Nike ရဲ့ ကြီးမားတဲ့ ဆုံးရုံးမှုတွေထဲကတစ်ခုဖြစ်တဲ့ Stephen Curry
Nike ဆိုတာ တစ်ကမ္ဘာလုံးအရမ်းကျော်ကြားတဲ့ အမှတ်တစ်ဆိပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ Nike အနေနဲ့လည်း စီးပွားရေးဆုံးဖြတ်ချက်အမှားတွေကို ချတဲ့အခါမှာ သမိုင်းတွင်တဲ့ ပြောစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံသားတွေက Basketball အားကစားနဲ့ အရမ်းအကျွမ်းတဝင် မရှိပေမယ့် basketball icon တွေဖြစ်တဲ့ Michael Jordan ဆိုရင်တော့ လူအတော်အများတော့ သိကြမှာပါ။ Michael Jordan က ဆိုရင် အခုထိ အကောင်းဆုံး basketball player (GOAT) အနေနဲ့ လူအများ သိကြ ပါတယ်။ ဆုတံဆိပ်တွေ၊ စံချိန်တွေ အများအပြားချိုးခဲ့သလို Nike နဲ့စာချုပ်ချုပ်ခဲ့ပြီး သူ့ရဲ့ Air Jordan Nike ဖိနပ်တွေဟာဆိုရင် ခုချိန်ထိအရောင်းရဆုံးဖိနပ်တစ်ခု ဖြစ်နေဆဲပါ။ Nike, Addidas စတဲ့ Brand တွေက နာမည်ကျော်ကြားနိုင်တဲ့ ကစားသမားတွေနဲ့ စာချုပ်ချုပ်ဖို့ အပြိုင်အဆိုင်ကြိုးစားပြီး အဲ့ဒီကစားသမားတွေ အောင်မြင်လာတာနဲ့အမျှ ရောင်းအားတွေ တိုးလာတာ အတွက် ဖြစ်ပါတယ်။
Stephen Curry ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါက ပေါ်ထွန်းတဲ့ Basketball ကစားသမားဖြစ်ပြီး ယခုအချိန် အသက် ၃၅ နှစ်အချိန်မှာ NBA ချန်ပီယံ ဆု (၄) ကြိမ် ၊ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (၂) ကြိမ်မှာ (၁) ကြိမ်ကို ကန့်ကွက်မဲမရှိဘဲ ရရှိတဲ့ ပထမဆုံးကစားသမား စတဲ့ ဆုပေါင်းများစွားကိုရထားပြီး စာရေးသူရဲ့ အကြိုက်ဆုံးကစားသမား ဖြစ်ပါတယ်။ သူဟာဆိုရင် Basketball ကို အဝေးကြီးကနေဝင်အောင် ပစ်နိုင်တဲ့ကစားပုံကြောင့် နာမည်ကြီးပါတယ်။ဒါပေမဲ့ သူ့ရဲ့ကစားသမားဘဝ အစပိုင်းအချိန်တွေတုန်းကတော့ ဒီအောင်မြင်မှုတွေ မရှိသေးပေမယ့် အထိုက်အလျောက်တော့ အောင်မြင်နေပါပြီ။ ၂၀၁၃ ခုနှစ်မှာ Nike အနေနဲ့ Stephen Curry ကို ဒေါ်လာ ၂.၅ သန်းတန် စာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးတဲ့နေ့မှာ Nike အနေနဲ့ Stephen Curry ကို မလေးမစားအနေနဲ့ နာမည်မှားခေါ်ခဲ့သလို စာချုပ်ပေါ်မှာလည်း နာမည်မှားတပ်ခဲ့ပါတယ်။ ပြီးတော့ တခြား ကြယ်ပွင့်ကစားသမားတွေရဲ့ စာချုပ်အချက်အလက်တွေလည်း မပါရှိခဲ့ပါဘူး။
အဲ့ဒီအချိန်မှာပဲ Under Armour Brand က Stephen Curry ကို ဒေါ်လာ (၄) သန်းတန် စာချုပ်နဲ့ တခြား သာလွန်ကောင်းမွန်တဲ့ စာချုပ်အချက်အလက်တွေနဲ့ ကမ်းလှမ်းခဲ့တဲ့အချိန်မှာ Nike အနေနဲ့ စာချုပ်ပြင်ပြီး ပြန်ကမ်းလှမ်းတာမလုပ်ဖို့ ဆုံးဖြတ်ပြီး နောက်ဆုတ်ခဲ့ပါတယ်။ Nike အနေနဲ့ ဆုံးဖြတ်ချက်မှားခဲ့ကြောင်းကို နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ သိသာလာခဲ့ပါတယ်။ ၂၀၁၆ နှစ် အချက်အလက်များအရ Stephen curry အမှတ်တံဆိပ် Under Armour ဖိနပ်ကဆိုရင် ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိခဲ့တာဖြစ်ပြီး Nike ရဲ့ အဲ့ဒီနှစ် အရောင်းရဆုံး basketball ကစားသမား အမှတ်တံဆိပ်ဖိနပ်တွေအကုန်လုံးထက်ကို များနေခဲ့ပါတယ်။
ကျွန်တော်တို့အနေနဲ့ Nike ရဲ့ အမှားကိုသင်ခန်းစာယူပြီး စီပွားရေးစာချုပ်တွေ ချုပ်ဆိုတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် သေချာပြင်ဆင်ပြီး (၂) ဦး (၂) ဖက် အကျိုးရှိအောင် အပြန်အလှန် လေးစားမှုရှိစွာ ဆွေးနွေးသင့်ကြောင်းနဲ့ သင်ခန်းစာယူသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
Wai Yan Lin
MBA (EBS– Heriot Watt University),
B.A ,English (Yangon University)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
1 day ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
1 day ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
1 day ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
2 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
