတော့ မဖြစ်မနေအောင်မြင်အောင်လုပ်ရမှာပါ။ ဒီအချက်တွေ ပြည့်စုံအောင်မြင်သွားရင်တော့ တခြားအချက်တွေကို ထပ်မံချမှတ်လုပ်ဆောင်နိုင်ပါတယ်။ သတိပြုရမှာက target customer တွေရဲ့ value ပြောင်းသွားရင်တော့ CSFs တွေကို လိုက်ပြောင်းရမှာပါ၊ value ကို ကိုယ့်လုပ်ငန်းက မထိန်းချုပ်နိုင်ပါဘူး၊ ကိုယ်ထိန်းချုပ်နိုင်တာက ကိုယ့်ရဲ့ CSFs တွေကိုပဲဖြစ်ပါတယ်။ CSFs တွေ အောင်မြင်လားဆိုတာကတော့ KPIs နဲ့တိုင်းတာပြီး အကဲဖြတ်ရမှာပေါ့။ ဒီအပိုင်းကို အောင်မြင်အောင် အချတ်အဆက်မိမိ လုပ်နိုင်ရင် business operations ပိုင်းကို နိုင်နင်းပါပြီ။
နောက်တစ်ပိုင်းကတော့ ကိုယ့်လုပ်ငန်းရဲ့ vision ကို သေချာချမှတ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့မှ ဘယ်လမ်းကြောင်းကနေ အရောက်သွားရမလဲဆိုတဲ့ strategy ကို ချမှတ်နိုင်မှာပေါ့။ strategy ချ9မှတ် ရာမှာလည်း SWOT analysis က မလုပ်မဖြစ်လုပ်ရမှာပေါ့။ ဒါ့အပြင် ကိုယ့်လုပ်ငန်းနဲ့ ပြိုင်ဖက်လုပ်ငန်းတွေရဲ့ positioning ကိုတော့ သေချာလေ့လာထားရမှာပါ။ ဒါဆိုရင် ကိုယ့်လုပ်ငန်းအတွက် အသင့်တော်ဆုံး ဖြစ်တဲ့ strategy (best fit strategy) ကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်အတွက် အသင့်တော်ဆုံး strategy က အခြားလုပ်ငန်းတွေနဲ့တော့ တူချင်မှတူမှာပေါ့၊ အရေးကြီးတာက ကိုယ်က ကိုယ့်မှာရှိတဲ့ resources နဲ့ capabilities ပေါ်မူတည်ပြီး အသင့်တော်ဆုံးဖြစ်မယ့် strategy ကို ရွေးချယ်နိုင်ဖို့ အရေးကြီးဆုံးပါ၊ တစ်ဖက်ကလည်း risks တွေအတွက်လည်း ပြင်ဆင်ထားဖို့ လိုပါတယ်။ ဘယ် risk ကိုရှောင်ရမလဲ၊ ဘယ် risk ကို တခြားကိုလွှဲရမလဲ (e.g to some insurance companies)၊ ဘယ် risk ကိုတော့ယူဖို့ ဘယ်လို back up plan/ contingency plan တွေ ဆွဲထားမလဲဆိုတာ သေချာပြင်ဆင်ထားရမှာပါ။
အဲဒီ strategy ရယ်၊ ကိုယ့်လုပ်ငန်းရဲ့ structure ရယ်၊ culture ရယ်တို့ကို အံဝင်ခွင်ကျ (fit) ဖြစ်အောင် manage လုပ်နိုင်ဖို့က top management ရဲ့တာဝန်ပဲဖြစ်ပါတယ်။ Organizational culture ကလည်း human rsource management လည်း ဆက်စပ်နေပါတယ်။ ဝန်ထမ်းတွေဆိုတာက လုပ်ငန်းတွေရဲ့ the most valuable assets တွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ vision, strategy တွေကို ဝန်ထမ်းတွေအားလုံးက သေချာသိထားဖို့လိုပါတယ်။ အဲဒီအခါ လုပ်ငန်းအပေါ်မှာ commitment ရှိလာမှာဖြစ်ပြီး လုပ်ငန်းနဲ့ ဝန်ထမ်းတွေနဲ့အကိုက်ညီဆုံးဖြစ်တဲ့ culture ကို အမြန်အသားကျအောင်လုပ်နိုင်ပြီး သူတို့တွေရဲ့ အင်အားနဲ့ အောင်မြင်မှုပန်းတိုင်ကို ရရှိမှာဖြစ်ပါတယ်။ အောင်မြင်မှုအသီးအပွင့်တွေကိုလည်း ကြိုးစားပန်းစားလုပ်ဆောင်ခဲ့ကြတဲ့ ဝန်ထမ်းတွေနဲ့ ထိုက်သင့်သလောက် မျှဝေခံစားစေဖို့ ကိုလည်း လုပ်ဆောင်ရင်းနဲ့ လုပ်ငန်းနဲ့ဝန်ထမ်းတွေကြားမှာ industrial relations တွေ ကောင်းလာစေ ပြီးတော့ high turnover rate ကို အထိုက်အလျောက် လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။
အဆုံးသတ်မှာတော့ high performance and productivity နဲ့ job satisfaction ဖြစ်တဲ့ လုပ်ငန်းခွင် ဖြစ်လာပြီးတော့ စီးပွားရေးလောကမှာ image ကောင်းတဲ့လုပ်ငန်းတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
Aye Aye Win
B. Com (Hons), M.Com (YUE), Diploma in English, M.A (International Busines Studeis), (Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
